ကြန္ပ်ဴတာမွာ ေမာက္စ္ေရႊ႕လိုက္တာကအစ ေျခရာခံထားတယ္ဆိုတဲ့ Facebook
[Zawgyi]
ေဒတာေတြလံုျခံဳမႈက ဒီေခတ္ရဲ႕အေရးၾကီးက႑ပါပဲ။ ေဖ့စ္ဘြတ္ေတာင္ User ေဒတာေတြအသံုးျပဳမႈေၾကာင့္ ျပႆနာေတြတက္ခဲ့ တက္ေနဆဲပါပဲ။ ဆီးနိတ္လႊတ္ေတာ္မွာ မက္ဇူကာဘက္ကိုေမးတဲ့ ေမးခြန္းေပါင္း ၂၀၀၀ ေက်ာ္ရဲ႕ အေျဖထဲက တစ္ခ်ိဳ႕တစ္ဝက္ကိုၾကည့္လိုက္ရင္ေတာင္ User ေတြကို ဘယ္ေလာက္ေတာင္ ေျခရာခံထားႏုိင္သလဲဆိုတာ အထင္းသားျမင္ရပါလိမ့္မယ္။ သူ႔ရဲ႕ User Tracking နည္းလမ္းဘာညာေတြထက္ User ေတြဘက္ကၾကည့္ရင္ ေဖ့စ္ဘြတ္က ဘာေတြကိုေျခရာခံႏုိင္သလဲ ဘာေတြသိႏုိင္သလဲဆိုတာသိရေအာင္ သူအတည္ျပဳလုိက္တဲ့အေျဖေလးေတြကို တစ္ခ်က္ၾကည့္လုိက္တဲ့အခါ…
- ေဖ့စ္ဘြတ္ခ္က ကိုယ္ရဲ႕ကြန္ပ်ဴတာမွာ ေမာက္စ္ဘယ္လိုေရႊ႕လိုက္တယ္ဆိုတာေလးကအစ သိႏုိင္ပါတယ္။ ဒါကေတာ့ စက္ရုပ္လား လူလား ခြဲျခားသိႏုိင္ဖို႔အတြက္ နည္းလမ္းတစ္ခုပါ။
- လူလား စက္ရုပ္လားခြဲႏုိင္မယ့္ ေနာက္တစ္ခ်က္က ကိုယ့္ရဲ႕ Browser Window က Foreground လား Background မွာလားဆိုတာ ေစာင့္ၾကည့္ျပီးေတာ့လည္းသိႏုိင္ပါတယ္။
- ကိုယ့္ကြန္ပ်ဴတာ၊ ဖုန္း၊ Device ေတြရဲ႕ ဘက္ထရီပမာဏ၊ လိုင္းဆြဲအားနဲ႔ က်န္ေသးတဲ့ Storage ပမာဏစတဲ့ေဒတာေတြကိုပါ ေဖ့စ္ဘြတ္ခ္ကသိႏုိင္ပါတယ္။
- ကိုယ္သံုးေနတဲ့ Operating System, Browser အမ်ိဳးအစား၊ ဖုိင္နာမည္နဲ႔ Plugin ေတြကအစ သိေနပါတယ္။
- ကိုယ္သံုးေနတဲ့ မိုဘုိင္းလ္ေအာ္ပေရတာ၊ အင္တာနက္ဝန္ေဆာင္မႈ၊ IP Address နဲ႔ Cookie ေဒတာေတြ၊ စံေတာ္ခ်ိန္ေတြ၊ အင္တာနက္အျမန္ႏႈန္းေတြကိုလည္း မသိဘူးမထင္လိုက္ပါနဲ႔။
- ကိုယ့္နားမွာ တျခား Device တစ္ခုခုရိွေနလား ဒါမွမဟုတ္ ကိုယ့္ဖုန္းနဲ႔ တျခား Device က Network တစ္ခုတည္းေပၚမွာရိွေနလားဆိုတာလည္း သိႏုိင္ပါေသးတယ္။ သူကေတာ့ User ေတြအေနနဲ႔ ဖုန္းကေန တီဗီြကို ဗီဒီယိုေတြတုိက္ရိုက္လႊင့္ၾကည့္တာမ်ိဳးေတြလုပ္ႏုိင္ဖို႔အတြက္ပါတဲ့။
- ကိုယ့္ Device ရဲ႕ Bluetooth Signal ေတြ အနီးအနားက Wi-Fi နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကိုလည္း ရယူႏုိင္ပါတယ္။
- GPS တည္ေနရာ၊ ကင္မရာအခ်က္အလက္ေတြအျပင္ Android ဖုန္းေတြကုိ Sync လုပ္ထားရင္ ဒါမွမဟုတ္ ေဒတာေတြ Upload လုပ္ထားရင္ Call Logs ေတြနဲ႔ SMS Log ေတြကုိလည္း မွတ္သားထားပါေသးတယ္။
- အြန္လိုင္း Offline လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သတ္တဲ့ေဒတာေတြနဲ႔ Third-Party ေတြဆီက ဘာေတြဝယ္လုိက္တယ္ဆိုတဲ့ေဒတာကအစ မွတ္သားထားႏုိင္တဲ့အျပင္ User ေတြသံုးတဲ့ ဂိမ္းေတြ App ေတြနဲ႔ အေကာင့္ေတြနဲ႔ပတ္သတ္တဲ့အခ်က္အလက္ေတြကိုပါ ယူထားပါတယ္လို႔ မက္ဇူကာဘက္က ေျဖၾကားထားပါတယ္။
ဒါ ေမးခြန္းေပါင္း ၂၀၀၀ ေက်ာ္ထဲက အက်ဥ္းခ်ဳပ္ပဲ ေဖာ္ျပထားတာပါ။ ထပ္ျပီးေျခရာခံစရာမ်ားက်န္ေသးရဲ႕လား??
Source: BGR, IndiaToday
[Unicode]
ဒေတာတွေလုံခြုံမှုက ဒီခေတ်ရဲ့အရေးကြီးကဏ္ဍပါပဲ။ ဖေ့စ်ဘွတ်တောင် User ဒေတာတွေအသုံးပြုမှုကြောင့် ပြဿနာတွေတက်ခဲ့ တက်နေဆဲပါပဲ။ ဆီးနိတ်လွှတ်တော်မှာ မက်ဇူကာဘက်ကိုမေးတဲ့ မေးခွန်းပေါင်း ၂၀၀၀ ကျော်ရဲ့ အဖြေထဲက တစ်ချို့တစ်ဝက်ကိုကြည့်လိုက်ရင်တောင် User တွေကို ဘယ်လောက်တောင် ခြေရာခံထားနိုင်သလဲဆိုတာ အထင်းသားမြင်ရပါလိမ့်မယ်။ သူ့ရဲ့ User Tracking နည်းလမ်းဘာညာတွေထက် User တွေဘက်ကကြည့်ရင် ဖေ့စ်ဘွတ်က ဘာတွေကိုခြေရာခံနိုင်သလဲ ဘာတွေသိနိုင်သလဲဆိုတာသိရအောင် သူအတည်ပြုလိုက်တဲ့အဖြေလေးတွေကို တစ်ချက်ကြည့်လိုက်တဲ့အခါ…
- ဖေ့စ်ဘွတ်ခ်က ကိုယ်ရဲ့ကွန်ပျူတာမှာ မောက်စ်ဘယ်လိုရွှေ့လိုက်တယ်ဆိုတာလေးကအစ သိနိုင်ပါတယ်။ ဒါကတော့ စက်ရုပ်လား လူလား ခွဲခြားသိနိုင်ဖို့အတွက် နည်းလမ်းတစ်ခုပါ။
- လူလား စက်ရုပ်လားခွဲနိုင်မယ့် နောက်တစ်ချက်က ကိုယ့်ရဲ့ Browser Window က Foreground လား Background မှာလားဆိုတာ စောင့်ကြည့်ပြီးတော့လည်းသိနိုင်ပါတယ်။
- ကိုယ့်ကွန်ပျူတာ၊ ဖုန်း၊ Device တွေရဲ့ ဘက်ထရီပမာဏ၊ လိုင်းဆွဲအားနဲ့ ကျန်သေးတဲ့ Storage ပမာဏစတဲ့ဒေတာတွေကိုပါ ဖေ့စ်ဘွတ်ခ်ကသိနိုင်ပါတယ်။
- ကိုယ်သုံးနေတဲ့ Operating System, Browser အမျိုးအစား၊ ဖိုင်နာမည်နဲ့ Plugin တွေကအစ သိနေပါတယ်။
- ကိုယ်သုံးနေတဲ့ မိုဘိုင်းလ်အော်ပရေတာ၊ အင်တာနက်ဝန်ဆောင်မှု၊ IP Address နဲ့ Cookie ဒေတာတွေ၊ စံတော်ချိန်တွေ၊ အင်တာနက်အမြန်နှုန်းတွေကိုလည်း မသိဘူးမထင်လိုက်ပါနဲ့။
- ကိုယ့်နားမှာ တခြား Device တစ်ခုခုရှိနေလား ဒါမှမဟုတ် ကိုယ့်ဖုန်းနဲ့ တခြား Device က Network တစ်ခုတည်းပေါ်မှာရှိနေလားဆိုတာလည်း သိနိုင်ပါသေးတယ်။ သူကတော့ User တွေအနေနဲ့ ဖုန်းကနေ တီဗွီကို ဗီဒီယိုတွေတိုက်ရိုက်လွှင့်ကြည့်တာမျိုးတွေလုပ်နိုင်ဖို့အတွက်ပါတဲ့။
- ကိုယ့် Device ရဲ့ Bluetooth Signal တွေ အနီးအနားက Wi-Fi နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုလည်း ရယူနိုင်ပါတယ်။
- GPS တည်နေရာ၊ ကင်မရာအချက်အလက်တွေအပြင် Android ဖုန်းတွေကို Sync လုပ်ထားရင် ဒါမှမဟုတ် ဒေတာတွေ Upload လုပ်ထားရင် Call Logs တွေနဲ့ SMS Log တွေကိုလည်း မှတ်သားထားပါသေးတယ်။
- အွန်လိုင်း Offline လုပ်ဆောင်ချက်တွေနဲ့ပတ်သတ်တဲ့ဒေတာတွေနဲ့ Third-Party တွေဆီက ဘာတွေဝယ်လိုက်တယ်ဆိုတဲ့ဒေတာကအစ မှတ်သားထားနိုင်တဲ့အပြင် User တွေသုံးတဲ့ ဂိမ်းတွေ App တွေနဲ့ အကောင့်တွေနဲ့ပတ်သတ်တဲ့အချက်အလက်တွေကိုပါ ယူထားပါတယ်လို့ မက်ဇူကာဘက်က ဖြေကြားထားပါတယ်။
ဒါ မေးခွန်းပေါင်း ၂၀၀၀ ကျော်ထဲက အကျဉ်းချုပ်ပဲ ဖော်ပြထားတာပါ။ ထပ်ပြီးခြေရာခံစရာများကျန်သေးရဲ့လား??
Source: BGR, IndiaToday
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.