776 Shares 1363 Views
Jun 12, 2018
776 1363
Ref : gsmarena
unicode
LG Stylo 4 မှာ ၆.၂ လက်မ မျက်နှာပြင် ပါမည်
Samsung Galaxy Note များကလွဲပြီး Stylus ပါတဲ့ စမတ်ဖုန်းများဟာ ရှားပါးပါတယ်။ LG ကတော့ အဲဒီဈေးကွက်ကို အခြားနည်းလမ်းဖြင့် ချဉ်းကပ်ပါတယ်။ အဲဒါကတော့ တန်ဖိုးနည်း ဖုန်းများပါ။ LG Stylo 4 ကို မကြာခင်မှာ ကြေညာမှာပါ။ သူဟာ ယခင်တစ်ပတ်က ကြေညာခဲ့တဲ့ LG Q Stylusa ရဲ့ ဗားရှင်းတစ်ခု ဖြစ်ပါတယ်။
ယခင် Stylo 3 Plus ဟာ အရွယ်သေး ပါတယ်။ ပေါက်ကြားထွက်လာတဲ့ သူ့ရဲ့ ဘူးခွံအရ မော်ဒယ်အသစ်မှာတော့ ၆.၂ လက်မ FullHD+ Display ပါလာနိုင်ပါတယ်။ ခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်းပါလာမှာပါ။ သူ့ကို 1.8GHz Octa-Core Snapdragon Chipset မောင်းနှင်မှာ ဖြစ်ပေမယ့် မော်ဒယ်ကို မသိရသေးပါဘူး။ S450 ဖြစ်နိုင်ပါတယ်။
သူ့မှာ 2GB RAM , 32GB Storage , microSD Slot များ ပါလာမှာပါ။ Android 8.1 Oreo ပါလာမှာပါ။ ကင်မရာများကတော့ သိပ်ပြီး မပြောင်းလဲပါဘူး။ သူ့မှာ 13MP Rear Camera, 5MP Selfie Camera များ ပါလာမှာပါ။ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ဖမ်းယူပေးနိုင်ပါတယ်။ LG Q Lens AI တောင် သူ့မှာ ပါလာနိုင်ပါတယ်။
Headphone များဖြင့် နားဆင်လျှင် အသံအရည်အသွေး အလွန်ကောင်းတဲ့ DTS-X 3D Surround Audio ပါလာမှာပါ။ 3300mAh Battery ထည့်သွင်းထားပါတယ်။
Ref : gsmarena
You may be interested
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
Ko Thuya - Jun 25, 2018
Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Ko Thuya - Jun 25, 2018
ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
296 shares363 views
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
Nwe Oo - Jun 25, 2018
[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…
Leave a Comment
Most from this category