0 Shares 4310 Views

5G ကြန္ယက္ကို ဒီႏွစ္မွာ သံုးႏုိင္မည္

Jun 13, 2018
0 4310

အလြန္ လွ်င္ျမန္တဲ့ 5G ကြန္ယက္ကို ေမွ်ာ္မွန္းထားတာထက္ ပိုမိုေစာစြာ သံုးႏုိင္ေတာ့မယ္လို႔ သုေတသန စစ္တမ္းတစ္ခုက ေဖာ္ျပထားပါတယ္။ Ericsson Mobility က ယခုႏွစ္ ေႏွာင္းပိုင္းမွာ ပထမဆံုး စီးပြားျဖစ္ 5G ကြန္ယက္မ်ား ေပၚလာမွာ ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ 5G Smartphone မ်ားကို သံုးႏုိင္မယ္လို႔ ေျပာပါတယ္။ အေမရိကန္ရဲ႕ အဓိက ေအာ္ပေရတာမ်ားဟာ အဲဒီကြန္ယက္ကို အေစာဆံုး ပံ့ပိုးေပးမွာပါ။ ၿဗိတိန္မွာေတာ့ ေနာက္က်ႏုိင္ၿပီး ၂၀၂၀ ခုႏွစ္က်မွသာ ရရွိႏုိင္မွာပါ။

အေနာက္ဥေရာပႏိုင္ငံမ်ားဟာလည္း ေျမာက္အေမရိကနဲ႔ အာရွတို႔ထက္ ေနာက္က်ႏုိင္ပါတယ္။ ၂၀၂၃ ခုႏွစ္မွာ 5G ကိုေထာက္ပံ့တဲ့ကိရိယာေပါင္း တစ္ဘီလီယမ္ရွိလာမယ္လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ မိုဘိုင္း ကြန္ရက္အားလံုးရဲ႕ ငါးပံုပံုတစ္ပံုဟာ 5G ကြန္ယက္ ျဖစ္လာမွာ ျဖစ္ပါတယ္။ အေမရိကန္မွာေတာ့ မိုဘိုင္း ကြန္ယက္အားလံုးရဲ႕ ထက္၀က္ဟာ 5G ကြန္ယက္ကို သံုးလာၾကမွာ ျဖစ္ပါတယ္။ အေရွ႕ေျမာက္ အာရွမွာေတာ့ သံုးပံုပံုတစ္ပံုနဲ႔ အေနာက္ ဥေရာပမွာ ငါးပံုပံုတစ္ပံုဟာ အဲဒီ ကြန္ရက္ကို သံုးလာၾကမွာ ျဖစ္ပါတယ္။

5G ကေတာ့ ျမန္လွပါတယ္ဆိုတဲ့ MIMO ထက္ကို ပိုေကာင္းတဲ့နည္းပညာကိုသံုးထားပါတယ္။ Massive MIMO လုိ႔ေခၚျပီး သာမန္ MIMO တမွာ Antenna ၂ခုကေန ၅ခုထိသံုးေပမယ့္ Massive MIMO မွာေတာ့ Antenna ေပါင္း ဆယ္ခ်ီ ရာခ်ီျပီးသံုးထားပါတယ္။ ဒီေလာက္ Antenna ပမာဏေတြမ်ားလာျခင္းက 5G ကြန္ယက္ရဲ႕ေဒတာႏႈန္းကို 4G ရဲ႕ ၁၀ဆေလာက္ထိ ပိုျမန္လာေစပါတယ္။ 5G က တရားဝင္မထုတ္သံုးေသးေပမယ့္ မွန္းေခ်က ေဒါင္းလုပ္ႏႈန္း 1-10 Gbit/s ရိွမယ္လို႔ဆိုထားပါတယ္။ ဂ်ပန္ NTT DOCOMO ကေတာ့ အျပင္မွာလက္ေတြ႔စမ္းသပ္ႏႈန္းက ေဒါင္းလုပ္ႏႈန္း 2Gbit/s ထိရတယ္လို႔ သိရပါတယ္။ 5G Innovation Center မွာေတာ့ အျမန္ဆံုးႏႈန္းဆိုရင္ 1Tbit/s ရိွျပီး ေနာက္ဆံုး ေဒတာအျမန္ႏႈန္းဘယ္ေလာက္ဆိုတာ အတိအက်မသိရေသးေပမယ့္ ဘယ္လိုပဲေနေန 4G ထက္ေတာ့ ေတာ္ေတာ္ၾကီးမ်ားမွာက က်ိန္းေသပါပဲ။

Ref : techradar

unicode

5G ကွန်ယက်ကို ဒီနှစ်မှာ သုံးနိုင်မည်

အလွန် လျှင်မြန်တဲ့ 5G ကွန်ယက်ကို မျှော်မှန်းထားတာထက် ပိုမိုစောစွာ သုံးနိုင်တော့မယ်လို့ သုတေသန စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ Ericsson Mobility က ယခုနှစ် နှောင်းပိုင်းမှာ ပထမဆုံး စီးပွားဖြစ် 5G ကွန်ယက်များ ပေါ်လာမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ 5G Smartphone များကို သုံးနိုင်မယ်လို့ ပြောပါတယ်။ အမေရိကန်ရဲ့ အဓိက အော်ပရေတာများဟာ အဲဒီကွန်ယက်ကို အစောဆုံး ပံ့ပိုးပေးမှာပါ။ ဗြိတိန်မှာတော့ နောက်ကျနိုင်ပြီး ၂၀၂၀ ခုနှစ်ကျမှသာ ရရှိနိုင်မှာပါ။

အနောက်ဥရောပနိုင်ငံများဟာလည်း မြောက်အမေရိကနဲ့ အာရှတို့ထက် နောက်ကျနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ 5G ကိုထောက်ပံ့တဲ့ကိရိယာပေါင်း တစ်ဘီလီယမ်ရှိလာမယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ မိုဘိုင်း ကွန်ရက်အားလုံးရဲ့ ငါးပုံပုံတစ်ပုံဟာ 5G ကွန်ယက် ဖြစ်လာမှာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ မိုဘိုင်း ကွန်ယက်အားလုံးရဲ့ ထက်ဝက်ဟာ 5G ကွန်ယက်ကို သုံးလာကြမှာ ဖြစ်ပါတယ်။ အရှေ့မြောက် အာရှမှာတော့ သုံးပုံပုံတစ်ပုံနဲ့ အနောက် ဥရောပမှာ ငါးပုံပုံတစ်ပုံဟာ အဲဒီ ကွန်ရက်ကို သုံးလာကြမှာ ဖြစ်ပါတယ်။

5G ကတော့ မြန်လှပါတယ်ဆိုတဲ့ MIMO ထက်ကို ပိုကောင်းတဲ့နည်းပညာကိုသုံးထားပါတယ်။ Massive MIMO လို့ခေါ်ပြီး သာမန် MIMO တမှာ Antenna ၂ခုကနေ ၅ခုထိသုံးပေမယ့် Massive MIMO မှာတော့ Antenna ပေါင်း ဆယ်ချီ ရာချီပြီးသုံးထားပါတယ်။ ဒီလောက် Antenna ပမာဏတွေများလာခြင်းက 5G ကွန်ယက်ရဲ့ဒေတာနှုန်းကို 4G ရဲ့ ၁၀ဆလောက်ထိ ပိုမြန်လာစေပါတယ်။ 5G က တရားဝင်မထုတ်သုံးသေးပေမယ့် မှန်းချေက ဒေါင်းလုပ်နှုန်း 1-10 Gbit/s ရှိမယ်လို့ဆိုထားပါတယ်။ ဂျပန် NTT DOCOMO ကတော့ အပြင်မှာလက်တွေ့စမ်းသပ်နှုန်းက ဒေါင်းလုပ်နှုန်း 2Gbit/s ထိရတယ်လို့ သိရပါတယ်။ 5G Innovation Center မှာတော့ အမြန်ဆုံးနှုန်းဆိုရင် 1Tbit/s ရှိပြီး နောက်ဆုံး ဒေတာအမြန်နှုန်းဘယ်လောက်ဆိုတာ အတိအကျမသိရသေးပေမယ့် ဘယ်လိုပဲနေနေ 4G ထက်တော့ တော်တော်ကြီးများမှာက ကျိန်းသေပါပဲ။

Ref : techradar

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category