Ref : gsmarena
unicode
Snapdragon 845, Dual Camera များပါတဲ့ Asus Zenfone 5z ကို ရောင်းပြီ
ယခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile World Congress (MWC) မှာ မိတ်ဆက်ခဲ့တဲ့ Asus Zenfone 5z ကို ရောင်းချပေးလိုက်ပါပြီ။ Asus က ဂျပန် တွစ်တာ အကောင့်ကနေ ပို့စ်တစ်ခု တင်၍ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ရောင်းချမှာပါ။
Asus Zenfone 5z မှာ ၆.၂ လက်မ 1080x2246p Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP Camera ၂ လုံး ပါပါတယ်။ Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 845 Chipset ထည့်သွင်းထားပါတယ်။
အနောက်ဘက်မှာ လက်ဗွေရာ ဆန်ဆာ ထည့်သွင်းထားပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။ Android 8.0 Oreo မောင်းနှင်ထားပါတယ်။ 6GB RAM , 8GB RAM များ ရွေးချယ်နိုင်ပါတယ်။ Storage အပိုင်းမှာ 64GB , 128GB , 256GB များ ထုတ်လုပ်ပေးထားပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းမှာ ယူရို ၄၇၉ ရှိမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Ref : gsmarena
You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Feb 17, 2019ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Ko Thuya - Feb 17, 2019နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…
Most from this category

Xiaomi Mi 9 ရဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.