339 Shares 327 Views

YouTube Playlist မွ Video အားလံုးကို ဘယ္လို Download လုပ္မလဲ ?

Jun 12, 2018
339 327

YouTube မွာ သင္ ႏွစ္သက္တဲ့ သီခ်င္း ဗီဒီယို Playlist မ်ား အျပင္ ဘာသာစကား သင္ၾကားျခင္း၊ ခရီးသြားျခင္းနဲ႔ ပတ္သက္တဲ့ Playlist မ်ားမွ ဗီဒီယိုမ်ား အားလံုးကို ေဒါင္းလုပ္လုပ္ခ်င္သူမ်ားအတြက္ အခုေဖာ္ျပမယ့္ Apps မ်ားက အလြန္ အသံုး၀င္ပါတယ္။

၁။ 4K Video Downloader

4K Video Downloader ကို Windows, Mac, Linux တို႔အတြက္ ထုတ္လုပ္ေပးထားပါတယ္။ သူက Playlist တစ္ခုလံုးကို ေဒါင္းလုပ္လုပ္ေပးႏုိင္ရံု သာမက ခလုတ္တစ္ခ်က္ႏွိပ္လိုက္ရံုျဖင့္ Channels တစ္ခုလံုးကို ေဒါင္းလုပ္လုပ္ေပးပါတယ္။ Channels မွာ အသစ္တင္တဲ့ ဗီဒီယိုမ်ားကို အလိုအေလွ်ာက္ ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။ 3D နဲ႔ ၃၆၀ ဒီဂရီ ဗီဒီယိုမ်ားကိုေတာင္ ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။

သူက ဗီဒီယိုမ်ားအတြက္ Subtitles မ်ားကိုပါ ေဒါင္းလုပ္လုပ္ေပးႏုိင္တာက ထူးျခားပါတယ္။ ဗီဒီယိုမ်ား၊ Playlist မ်ားကို ေဒါင္းလုပ္လုပ္ဖို႔အတြက္ YouTube Link ကို ထည့္ေပးလိုက္ရံုပါပဲ။ သူက Vimeo, Facebook, Dailymotion တို႔မွ ဗီဒီယိုမ်ားကိုပါ ေဒါင္းလုပ္လုပ္ေပးပါတယ္။


၂။ Gihosoft TubeGet

Gihosoft TubeGet က YouTube , Facebook, Dailymotion, Vimeo, Metacafe, Break, Veoh, Blip.tv အပါအ၀င္ ဗီဒီယို ၀က္ဆိုက္ေပါင္း ၁၀ ၀၀၀ ေက်ာ္မွ ဗီဒီယိုမ်ားကို ေဒါင္းလုပ္လုပ္ေပးႏိုင္ပါတယ္။ သူက ဗီဒီယို တစ္ခုတည္းသာမက Playlist တစ္ခုလံုးကို ေဒါင္းလုပ္လုပ္ေပးပါတယ္။ ဗီဒီယို URL ကို ထည့္သြင္းျခင္းျဖင့္ ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။

ေဒါင္းလုပ္လုပ္တဲ့ အခါမွာ MP4, WebM, 3GP, FLV, AVI, or MKV စတဲ့ ေဖာ္မက္မ်ားနဲ႔ 4K, 1440P, 1080P, 720P, 480P, 360P, or 240P စတဲ့ အရည္အေသြးမ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ သူက ဗီဒီယို ၅ ခုကို တစ္ၿပိဳင္နက္ ေဒါင္းလုပ္လုပ္ေပးပါတယ္။ သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈကို မထိခိုက္ေစဖို႔ သူ႔မွာ အျမန္ႏႈန္းကို ကန္႔သတ္ႏိုင္ပါတယ္။


၃။ MegaVN.com

MegaVN.com ကိုေတာ့ ဘေရာက္စာကေနသာ အသံုးျပဳႏုိ္င္မွာပါ။ YouTube Video မ်ားကို ေဒါင္းလုပ္လုပ္ေပးတဲ့ ၀က္ဆိုက္မ်ားစြာ ရွိေပမယ့္ Playlist တစ္ခုလံုးကို ေဒါင္းလုပ္လုပ္ေပးတဲ့ ၀က္ဆိုက္ကေတာ့ ရွားပါးပါတယ္။ MegaVN.com က အဲဒီ ရွားပါး ၀က္ဆိုက္မ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ ၀က္ဆိုက္ရဲ႕ ညာဘက္အေပၚေထာင့္မွ Playlist/Channel Tab ထဲသြားၿပီး လင့္ကို ထည့္ေပးျခင္းျဖင့္ ေဒါင္းလုပ္လုပ္ရမွာပါ။

သူ႔မွာ ထူးျခားေကာင္းမြန္တဲ့ စြမ္းရည္မ်ားလည္း ရွိေနပါတယ္။ သူဟာ 4K Downloader လိုပဲ YouTube Channel တစ္ခုလံုးကို ေဒါင္းလုပ္လုပ္ေပးႏုိင္ပါတယ္။ ႏုိင္ငံကန္႔သတ္ခ်က္ရွိတဲ့ ဗီဒီယိုမ်ားကို Proxy ခံ၍ ေဒါင္းလုပ္လုပ္ေပးတဲ့ စြမ္းရည္က အသံုး၀င္ပါတယ္။

၄။ KeepVid

KeepVid ကို Windows, Mac အတြက္ ထုတ္လုပ္ေပးထားပါတယ္။ သူက YouTube, Facebook , Instagram လို လူမႈကြန္ရက္မ်ား၊ CBS, ABC လို သတင္း ၀က္ဆိုက္မ်ား၊ SoundCloud, Mixcloud လို သီခ်င္း ၀က္ဆိုက္မ်ား အပါအ၀င္ ၀က္ဆိုက္ေပါင္း ၂၈ ခုေက်ာ္ကို ေထာက္ပံ့ပါတယ္။ KeepVid ကို ဖြင့္ၿပီး ဗီဒီယို လင့္ကို ထည့္ေပးျခင္းျဖင့္ ဗီဒီိယို သို႔မဟုတ္ Playlist တစ္ခုလံုးကို ေဒါင္းလုပ္လုပ္ေပးပါတယ္။

KeepVid ကို ေဒၚလာ ၃၀ ျဖင့္ ၀ယ္ယူ အသံုးျပဳရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔မွာ အျခား ၀န္ေဆာင္မႈမ်ားမွာ မပါတဲ့ ၀က္ဆိုက္မ်ားကို ေထာက္ပ့့ံပါတယ္။

ref : makeuseof

UNICODE

YouTube Playlist မှ Video အားလုံးကို ဘယ်လို Download လုပ်မလဲ ?

YouTube မှာ သင် နှစ်သက်တဲ့ သီချင်း ဗီဒီယို Playlist များ အပြင် ဘာသာစကား သင်ကြားခြင်း၊ ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ Playlist များမှ ဗီဒီယိုများ အားလုံးကို ဒေါင်းလုပ်လုပ်ချင်သူများအတွက် အခုဖော်ပြမယ့် Apps များက အလွန် အသုံးဝင်ပါတယ်။

၁။ 4K Video Downloader

4K Video Downloader ကို Windows, Mac, Linux တို့အတွက် ထုတ်လုပ်ပေးထားပါတယ်။ သူက Playlist တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးနိုင်ရုံ သာမက ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် Channels တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးပါတယ်။ Channels မှာ အသစ်တင်တဲ့ ဗီဒီယိုများကို အလိုအလျှောက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ 3D နဲ့ ၃၆၀ ဒီဂရီ ဗီဒီယိုများကိုတောင် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

သူက ဗီဒီယိုများအတွက် Subtitles များကိုပါ ဒေါင်းလုပ်လုပ်ပေးနိုင်တာက ထူးခြားပါတယ်။ ဗီဒီယိုများ၊ Playlist များကို ဒေါင်းလုပ်လုပ်ဖို့အတွက် YouTube Link ကို ထည့်ပေးလိုက်ရုံပါပဲ။ သူက Vimeo, Facebook, Dailymotion တို့မှ ဗီဒီယိုများကိုပါ ဒေါင်းလုပ်လုပ်ပေးပါတယ်။


၂။ Gihosoft TubeGet

Gihosoft TubeGet က YouTube , Facebook, Dailymotion, Vimeo, Metacafe, Break, Veoh, Blip.tv အပါအဝင် ဗီဒီယို ဝက်ဆိုက်ပေါင်း ၁၀ ၀၀၀ ကျော်မှ ဗီဒီယိုများကို ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။ သူက ဗီဒီယို တစ်ခုတည်းသာမက Playlist တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးပါတယ်။ ဗီဒီယို URL ကို ထည့်သွင်းခြင်းဖြင့် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

ဒေါင်းလုပ်လုပ်တဲ့ အခါမှာ MP4, WebM, 3GP, FLV, AVI, or MKV စတဲ့ ဖော်မက်များနဲ့ 4K, 1440P, 1080P, 720P, 480P, 360P, or 240P စတဲ့ အရည်အသွေးများကို ရွေးချယ်နိုင်ပါတယ်။ သူက ဗီဒီယို ၅ ခုကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်ပေးပါတယ်။ သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို မထိခိုက်စေဖို့ သူ့မှာ အမြန်နှုန်းကို ကန့်သတ်နိုင်ပါတယ်။


၃။ MegaVN.com

MegaVN.com ကိုတော့ ဘရောက်စာကနေသာ အသုံးပြုနိုင်မှာပါ။ YouTube Video များကို ဒေါင်းလုပ်လုပ်ပေးတဲ့ ဝက်ဆိုက်များစွာ ရှိပေမယ့် Playlist တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးတဲ့ ဝက်ဆိုက်ကတော့ ရှားပါးပါတယ်။ MegaVN.com က အဲဒီ ရှားပါး ဝက်ဆိုက်များထဲမှ တစ်ခု ဖြစ်ပါတယ်။ ဝက်ဆိုက်ရဲ့ ညာဘက်အပေါ်ထောင့်မှ Playlist/Channel Tab ထဲသွားပြီး လင့်ကို ထည့်ပေးခြင်းဖြင့် ဒေါင်းလုပ်လုပ်ရမှာပါ။

သူ့မှာ ထူးခြားကောင်းမွန်တဲ့ စွမ်းရည်များလည်း ရှိနေပါတယ်။ သူဟာ 4K Downloader လိုပဲ YouTube Channel တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ဗီဒီယိုများကို Proxy ခံ၍ ဒေါင်းလုပ်လုပ်ပေးတဲ့ စွမ်းရည်က အသုံးဝင်ပါတယ်။

၄။ KeepVid

KeepVid ကို Windows, Mac အတွက် ထုတ်လုပ်ပေးထားပါတယ်။ သူက YouTube, Facebook , Instagram လို လူမှုကွန်ရက်များ၊ CBS, ABC လို သတင်း ဝက်ဆိုက်များ၊ SoundCloud, Mixcloud လို သီချင်း ဝက်ဆိုက်များ အပါအဝင် ဝက်ဆိုက်ပေါင်း ၂၈ ခုကျော်ကို ထောက်ပံ့ပါတယ်။ KeepVid ကို ဖွင့်ပြီး ဗီဒီယို လင့်ကို ထည့်ပေးခြင်းဖြင့် ဗီဒီယို သို့မဟုတ် Playlist တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးပါတယ်။

KeepVid ကို ဒေါ်လာ ၃၀ ဖြင့် ဝယ်ယူ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ အခြား ဝန်ဆောင်မှုများမှာ မပါတဲ့ ဝက်ဆိုက်များကို ထောက်ပ့ံ့ပါတယ်။

ref : makeuseof

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
115 shares49 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
96 shares27 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category