4050 Shares 11253 Views
Jun 13, 2018
4050 11253
Ref : theverge
unicode
ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာ ပိုင်ဆိုင်တဲ့ နိုင်ငံဟာ အမေရိကန် ပြန်ဖြစ်သွားပြီ
ပြီးခဲ့တဲ့ တစ်ပတ်က အမေရိကန် စွမ်းအင် ဌာနဲ့ IBM တို့က Summit အမည်ရ စူပါ ကွန်ပြူတာ အသစ်တစ်လုံးကို ပြသခဲ့ပါတယ်။ လက်ရှိမှာ တရုတ်ရဲ့ Sunway TaihuLight Supercomputer ဟာ ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာ ဖြစ်နေပါတယ်။ အခုတော့ Summit က တရုတ်ရဲ့ အမြန်ဆုံး စူပါ ကွန်ပြူတာ ဘွဲ့ကို သိမ်းပိုက်လိုက်ပါတယ်။
Summit ဟာ အမြင့်ဆုံး အနေဖြင့် 200 petaflops အမြန်နှုန်းရှိပါတယ်။ တစ်စက္ကန့်လျှင် တွက်ချက်မှုပေါင်း ၂၀၀ ၀၀၀ ထရီလီယမ်ကို ပြုလုပ်နိုင်ပါတယ်။ သူရဲ့ အမြန်နှုန်းဟာ Sunway ရဲ့ 93 petaflops ထက် ၂ ဆကျော်တောင် ပိုများနေပါတယ်။
Summit ဟာ ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိပါတယ်။ သူ့ှမှာ 22-Core IBM Power9 Processors ၂ ခုနဲ့ Nvidia Tesla V100 Graphics Processing Unit Accelerators ၆ ခု ထည့်သွင်းထားပါတယ်။ Summit ဟာ စွမ်းအင် စားသုံးမှု နည်းပါးပြီး 13 megawatts သာ လိုအပ်ပါတယ်။ Sunway ဟာ 15 megawatts လိုအပ်ပါတယ်။
ကမ္ဘာ အဝန်းမှ စူပါ ကွန်ပြူတာများကို အဆင့်သတ်မှတ်ပေးနေတဲ့ Top500 ဟာ ယခုလနှောင်းပိုင်းမှာ ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာ စာရင်းမှာ Summit ကို နံပါတ် ၁ နေရာ သတ်မှတ်ပေးတော့မှာ ဖြစ်ပါတယ်။
Ref : theverge
You may be interested
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
45 shares15 views
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Ko Thuya - Dec 13, 2018
စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
81 shares27 views
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Ko Thuya - Dec 13, 2018
Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
494 shares148 views
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Ko Thuya - Dec 13, 2018
Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…
Leave a Comment
Most from this category