1217 Shares 2414 Views

Samsung ရဲ့ ၆.၉လက်မ AMOLED Display သုံးထားမယ့် Huawei Mate 20

Jun 12, 2018
1217 2414

[Zawgyi]


 


 


 


 


Ref: GSMARENA

[unicode]

ကိုရီးယားနိုင်ငံက သတင်းတွေအရ Huawei က ဆမ်ဆောင်းဆီကနေ ၆.၉ လက်မ AMOLED Display တွေမှာယူထားတယ်လို့ သိရပါတယ်။ Huawei ကတော့၂၀၁၈ နောက်ဆုံး၃လ ဒါမှမဟုတ် ၂၀၁၉ ပထမဆုံး၃လမှာ မိတ်ဆက်မယ်ဖုန်းမှာ သုံးဖို့ရည်ရွယ်ထားပုံရပါတယ်။

 

Huawei က နှစ်တစ်နှစ်ရဲ့ နောက်ဆုံး ၃လရောက်တိုင်း Mate Series ကို မိတ်ဆက်လေ့ရှိတဲ့အတွက် ဒီနှစ်သာထွက်လာမယ်ဆိုရင် Mate 20 ဖုန်းတွေဖြစ်နိုင်ပါတယ်။ မှန်ကွေးတော့မဟုတ်ဘဲ မျက်နှာပြင်ပြားပဲဖြစ်နေတာကတော့မေးခွန်းထုတ်စရာပါ။

 

၆.၉ လက်မ မျက်နှာပြင်သာ Mate 20 မှာ ပါလာမယ်ဆိုရင် စွမ်းရည်မြင့် ဖုန်းများထဲမှာ အရွယ်အကြီးဆုံး ဖြစ်လာမှာပါ။ Samsung ရဲ့ နောက်ထုတ်မယ့် Galaxy Note 9 ရဲ့ မျက်နှာပြင်တောင်မှ ၆.၃၈ လက်မပဲရှိပြီး Apple ရဲ့ နောက်ထွက်မယ့် iPhone ကတော့ ၆.၄၆ လက်မ မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သတင်းတွေထွက်ပြီးသားပါ။

 

Huawei က တရုတ်မှာတော့ ရှေ့ကဦးဆောင်နိုင်နေတဲ့ brand ဖြစ်တဲ့အတွက် ထူးခြား ဆန်းသစ်မှုလေးတွေ လုပ်တတ်တာကတော့ သဘာဝပါပဲ။ တရုတ်ကသုံးစွဲသူတွေကလည်း screen ကြီးကြီး မျက်နှာပြင်ကျယ်ကျယ်စမတ်ဖုန်းတွေကို ပိုသဘောကျကြတဲ့အတွက် ဒီရည်ရွယ်ချက်နဲ့ ပြောင်းဖို့စဥ်းစားလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

Apple က ဒီနှစ်မိတ်ဆက်မယ့် ၆.၄၆ လက်မ iPhone ကိုလည်း တရုတ်မှာပဲထုတ်လုပ်နိုင်ချေများပါတယ်။ သူ့နိုင်ငံမှာတော့ American Company တွေထက် နောက်ကောက်မကျချင်တဲ့အတွက် ဒီလိုအပြောင်းအလဲလေးတွေနဲ့ စွဲဆောင်လိုက်တာ ဖြစ်ပါလိမ့်မယ်။

Ref: GSMARENA

You may be interested

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

Leave a Comment

Most from this category