0 Shares 130 Views

မကြာမီ PS4 ဂိမ်း များကို PC ကွန်ပျူတာများတွင် ကစားနိုင်တော့မည်

Apr 07, 2016
0 130

အသစ်အနေနဲ့ထွက်ရှိလာမယ့် PS4 အတွက်အဓိကဆော့ဖ်ဝဲစနစ် Updateဖြစ်တဲ့ Musashi လို့အမည်ရတဲ့ 3.50 ဗားရှင်းကို မနက်ဖြန်ကျရင် ထွက်တော့မှာဖြစ်ပါတယ်။ ဒီစနစ်အသစ်ဟာ ဆိုနီအတွက် နောက်ဆုံးအနေနဲ့ အများပြည်သူကို ချပြတော့မယ့် Software အသစ်တစ်ခုဖြစ်ပါတယ်။

ဒီစနစ်အတွက် အဓိကပြောစရာ တစ်ခုဖြစ်တဲ့ အရာကတော့ PS4 မှာဆော့ကစားနိုင်မယ့် ဂိမ်းစနစ်တွေကို PC ကွန်ပျူတာကိုအသုံးပြုပြီး PS4 ရီမုတ်စနစ်နဲ့ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ဟာ Window စနစ် PC တွေရော Mac တွေမှာပါ နှစ်မျိုးလုံး ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက်သင့်အနေနဲ့ သင့်PC မှာ Window Version အနည်းဆုံး 8.1 နဲ့အထက်ရှိရမှာဖြစ်ပြီး၊ Mac အတွက်ကတော့ OS x 10.10 နဲ့ အထက်ရှိရမှာဖြစ်ပါတယ်။ Resolution ကိုသင့်အနေနဲ့ တစ်စက္ကန့်ကို 30 မှ 60 ကြား 360p, 540p, နဲ့ 720p ဆိုပြီးရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

PS4 ဂိမ်းတွေကို PC/Laptop မှာကစားဖို့အတွက် သင့်မှာ Sony ကထုတ်တဲ့ DualShock 4 controller ရီမုတ်တစ်ခုတော့ လိုပါတယ်။ “သင့်အနေနဲ့ DualShock 4 ကိုသုံးပြီးတော့ သင့်PC/Mac မှာ USB ကေဘယ်လ်ကြိုးခံပြီး ဆော့ကစားနိုင်မှာပါ။ Software Update အသစ်ကိုထုတ်ပြန်ပြီးတဲ့အခါကျရင် သင်ဟာ Remote Play Installer ကိုဒေါင်းလုဒ်ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။” လို့ PlayStation Brand Marketing ရဲ့ဒုဥက္ကဌဖြစ်သူ John Koller က PlayStation ရဲ့ Blog မှာဖော်ပြသွားခဲ့တာပါ။

နောက်ဆုံးထွက် စနစ်မှာပါဝင်လာမယ့် တခြားလုပ်ဆောင်ချက်တွေကတော့ သင့်ကို Offline အနေနဲ့ ကစားလို့ရနိုင်မှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ကစားနိုင်ဖို့အတွက် Schedule တွေကိုလည်း ချထားနိုင်မှာဖြစ်ပါတယ်။ ဒါတွေကတော့ Sony ရဲ့ PS4 အတွက်ဒီနှစ်အတွင်းမှာ အဓိက ပြင်ဆင်ထားတဲ့ အချက်တွေပဲဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတုန်းကထုတ်လုပ်ခဲ့တဲ့ Version 2.50 တော့ အလိုအလျောက် တပ်ဆင်စနစ်နဲ့ Data Backup လုပ်တဲ့စနစ်၊ Version 3.0 မှာတော့ လူမှုရေးရာဖန်တီးမှုတွေနဲ့ ဗီဒီယိုစနစ်တွေကို တိုးမြှင့်တာတွေ စတဲ့အချက်တွေကို တိုးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်

Ko Thuya - Apr 25, 2018

HMD Global က ယခုလ ၂၇ ရက်နေ့မှာ တရုတ်တွင် ပွဲတစ်ခု ကျင်းပ၍ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၂၀၁၄ ခုနှစ်ထွက် Nokia X သို့မဟုတ် စွမ်းဆောင်ရည်မြင့် Nokia…

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ
Audio & Video, FEATURES, Mobile & Tablets
206 shares177 views

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ

Ko Thuya - Apr 24, 2018

သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို…

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်
Games, NEWS
321 shares62 views

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်

Nwe Oo Thant - Apr 24, 2018

[Zawgyi] Fortnite ဂိမ်းဆိုတာကတော့ နာမည်ကြီး free ဂိမ်းတစ်ခုဖြစ်ပြီး ကလေးတွေကျောင်းပြေးဂိမ်းဆော့လွန်းလို့ ဆရာတွေမိဘတွေ ကျောင်းတွေကို တော်တော်စိတ်ရှုပ်စေခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အခု ကလေးတွေကျောင်းမှာဖင်မြဲနိုင်မယ့် Fortnite ရဲ့အားသာချက်လေးတစ်ခုရှိလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က Ashland အိုဟိုင်းယိုးမှာရှိတဲ့ Ashland တက္ကသိုလ်က ဒီ Fortnite…

Leave a Comment

Most from this category