442 Shares 209 Views

မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာပါတဲ့ Vivo NEX S ကို ေၾကညာ

Jun 13, 2018
442 209

Vivo ရဲ႕ APEX Concept Phone ဟာ ေရာင္းတန္း၀င္ဖုန္း ျဖစ္လာပါၿပီ။ ေမာ္ဒယ္ႏွစ္မ်ိးထုတ္လုပ္ေပးထားပါတယ္။ တန္ဖိုးႀကီး ေမာ္ဒယ္ကို NEX S လို႔ ေခၚၿပီး စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ားနဲ႔ ထူးျခားတဲ့ လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ သူရဲ႕ Screen-to-Body Ratio ဟာ ၉၁.၂၄ ရာခုိင္ႏႈန္း ရွိတာက အလြန္ အထင္ႀကီးစရာပါ။ ဒီလို မ်က္ႏွာျပင္ အျပည့္ု ဒီဇိုင္းကို ရဖို႔ Notch ကိုေတာင္ ထည့္မထားပါဘူး။ မ်က္ႏွာျပင္ေအာက္ေျခမွ ေဘာင္ကိုလည္း အလြန္ပါးလႊာေအာင္ ျပဳလုပ္ထားပါတယ္။ Vivo က Ultra FullView Display လို႔ အမည္ေပးထားပါတယ္။

၆.၅၉ လက္မ Super AMOLED FHD+ Display (2316x1080p) တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19.3:9 ျဖစ္ပါတယ္။ အေရွ႕ ကင္မရာအတြက္ Periscope လို ဒီဇိုင္းကို သံုးထားပါတယ္။ 8MP Camera ျဖစ္ပါတယ္။ Snapdragon 845 , 8GB RAM , 128GB or 256GB Storage မ်ား ထည့္ထားပါတယ္။ Specs အရ ကင္မရာ အပိုင္းဟာ ၿပိဳင္ဖက္မ်ားကို မယွဥ္ႏုိင္ပါဘူး။ အေနာက္မွာ 12MP+5MP Camera မ်ားသာ ပါပါတယ္။ ဒါေပမယ့္ တကယ္ ရိုက္ကူးၾကည့္ရင္ေတာ့ အံ့အားသင့္စရာမ်ား ျဖစ္လာႏုိင္ပါတယ္။

4000mAh Battery ထည့္သြင္းထားၿပီး 22.4W Charger ေၾကာင့္ လွ်င္ျမန္စြာ အားသြင္းႏုိင္မွာပါ။ Android 8.1 Oreo အေျချပဳ Funtouch OS 4.0 ထည့္ထားပါတယ္။ AI စြမ္းရည္မ်ားစြာ ပါပါတယ္။ ဖုန္းရဲ႕ ေဘးဘက္မွ ခလုတ္ကို ႏွိပ္ရင္ Jovi Voice Assistant ကို သံုးႏိုင္မွာပါ။ သူက ဓါတ္ပံုမ်ားကို ခြဲျခမ္းစိတ္ျဖာျခင္း၊ App မ်ားကို ဖြင့္ျခင္း၊ အျခား Voice Command မ်ားစြာကို နားလည္ျခင္း စတဲ့ အလုပ္မ်ား လုပ္ေပးပါတယ္။ အေနာက္ကင္မရာအတြက္လည္း Scene Recognition , HDR , Filters, Photo Composition အပိုင္းမ်ားမွာ AI က ကူညီေပးပါတယ္။

တရုတ္မွာ ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး 128GB ကို ၇၀၂ ေဒၚလာနဲ႔ 256GB ကို ၇၈၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ အျခား ႏုိင္ငံမ်ားမွာ ေရာင္းခ်မယ့္ သတင္းကို မသိရေသးပါဘူး။

Ref : gsmarena

unicode

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ Vivo NEX S ကို ကြေညာ

Vivo ရဲ့ APEX Concept Phone ဟာ ရောင်းတန်းဝင်ဖုန်း ဖြစ်လာပါပြီ။ မော်ဒယ်နှစ်မျိးထုတ်လုပ်ပေးထားပါတယ်။ တန်ဖိုးကြီး မော်ဒယ်ကို NEX S လို့ ခေါ်ပြီး စွမ်းရည်မြင့် အစိတ်အပိုင်းများနဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များ ပါပါတယ်။ သူရဲ့ Screen-to-Body Ratio ဟာ ၉၁.၂၄ ရာခိုင်နှုန်း ရှိတာက အလွန် အထင်ကြီးစရာပါ။ ဒီလို မျက်နှာပြင် အပြည့်ု ဒီဇိုင်းကို ရဖို့ Notch ကိုတောင် ထည့်မထားပါဘူး။ မျက်နှာပြင်အောက်ခြေမှ ဘောင်ကိုလည်း အလွန်ပါးလွှာအောင် ပြုလုပ်ထားပါတယ်။ Vivo က Ultra FullView Display လို့ အမည်ပေးထားပါတယ်။

၆.၅၉ လက်မ Super AMOLED FHD+ Display (2316x1080p) တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19.3:9 ဖြစ်ပါတယ်။ အရှေ့ ကင်မရာအတွက် Periscope လို ဒီဇိုင်းကို သုံးထားပါတယ်။ 8MP Camera ဖြစ်ပါတယ်။ Snapdragon 845 , 8GB RAM , 128GB or 256GB Storage များ ထည့်ထားပါတယ်။ Specs အရ ကင်မရာ အပိုင်းဟာ ပြိုင်ဖက်များကို မယှဉ်နိုင်ပါဘူး။ အနောက်မှာ 12MP+5MP Camera များသာ ပါပါတယ်။ ဒါပေမယ့် တကယ် ရိုက်ကူးကြည့်ရင်တော့ အံ့အားသင့်စရာများ ဖြစ်လာနိုင်ပါတယ်။

4000mAh Battery ထည့်သွင်းထားပြီး 22.4W Charger ကြောင့် လျှင်မြန်စွာ အားသွင်းနိုင်မှာပါ။ Android 8.1 Oreo အခြေပြု Funtouch OS 4.0 ထည့်ထားပါတယ်။ AI စွမ်းရည်များစွာ ပါပါတယ်။ ဖုန်းရဲ့ ဘေးဘက်မှ ခလုတ်ကို နှိပ်ရင် Jovi Voice Assistant ကို သုံးနိုင်မှာပါ။ သူက ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ App များကို ဖွင့်ခြင်း၊ အခြား Voice Command များစွာကို နားလည်ခြင်း စတဲ့ အလုပ်များ လုပ်ပေးပါတယ်။ အနောက်ကင်မရာအတွက်လည်း Scene Recognition , HDR , Filters, Photo Composition အပိုင်းများမှာ AI က ကူညီပေးပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး 128GB ကို ၇၀၂ ဒေါ်လာနဲ့ 256GB ကို ၇၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

You may be interested

Mid-range ဖုန္းေတြရဲ႕ ပထမဆုံး In-Display Fingerprint Scanning စနစ္ကို ခ်ဥ္းကပ္ၾကည့္ျခင္း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန္းေတြရဲ႕ ပထမဆုံး In-Display Fingerprint Scanning စနစ္ကို ခ်ဥ္းကပ္ၾကည့္ျခင္း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုႏွစ္ဟာ စခရင္အျပည့္ဖုန္းေတြရဲ႕ ႏွစ္ျဖစ္ပါတယ္။ တိုးတက္လာတဲ့ နည္းပညာေတြနဲ႕အတူ စမတ္ဖုန္းေတြမွာ ေဘာင္ေတြ တျဖည္းျဖည္းေပ်ာက္လာျပီး၊ အသုံးျပဳသူေတြအတြက္ ပိုမိုထဲထဲဝင္ဝင္ ခံစားႏိုင္တဲ့ Immersive Experiences ကို ေပးစြမ္းလာႏိုင္ၾကပါတယ္။ ဒါေပမယ့္ စခရင္အျပည့္နဲ႕ Immersive အရသာကို ေပးစြမ္းႏိုင္ဖို႕အတြက္ ျပန္ရင္းႏွီးေပးလိုက္ရတာ…

Apple Face ID မွာ Alternate Apperance ထည့္သြင္းနည္း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မွာ Alternate Apperance ထည့္သြင္းနည္း

Ko Thuya - Oct 15, 2018

iOS 12 မွာ Apple Face ID အတြက္ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အဲဒီအထဲက တစ္ခုမွာ သင့္ မိသားစု၀င္၊ သူငယ္ခ်င္းလို အျခား လူတစ္ဦးရဲ႕ မ်က္ႏွာကို သင့္ဖုန္းရဲ႕ Face ID မွာ ထည့္သြင္းႏုိင္တာ…

HTC ရဲ႕ Blockchain Smartphone ကို ယခုလ ၂၂ ရက္ေန႔မွာ ေၾကညာမည္
Android, HTC, HUBS
0 shares27 views

HTC ရဲ႕ Blockchain Smartphone ကို ယခုလ ၂၂ ရက္ေန႔မွာ ေၾကညာမည္

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား ထြက္ေပၚေနတာ လအနည္းငယ္ ရွိေနပါၿပီ။ မၾကာခင္ကလည္း အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကို ကုမၸဏီက ေျပာခဲ့ဖူးပါတယ္။ သူ႔ရဲ႕ အမည္က HTC Exodus ျဖစ္ပါတယ္။ အခုေတာ့…

Leave a Comment

Most from this category