0 Shares 10267 Views

ျမစ္ထဲမွာ ႏွစ္ပတ္ၾကာ နစ္ျမဳပ္ေနတဲ့ iPhone X ဟာ အေကာင္းအတိုင္း ရွိေန

Jun 12, 2018
0 10267

Apple ဟာ iPhone 7 / 7 Plus က စၿပီး ေရစိုခံစြမ္းရည္ကို ထည့္သြင္းေပးခဲ့ပါတယ္။ iPhone X မွာလည္း အဲဒီစြမ္းရည္ပါလာပါတယ္။ IP67 စံႏႈန္း ျဖစ္ပါတယ္။ iPhone X ဟာ ႏွစ္ပတ္ၾကာ ျမစ္ထဲမွာ ေပ်ာက္ဆံုးေနေပမယ့္ အေကာင္းအတိုင္း ရွိေနေသးတယ္ဆိုတဲ့ သတင္းတစ္ပုဒ္ ထြက္ေပၚလာပါတယ္။

Man+River YouTube Channel ကို တည္ေထာင္ထားတဲ့ Dallas ဟာ ျမစ္ထဲမွာ ေရငုပ္ၿပီး ေပ်ာက္ဆံုးေနတဲ့ ပစၥည္းမ်ားကို ရွာေဖြတဲ့ လူျဖစ္ပါတယ္။ သူဟာ ပစၥည္းမ်ားကို ပိုင္ရွင္မ်ားထံ ျပန္လည္ ေပးအပ္ပါတယ္။ သူ႔ရဲ႕ YouTube Channel မွာ ဗီဒီယို အသစ္တစ္ခုကို လႊင့္တင္ထားပါတယ္။

ဗီဒီယိုမွာ သူဟာ လက္စြပ္၊ ေနကာမ်က္မွန္နဲ႔ iPhone X တစ္လံုးကို ျမစ္ထဲမွာ ေတြ႕ရွိခဲ့တာကို ျပသထားပါတယ္။ သူဟာ အိုင္ဖုန္းကို ပါ၀ါျပန္ဖြင့္တဲ့ အခါမွာ အေကာင္းအတိုင္း ရွိေနေသးတာကို ေတြ႕ခဲ့ရပါတယ္။ (သူဟာ ဖုန္းကို ဖြင့္ၿပီးေတာ့ အေျခာက္ခံလိုက္ပါေသးတယ္။ )သူဟာ ဖုန္းပိုင္ရွင္ Alyssa ထံ ဖုန္းကို ေပးအပ္ခဲ့ပါတယ္။

သူမဟာ ကေလးေမြးဖြားၿပီးတာ သိပ္မၾကာေသးဘဲ သူ႔ရင္ေသြးရဲ႕ ဓါတ္ပံုမ်ားဟာ iPhone X ထဲမွာ ရွိေနေသးတ့ဲအတြက္ အလြန္ေပ်ာ္ရႊင္ခဲ့ရပါတယ္။ အဲဒီ ပံုမ်ားကို သူမဟာ Backup လည္း မလုပ္ထားမိပါဘူး။ သူမရဲ႕ အိုင္ဖုန္းဟာ ျမစ္ထဲက်သြားတာ ႏွစ္ပတ္ေလာက္ ရွိေနပါၿပီ။ ဖုန္း မွာ ေရစိုခံ Case ကိုလည္း မတပ္ထားပါဘူး။

နည္းပညာပိုင္းအရ IP67 ဟာ ေရနက္ ၁ မီတာမွာ ၃၀ မိနစ္သာ ေရစိုခံပါတယ္။ သူမရဲ႕ ဖုန္းဟာ ႏွစ္ပတ္ေတာင္ ေရစိုခံခဲ့တာ ျဖစ္တဲ့အတြက္ iPhone X ဟာ အံ့မခန္းပါလို႔ ေျပာရမွာပါ။

Ref : 9to5mac

unicode

မြစ်ထဲမှာ နှစ်ပတ်ကြာ နစ်မြုပ်နေတဲ့ iPhone X ဟာ အကောင်းအတိုင်း ရှိနေ

Apple ဟာ iPhone 7 / 7 Plus က စပြီး ရေစိုခံစွမ်းရည်ကို ထည့်သွင်းပေးခဲ့ပါတယ်။ iPhone X မှာလည်း အဲဒီစွမ်းရည်ပါလာပါတယ်။ IP67 စံနှုန်း ဖြစ်ပါတယ်။ iPhone X ဟာ နှစ်ပတ်ကြာ မြစ်ထဲမှာ ပျောက်ဆုံးနေပေမယ့် အကောင်းအတိုင်း ရှိနေသေးတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။

Man+River YouTube Channel ကို တည်ထောင်ထားတဲ့ Dallas ဟာ မြစ်ထဲမှာ ရေငုပ်ပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများကို ရှာဖွေတဲ့ လူဖြစ်ပါတယ်။ သူဟာ ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ပါတယ်။ သူ့ရဲ့ YouTube Channel မှာ ဗီဒီယို အသစ်တစ်ခုကို လွှင့်တင်ထားပါတယ်။

ဗီဒီယိုမှာ သူဟာ လက်စွပ်၊ နေကာမျက်မှန်နဲ့ iPhone X တစ်လုံးကို မြစ်ထဲမှာ တွေ့ရှိခဲ့တာကို ပြသထားပါတယ်။ သူဟာ အိုင်ဖုန်းကို ပါဝါပြန်ဖွင့်တဲ့ အခါမှာ အကောင်းအတိုင်း ရှိနေသေးတာကို တွေ့ခဲ့ရပါတယ်။ (သူဟာ ဖုန်းကို ဖွင့်ပြီးတော့ အခြောက်ခံလိုက်ပါသေးတယ်။ )သူဟာ ဖုန်းပိုင်ရှင် Alyssa ထံ ဖုန်းကို ပေးအပ်ခဲ့ပါတယ်။

သူမဟာ ကလေးမွေးဖွားပြီးတာ သိပ်မကြာသေးဘဲ သူ့ရင်သွေးရဲ့ ဓါတ်ပုံများဟာ iPhone X ထဲမှာ ရှိနေသေးတဲ့အတွက် အလွန်ပျော်ရွှင်ခဲ့ရပါတယ်။ အဲဒီ ပုံများကို သူမဟာ Backup လည်း မလုပ်ထားမိပါဘူး။ သူမရဲ့ အိုင်ဖုန်းဟာ မြစ်ထဲကျသွားတာ နှစ်ပတ်လောက် ရှိနေပါပြီ။ ဖုန်း မှာ ရေစိုခံ Case ကိုလည်း မတပ်ထားပါဘူး။

နည်းပညာပိုင်းအရ IP67 ဟာ ရေနက် ၁ မီတာမှာ ၃၀ မိနစ်သာ ရေစိုခံပါတယ်။ သူမရဲ့ ဖုန်းဟာ နှစ်ပတ်တောင် ရေစိုခံခဲ့တာ ဖြစ်တဲ့အတွက် iPhone X ဟာ အံ့မခန်းပါလို့ ပြောရမှာပါ။

Ref : 9to5mac

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category