1258 Shares 3561 Views
Jun 13, 2018
1258 3561
[Zawgyi]
Ref: gadgets.ndtv
[Unicode]
မကြာခင် မြင်တွေ့ရမယ့် Oppo ရဲ့ Flagship စမတ်ဖုန်း Oppo Find X
Oppo Find X ကို ဇွန်လ ၁၉ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Oppo Find X ရဲ့ Specs တစ်ချိူ့ ပါဝင်တဲ့ Teaser ဓာတ်ပုံ တစ်ပုံ ထွက်ရှိလို့ လာပါတယ်။ Teaser ဓာတ်ပုံမှာ ဖော်ပြထားတဲ့ Specs တွေအရ ဆိုရင် Oppo Find X ဟာ Snapdragon 845 SoC, RAM 8GB နဲ့ Storage 256GB ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံးအဖြစ် ပွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် Dual Edge Display နဲ့ VOOC အမြန်အားသွင်း စနစ်များလည်း ပါဝင်မယ်လို့ သိရပါတယ်။
Oppo Find X နဲ့ ပတ်သတ်ပြီး TENAA ကနေတစ်ဆင့် ထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရ Find X ရဲ့ Operating System အပိုင်းအတွက် Android 8.0 Oreo ကို Customize ပြုလုပ်ထားတဲ့ ColorOS နဲ့အတူ ပွဲထွက်လာနိုင်ပါတယ်။ ၆.၃ လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Display ကို အသုံးပြုထားနိုင်ပြီး Resolution ကတော့ 1080 x 2340 pixels ပါဝင်နိုင်ပါတယ်။ AMOLED Display အမျိူးအစား ဖြစ်ပြီး 19:5:9 2.5D Curved Glass Display ကို အသုံးပြုထားနိုင်ပါတယ်။
Chipset အတွက် 2.8GHz ရှိတဲ့ Qualcomm Snapdragon 845 SoC ကို အသုံးပြုထားပြီး Adreno 630 GPU ပါဝင်မှာ ဖြစ်ပါတယ်။ 16MP+2MP Camera တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဒါ့အပြင် 5x Optical Zoom လည်း ပါဝင်လာနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ အနေနဲ့ 3645mAh ထည့်သွင်းထားနိုင်ပြီး အလေးချိန်ကတော့ 186 grams ရှိတယ်လို့ သိရပါတယ်။ ရောင်းချသွားမယ့် စျေးနှုန်းကိုတော့ အတိအကျ မသိရသေးပါဘူး။ Oppo Find X ဟာ Flagship စမတ်ဖုန်းအနေနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တခြား Flagship စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် ဘာတွေ အားသာသွားမလဲ၊ ဘယ်နေရာမှာ အားနည်းချက်ရှိလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref: gadgets.ndtv
You may be interested
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Ko Thuya - Feb 23, 2019
Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
Ko Thuya - Feb 23, 2019
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Ko Thuya - Feb 23, 2019
Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…
Leave a Comment
Most from this category