103 Shares 122 Views

Facebook မွာ Trusted Contacts မ်ားကို ဘယ္လို သတ္မွတ္မလဲ ?

Jun 12, 2018
103 122

Facebook ဟာ သင့္ရဲ႕ အေရးႀကီးတဲ့ သတင္းအခ်က္အလက္မ်ား၊ ဓါတ္ပံုမ်ား၊ ဗီဒီယိုမ်ားနဲ႔ အမွတ္တရမ်ားကို သိမ္းဆည္းထားတဲ့ ေနရာ ျဖစ္ပါတယ္။ အဲဒီအတြက္ သင့္ Facebook အေကာင့္ကို အျခားလူမ်ား ခိုးယူလို႔ မရေအာင္ ကာကြယ္ထားသင့္ပါတယ္။ သင့္ အေကာင့္ကို Password တစ္ခုထဲျဖင့္ ကာကြယ္ထားျခင္းက စိတ္မခ်ရပါဘူး။ အျခား လံုျခံဳေရးမ်ားျဖင့္လည္း ကာကြယ္ထားသင့္ပါတယ္။

Trusted Contacts ဆိုတာ

Trusted Contacts ဟာ သင့္ အေကာင့္ Lock က်သြားျခင္း၊ ဟက္ခံရျခင္း စတဲ့ အေျခအေနမွာ အကူအညီေတာင္းခံႏုိင္ဖို႔ စိတ္ခ်ယံုၾကည္ရတဲ့ သူငယ္ခ်င္းမ်ားကို ႀကိဳတင္ သတ္မွတ္ထားႏုိင္တဲ့ Facebook ရဲ႕ စြမ္းေဆာင္ခ်က္ ျဖစ္ပါတယ္။ သင့္အေကာင့္ Lock က်သြားရင္ အဲဒီ သူငယ္ခ်င္းမ်ားက သင့္ အေကာင့္ကို ျပန္လည္ အသံုးျပဳႏုိင္ေအာင္ ကူညီေပးႏုိင္ပါတယ္။ Trusted Contacts အျဖစ္ သူငယ္ခ်င္း ၃ ေယာက္ကေန ၅ ေယာက္အထိ သတ္မွတ္ႏုိင္ပါတယ္။

Facebook မွာ Trusted Contacts မ်ားကို သတ္မွတ္နည္း

၁။ သင့္ရဲ႕ Facebook အေကာင့္ထဲကို Login ၀င္ပါ။ ညာဘက္အေပၚေထာင့္မွ Drop-Down Arrow ကို ႏွိပ္ပါ။

၂။ Settings> Security ထဲသြားပါ။

၃။ Your Trusted Contacts ရဲ႕ ညာဘက္မွ Edit ကို ႏွိပ္ပါ။ Choose Friends ကို ႏွိပ္ၿပီး အနည္းဆံုး သူငယ္ခ်င္း သံုးေယာက္ကို ေရြးခ်ယ္ေပးပါ။ သူငယ္ခ်င္းမ်ားရဲ႕ အမည္ကို Name Box မွာ စာရိုက္၍ ရွာေဖြႏိုင္ပါတယ္။ သူငယ္ခ်င္းမ်ားကို ေရြးခ်ယ္ၿပီးရင္ Confirm ကို ႏွိပ္ေပးပါ။

ဒါဆိုရင္ သင့္သူငယ္ခ်င္းမ်ားရဲ႕ ပရိုဖိုင္ပံုမ်ား ေပၚလာမွာ ျဖစ္ပါတယ္။ သင့္ အေကာင့္ Lock က်သြားရင္ Facebook က သင့္သူငယ္ခ်င္းမ်ားထံ ကုဒ္ေပးပို႔မွာ ျဖစ္ပါတယ္။ အဲဒီ ကုဒ္ျဖင့္ သင့္အေကာင့္ကို ျပန္ဆယ္ႏုိင္မွာ ျဖစ္ပါတယ္။

ref : tech-recipes

unicode

Facebook မှာ Trusted Contacts များကို ဘယ်လို သတ်မှတ်မလဲ ?

Facebook ဟာ သင့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများနဲ့ အမှတ်တရများကို သိမ်းဆည်းထားတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် Facebook အကောင့်ကို အခြားလူများ ခိုးယူလို့ မရအောင် ကာကွယ်ထားသင့်ပါတယ်။ သင့် အကောင့်ကို Password တစ်ခုထဲဖြင့် ကာကွယ်ထားခြင်းက စိတ်မချရပါဘူး။ အခြား လုံခြုံရေးများဖြင့်လည်း ကာကွယ်ထားသင့်ပါတယ်။

Trusted Contacts ဆိုတာ

Trusted Contacts ဟာ သင့် အကောင့် Lock ကျသွားခြင်း၊ ဟက်ခံရခြင်း စတဲ့ အခြေအနေမှာ အကူအညီတောင်းခံနိုင်ဖို့ စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းများကို ကြိုတင် သတ်မှတ်ထားနိုင်တဲ့ Facebook ရဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။ သင့်အကောင့် Lock ကျသွားရင် အဲဒီ သူငယ်ချင်းများက သင့် အကောင့်ကို ပြန်လည် အသုံးပြုနိုင်အောင် ကူညီပေးနိုင်ပါတယ်။ Trusted Contacts အဖြစ် သူငယ်ချင်း ၃ ယောက်ကနေ ၅ ယောက်အထိ သတ်မှတ်နိုင်ပါတယ်။

Facebook မှာ Trusted Contacts များကို သတ်မှတ်နည်း

၁။ သင့်ရဲ့ Facebook အကောင့်ထဲကို Login ဝင်ပါ။ ညာဘက်အပေါ်ထောင့်မှ Drop-Down Arrow ကို နှိပ်ပါ။

၂။ Settings> Security ထဲသွားပါ။

၃။ Your Trusted Contacts ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။ Choose Friends ကို နှိပ်ပြီး အနည်းဆုံး သူငယ်ချင်း သုံးယောက်ကို ရွေးချယ်ပေးပါ။ သူငယ်ချင်းများရဲ့ အမည်ကို Name Box မှာ စာရိုက်၍ ရှာဖွေနိုင်ပါတယ်။ သူငယ်ချင်းများကို ရွေးချယ်ပြီးရင် Confirm ကို နှိပ်ပေးပါ။

ဒါဆိုရင် သင့်သူငယ်ချင်းများရဲ့ ပရိုဖိုင်ပုံများ ပေါ်လာမှာ ဖြစ်ပါတယ်။ သင့် အကောင့် Lock ကျသွားရင် Facebook က သင့်သူငယ်ချင်းများထံ ကုဒ်ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ ကုဒ်ဖြင့် သင့်အကောင့်ကို ပြန်ဆယ်နိုင်မှာ ဖြစ်ပါတယ်။

ref : tech-recipes

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category