342 Shares 432 Views

Lenovo က ပါးလႊာတဲ့ ဂိမ္း လက္ပ္ေတာ့မ်ားကို ေၾကညာ

Jun 12, 2018
342 432

ဂိမ္း လက္ပ္ေတာ့မ်ားမွာ ႀကီးမားတဲ့ ပန္ကာမ်ားအျပင္ စြမ္းရည္ျမင့္မားေစဖို႔ ဟာ့ဒ္၀ဲမ်ားစြာကို ထည့္သြင္းထားတဲ့အတြက္ ႀကီးမားေလးလံပါတယ္။ အခုေတာ့ လီႏိုဗိုက ပါးလႊာတဲ့ Legion Gaming Laptop အသစ္မ်ားကို ေၾကညာလိုက္ပါတယ္။ အဲဒီအတြက္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ပါ သံုးႏုိင္ပါတယ္။

အဲဒီလက္ပ္ေတာ့မ်ားကို E3 မွာ ေၾကညာလိုက္တာ ျဖစ္ၿပီး Y530, Y730 နဲ႔ Y7000 စတဲ့ေမာ္ဒယ္မ်ား ပါ၀င္ပါတယ္။ Y520 ကို ၉၂၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ သူ႔မွာ ၁၅ လက္မ မ်က္ႏွာျပင္၊ Nvidia GTX 1050 Graphics , Intel Core i5 CPU မ်ား ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာ ပါးလႊာပါတယ္။

Y730 ကို ၁၅ လက္မနဲ႔ ၁၇ လက္မ ေမာ္ဒယ္ႏွစ္ခု ထုတ္လုပ္ေပးထားၿပီး ၁၁၈၀ ေဒၚလာနဲ႔ ၁၂၅၀ ေဒၚလာ အသီးသီး သတ္မွတ္ထားပါတယ္။ သူဟာ Y530 နဲ႔ ဆင္တူေပမယ့္ အလူမီနီယမ္ ကိုယ္ထည္လို ပိုမို တန္ဖိုးႀကီးတဲ့ ပစၥည္းမ်ားျဖင့္ တည္ေဆာက္ထားပါတယ္။ Intel 8th Gen Coffee Lake Processors မ်ားျဖစ္တဲ့ Core i5 or i7 မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ အေျခခံ အေနနဲ႔ Nvidia GTX 1050TI , Dolby Atmos Speakers , Dolby Sound Radar မ်ား ပါပါတယ္။

Y7000 ကလည္း Y530 နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္ ေစ်းႏႈန္း ျမင့္မားၿပီး ၉၆၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ အေမရိကန္ ႏုိင္ငံ ျပင္ပမွာ ၾသဂုတ္လတြင္ ေရာင္းခ်မွာပါ။ လက္ပ္ေတာ့အားလံုးမွာ Ports မ်ားကို အေနာက္ဘက္ကို ေရႊ႕ေျပာင္းထားပါတယ္။ USB-C ports, HDMI, Mini DisplayPort, Ethernet, USB-A 3.1 Port မ်ား ပါပါတယ္။

Ref : gsmarena

unicode

Lenovo က ပါးလွှာတဲ့ ဂိမ်း လက်ပ်တော့များကို ကြေညာ

ဂိမ်း လက်ပ်တော့များမှာ ကြီးမားတဲ့ ပန်ကာများအပြင် စွမ်းရည်မြင့်မားစေဖို့ ဟာ့ဒ်ဝဲများစွာကို ထည့်သွင်းထားတဲ့အတွက် ကြီးမားလေးလံပါတယ်။ အခုတော့ လီနိုဗိုက ပါးလွှာတဲ့ Legion Gaming Laptop အသစ်များကို ကြေညာလိုက်ပါတယ်။ အဲဒီအတွက် စီးပွားရေးလုပ်ငန်းများအတွက်ပါ သုံးနိုင်ပါတယ်။

အဲဒီလက်ပ်တော့များကို E3 မှာ ကြေညာလိုက်တာ ဖြစ်ပြီး Y530, Y730 နဲ့ Y7000 စတဲ့မော်ဒယ်များ ပါဝင်ပါတယ်။ Y520 ကို ၉၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သူ့မှာ ၁၅ လက်မ မျက်နှာပြင်၊ Nvidia GTX 1050 Graphics , Intel Core i5 CPU များ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ ပါးလွှာပါတယ်။

Y730 ကို ၁၅ လက်မနဲ့ ၁၇ လက်မ မော်ဒယ်နှစ်ခု ထုတ်လုပ်ပေးထားပြီး ၁၁၈၀ ဒေါ်လာနဲ့ ၁၂၅၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ သူဟာ Y530 နဲ့ ဆင်တူပေမယ့် အလူမီနီယမ် ကိုယ်ထည်လို ပိုမို တန်ဖိုးကြီးတဲ့ ပစ္စည်းများဖြင့် တည်ဆောက်ထားပါတယ်။ Intel 8th Gen Coffee Lake Processors များဖြစ်တဲ့ Core i5 or i7 များ ရွေးချယ်နိုင်ပါတယ်။ အခြေခံ အနေနဲ့ Nvidia GTX 1050TI , Dolby Atmos Speakers , Dolby Sound Radar များ ပါပါတယ်။

Y7000 ကလည်း Y530 နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဈေးနှုန်း မြင့်မားပြီး ၉၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အမေရိကန် နိုင်ငံ ပြင်ပမှာ သြဂုတ်လတွင် ရောင်းချမှာပါ။ လက်ပ်တော့အားလုံးမှာ Ports များကို အနောက်ဘက်ကို ရွှေ့ပြောင်းထားပါတယ်။ USB-C ports, HDMI, Mini DisplayPort, Ethernet, USB-A 3.1 Port များ ပါပါတယ်။

Ref : gsmarena

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
204 shares342 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category