263 Shares 198 Views
Jun 13, 2018
263 198
ref : businessinsider
unicode
စက်ရုပ်တွေက လူသားတွေရဲ့ ဘယ်အလုပ်အကိုင်တွေကို ဘယ်အချိန်မှာ လုယူမလဲ ?
၂၀၂၇ ခုနှစ်မှာ လူသားတွေ ကားမောင်းတာကို မြင်ရမှာ မဟုတ်တော့ပါဘူး။ ၂၀၅၃ ခုနှစ်ရောက်ရင်တော့ စက်ရုပ်ဆရာဝန်တွေက ခွဲစိတ်ခြင်းလို ခက်ခဲတဲ့ အလုပ်များကိုတောင် လုပ်နိုင်တော့မှာပါ။ Oxford နဲ့ Yale တက္ကသိုလ်မှ သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက် အရ ဉာဏ်ရည်တု နည်းပညာက နှစ်အလိုက် လုယူမယ့် လူသား အလုပ်အကိုင်များကို ဖော်ပြလိုက်ပါတယ်။ လာမယ့် နှစ်ပေါင်း ၅၀ အတွင်းမှာ လူသား အလုပ်အကိုင်ပေါင်းများစွာကို စက်ရုပ်တွေက လုယူမယ်လို့ အဖြေထွက်လာပါတယ်။
သူတို့က စက်ရုပ်တွေ နှစ်အလိုက် လုယူမယ့် လူသား အလုပ်များနဲ့ ပတ်သက်၍ သဘောထား အမြင်များကို ဉာဏ်ရည်တု သုတေသနပညာရှင်ပေါင်း ၃၅၂ ယောက်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ သုတေသနကို ဦးဆောင်သူ Katja Grace နဲ့ အပေါင်းပါများက လာမယ့် ၁၀ နှစ်အတွင်းမှာ စက်ရုပ်တွေဖြင့် အစားထိုးမယ့် အလုပ်များမှာ Mechanical နဲ့ ပတ်သက်နေတဲ့ အလုပ်များဖြစ်တယ်လို့ တွေ့ခဲ့ကြပါတယ်။
လာမယ့် နှစ်အနည်းငယ်အတွင်းမှာ စက်ရုပ်များက အဝတ်ခေါက် ကျွမ်းကျင်လာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတောင် အဝတ်ခေါက်ပေးတဲ့ စက်များ ပေါ်နေပါပြီ။ စက်ရုပ်တွေဟာ ၂၀၂၄ ခုနှစ်မှာ လူသားတွေထက် ဘာသာပြန်စွမ်းရည် ပိုမို ကောင်းမွန်လာကြမှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်မှာ အထက်တန်းကျောင်းသား အဆင့် Essay များကို စက်ရုပ်တွေက ရေးနိုင်လာပြီး အဲဒီခုနှစ် စွန်းစွန်းလောက်မှာ ပေါက်မယ့် ထိပ်တန်း ပေါ့ပ် သီချင်း ၄၀ ကို ရေးသားလာနိုင်ကြမှာ ဖြစ်ပါတယ်။ ၂၀၃၆ ခုနှစ်မှာ စက်ရုပ်တွေက အရောင်းဝန်ထမ်း အဖြစ်ပါ အလုပ်လုပ်နိုင်လာမှာပါ။
စာရေးခြင်းနဲ့ အဆင့်မြင့် သင်္ချာများ တွက်ချက်ခြင်းလို ပိုမိုရှုပ်ထွေးပြီး တီထွင်ဖန်တီးရတဲ့ အလုပ်များကိုတော့ စက်ရုပ်များ လုပ်နိုင်ဖို့ အချိန်အတော်ကြာဦးမှာ ဖြစ်ပါတယ်။ သုတေသနပညာရှင်များက ၂၀၅၁ ခုနှစ်ရောက်ရင် လူသားတွေရဲ့ နေ့စဉ် အလုပ် အားလုံးကို ဉာဏ်ရည်တု နည်းပညာက ပြုလုပ်နိုင်ပြီလို့ ဆိုပါတယ်။ ၂၁၃၆ ခုနှစ်အရောက်မှာတော့ လူသားတွေရဲ့ အလုပ်အကိုင် အားလုံးကို စက်ရုပ်တွေက လုယူတော့မှာပါ။
“ ဉာဏ်ရည်တု နည်းပညာ မြင့်မားလာခြင်းက ကျန်းမာရေး၊ သိပ္ပံပညာ၊ စီးပွားရေး၊ စစ်ရေး၊ သယ်ယူပို့ဆောင်ရေးများကို အသွင်ပြောင်းခြင်းဖြင့် ခေတ်သစ် လူနေမှုဘဝကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဒီရလဒ်များကို အခြေခံပြီး သုတေသေနပညာရှင်များနဲ့ မူဝါဒ ချမှတ်သူများက ဉာဏ်ရည်တု နည်းပညာရဲ့ Trends များကို စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ “ လို့ သုတေသနပညာရှင်များက ရေးသားထားပါတယ်။
ref : businessinsider
You may be interested
နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
FEATURES, Softwares & Application
0 shares0 views
နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
Ko Thuya - Jun 21, 2018
TunnelBear VPN ဟာ အခမဲ့ VPN ၀န်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကျော်ခွ၍…
Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
NEWS, smartwatch
62 shares19 views
Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
Ko Thuya - Jun 21, 2018
အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။…
သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Local News
61 shares6 views
သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Nwe Oo - Jun 21, 2018
[Zawgyi] မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို…
Leave a Comment
Most from this category