569 Shares 520 Views


Jun 12, 2018
569 520




Ref : gsmarena

unicode

အရှေ့ကင်မရာအတွက် Portrait Mode ပါလာတဲ့ OnePlus 6 ရဲ့ OxygenOS 5.1.6 ကို ဖြန့်ချီပြီ

တရုတ်မှ OnePlus 6 User များဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လိုအပ်နေတဲ့ လုပ်ဆောင်ချက်များ ပါတဲ့ HydrogenOS 5.1.6 ကို ရရှိခဲ့ကြပါတယ်။ အဲဒီ Update မှာ System ကိုလည်း ပိုမို တည်ငြိမ်အောင် ပြုလုပ်ထားပါတယ်။ အခုတော့ နိုင်ငံတကာအတွက် OxygenOS 5.1.6 ထွက်လာပါပြီ။

Update မှာ အထူးခြားဆုံး လုပ်ဆောင်ချက်က အရှေ့ကင်မရာကနေ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ဖန်တီးနိုင်ခြင်း ဖြစ်ပါတယ်။ အနောက်ကင်မရာအတွက်လည်း Portrait Mode မှာ Light Bokeh Effect အတွက် Preview ကြည့်နိုင်လာပါတယ်။ အခြား လုပ်ဆောင်ချက်များ အနေနဲ့ Status Bar မှာ ဘက်ထရီကို ရာခိုင်နှုန်းဖြင့် ပြသခြင်း၊ DND အတွက် Schedule ပြုလုပ်ခြင်း၊ SIM and Network Settings မှာ Dual 4G Network ကို ထောက်ပံ့ခြင်းတို့ ဖြစ်ကြပါတယ်။

Headset လို Bluetooth Device တစ်ခုနဲ့ ချိတ်ဆက်ထားချိန်မှာ Incoming Call များကို အလိုအလျှောက် ဖြေပေးတဲ့ Smart Answer လည်း ပါလာပါတယ်။ ဖုန်းပြောဆိုတဲ့ အသံအရည်အသွေးလည်း တိုးတက်လာပါတယ်။ System ဟာလည်း ပိုမို တည်ငြိမ်လာပြီး ဘက်ထရီ စားသုံးမှု နည်းပါးလာပါတယ်။ Update မှာ Ringtone Volume ပြဿနာလို Bugs များကိုလည်း ဖြေရှင်းပေးထားပါတယ်။

Ref : gsmarena

You may be interested

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကျော်ခွ၍…

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
NEWS, smartwatch
62 shares19 views

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်

Ko Thuya - Jun 21, 2018

အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။…

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Local News
61 shares6 views

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်

Nwe Oo - Jun 21, 2018

[Zawgyi] မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို…

Leave a Comment

Most from this category