0 Shares 94 Views

ေနာက္ဆံုးေပၚ ေခတ္မီဆန္းသစ္ေသာ 4G ကြန္ရက္ႏွင့္ ေစ်းႏႈန္းသင့္တင့္ေသာ ဒစ္ဂ်စ္တယ္ ၀န္ေဆာင္မႈမ်ားအား တစ္ႏုိင္ငံလံုးအတိုင္းအတာႏွင့္ ေထာက္ပံ့ကာ စြမ္းရည္ျမွင့္တင္သြားမည့္ Mytel

Jun 11, 2018
0 94

[Zawgyi]

Mytel မွွ ႏွစ္ႏိုင္ငံေပါင္းစည္းမႈကိုယ္စားျပဳရန္ ျမန္မာသရုပ္ေဆာင္ ေနတိုးႏွင့္ ဗီယက္နမ္မင္းသမီး Nguyen Tran My အား Mytel သံတမန္အျဖစ္ ခန္႔အပ္ဇြန္လ ၉ရက္ ၊ ၂၀၁၈ – ရန္ကုန္ျမန္မာ – ျမန္မာနိုင္ငံ၏ စတုတၳေျမာက္ ဆက္သြယ္ေရး ေအာ္ပေရတာ Mytel မွ တစ္နိုင္ငံလံုးအတိုင္းအတာျဖင့္ ေပးအပ္သြားမည့္ ၄င္း၏ ၀န္ေဆာင္မႈ နွင့္ products မ်ားအေၾကာင္းကို ယေန႔တြင္ Pullman Yangon, Centerpoint Hotel ၌ တရား၀င္ေၾကညာလိုက္သည္။ MyTel ၏ ေနာက္ဆံုးေပၚနည္းပညာကို အေကာင္းဆံုးေဖာ္ညႊန္းႏိုင္သည့္ L သ႑ာန္ရွိ စင္ျမင့္ထက္တြင္ စိတ္လႈပ္ရွားစရာ ကျပေဖ်ာ္ေျဖမႈျဖင့္ အခမ္းအနားအား စတင္ဖြင့္လွစ္ခဲ့သည္။


Mytel ၏ တစ္နိုင္ငံလံုးအတိုင္းအတာ ဝန္ေဆာင္မႈမိတ္ဆက္အခမ္းအနားသုိ႔ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ မဟာသေရစည္သူ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၊ ကာကြယ္ေရး၀န္ႀကီး Lieutenant General ဦးစိန္၀င္း၊ ဆက္သြယ္ေရး၀န္ၾကီးဌာန ဒုဝန္ႀကီး ဦးသာဦး၊ ဘ႑ာေရးဝန္ၾကီးဌာန၊ ပညာေရးဝန္ၾကီးဌာနမွ ကိုယ္စားလွယ္မ်ား၊ စီးပြားေရးလုပ္ငန္းမ်ားမွတာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံအစိုးရအဖြဲ႔ ကိုယ္စားလွယ္မ်ား ၊ ဗီယက္နမ္ႏိုင္ငံ အမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ၾကီး H.E, Lieutenant General, TRẦN ĐƠN၊ ဗီယက္နမ္ႏိုင္ငံ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးခ်ဳပ္ H.E. NGUYỄN MINH HỒNG၊ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္သံအမတ္ H.E. LUẬN THUỲ DƯƠNG၊ Viettel အဖဲြ႔ႀကီး၏ ဗီယက္နမ္ႏိုင္ငံ ဥကၠဌ ဗိုလ္ခ်ဳပ္ NGUYỄN MẠNH HÙNG၊ ဗီယက္နမ္အစိုးရအဖြဲ႔ ႏွင့္ Viettel အဖြဲ႔မွ တာဝန္ရွိသူမ်ား၊ Mytel ၏ ဥကၠဌ ဦးခင္ေမာင္စိုး၊ အမႈေဆာင္အရာရွိခ်ဳပ္ Mr. NGUYỄN THANH NAM၊ Mytel ၏ ရွယ္ယာဝင္မ်ားျဖစ္ေသာ Star High Public Company ႏွင့္ Myanmar National Telecom Holding Public ႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တတ္ေရာက္ခဲ့ၾကသည္။


အခမ္းအနားတြင္ Mytel မွ အကယ္ဒမီသံုးဆုရွင္ ေနတိုး နွင့္ ဗီယက္နမ္ၾကယ္ပြင့္ Miss Nguyen Tran My တို႔အား Mytel ၏ သံတမန္မ်ားအျဖစ္ ခန္႔အပ္ခဲ့သည္။ Mytel နွင့္ Mytel ၏ သံတမန္ႏွစ္ဦးတို႔သည္ ျမန္မာျပည္သူ လူထု၏ ဘဝမ်ားအား ျမွင့္တင္ေပးလိုျခင္း၊ ျမန္မာ-ဗီယက္နမ္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ပိုမိုခိုင္ခံ့ေကာင္းမြန္ေစျခင္း စသည့္ တူညီေသာရည္ရြယ္ခ်က္မ်ားျဖင့္ လက္တြဲလုပ္ကိုင္ျခင္းျဖစ္သည္။
ေခတ္အမီဆံုး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ 2G ႏွင့္ 4G ကြန္ရက္ကို ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး စတင္မိတ္ဆက္သည့္အခ်ိန္မွာပင္ တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ 4G ကြန္ရက္ ပံ့ပိုးေပးႏိုင္သည့္ တစ္ခုတည္းေသာ ေအာ္ပေရတာလည္းျဖစ္သည္။ တစ္နွစ္ေက်ာ္ကာလအတြင္းတြင္ ဖိုင္ဘာေကဘယ္လ္ ကီလိုမီတာ ၃၀၀၀၀ တပ္ဆင္ႏိုင္ခဲ့ၿပီး ျမန္မာတစ္ႏိုင္ငံလံုးရွိ ဖိုင္ဘာoptic အေျခခံအေဆာက္အအံုတပ္ဆင္မႈ အားလံုး၏ ၅၀ ရာခိုင္ႏႈန္းခန္႔ကို ပံ့ပိုးေပးႏိုင္ခဲ့သည္။ Mytel ၏ 2G ႏွင့္ 4G ကြန္ရက္စုစုေပါင္းသည္ ျမန္မာႏိုင္ငံ လူဦးေရ၏ ၈၀ ရာခိုင္ႏႈန္းခန႔္၊ ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္ကို လႊမ္းၿခံဳႏိုင္မည္ျဖစ္သည္။ အဆိုပါ ကြန္ရက္လႊမ္းၿခံဳမႈသည္ ေစ်းကြက္တြင္းရွိ ဆက္သြယ္ေရးေအာ္ပေရတာမ်ားထက္ သာလြန္ေသာအခ်က္လည္း ျဖစ္သည္။ ေနာက္ဆံုးေပၚ VoLTE နည္းပညာသည္ သံုးစြဲသူမ်ားကို ေဒတာ ႏွင့္ အသံ တစ္ၿပိဳင္နက္တည္း အသံုးျပဳႏိုင္ေစၿပီး ပိုမိုေကာင္းမြန္ေသာ ကြန္ရက္အရည္အေသြးကိုလည္း ရရွိေစသည္။ သံုးစြဲသူမ်ားအေနျဖင့္ ပိုမိုျပည့္စံုေသာ အေတြ႔အႀကံဳမ်ားကို ခံစားရရွိ ႏိုင္ေစရန္ IT အပလီေကးရွင္းမ်ားမွအစ အမ်ဳိးအစားစံုလင္ေသာ ဝန္ေဆာင္မႈမ်ားပါရွိသည့္ သီးသန႔္ဒစ္ဂ်စ္တယ္ ေဂဟစနစ္ကိုလည္း ဖန္တီးေပးသြားမည္ျဖစ္သည္။ ေနာက္ဆံုးေပၚ ေခတ္မီဆန္းသစ္ေသာ နည္းပညာမ်ားကို နားလည္ပိုင္ဆိုင္ထားသည့္ Mytel သည္ သံုးစြဲသူမ်ား၏လိုအပ္ခ်က္ကို အေကာင္းဆံုးျဖည့္ဆည္းေပးျပီး အလုပ္ခြင္မွာသာမက လူေနမႈဘဝမွာပါ အဆင္ေျပေခ်ာေမြ႕လြယ္ကူေစမည့့္္ အရည္အေသြးျမင့္ေသာ ဝန္ေဆာင္မႈမ်ားကို ေပးအပ္သြားမည္ျဖစ္သည္။


“Mytel အေနနဲ႔ ၿမိဳ႕ ျပေဒသမွအစ ေက်းလက္ေဒသမ်ားအထိ ေနာက္ဆံုးေပၚနည္းပညာမ်ားကို ေပးအပ္ရင္း ျမန္မာႏိုင္ငံကို ဒစ္ဂ်စ္တယ္လမ္းေၾကာင္းေပၚ ေခၚေဆာင္သြားမယ့္ လႈပ္ရွားမႈမွာ တစ္ခန္းတစ္က႑က ပါဝင္သြားမွာျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္ေပးျခင္းအားျဖင့္ လူတိုင္းက တစ္ေယာက္နဲ႔တစ္ေယာက္သာမကပဲ တစ္ကမာၻလံုးနဲ႔ ဆက္သြယ္ခ်ိတ္ဆက္သြားႏိုင္မွာျဖစ္ပါတယ္။ အခုအခ်ိန္ကစတင္ျပီး ျမန္မာႏိုင္ငံက သံုးစြဲသူေတြအေနနဲ႔ Mytel ရဲ႕ အရည္အေသြးျမင့္ 4G အင္တာနက္နဲ႔ တျခားေသာ ဝန္ေဆာင္မႈေပါင္းမ်ားစြာကို ေစ်းႏႈန္းသက္သက္သာသာနဲ႔ အသံုးျပဳႏိုင္ၿပီျဖစ္ပါတယ္” ဟု Mytel ၏ ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ ေျပာၾကားခဲ့သည္။
ပိုမိုေကာင္းမြန္ျပီး ျမန္ဆန္ေသာအင္တာနက္ႏွင့္အတူ Mytel မိုက္တယ္ package ျဖင့္ ပထမတစ္လအတြင္း ၄၀၀၀ က်ပ္တည္းျဖင့္ အင္တာနက္ ၅ GB ႏွင့္ မိနစ္ ၂၅၀ ရရွိႏိုင္မည့္ ခံစားခြင့္ႏွစ္ဆ အစီအစဥ္ကို ေၾကညာခဲ့သည္။ သံုးသေလာက္ေပးအစီအစဥ္တြင္လည္း ၄၀ ရာခိုင္ႏႈန္းသက္သာေစၿပီး ၁ MB လွ်င္ ၅ က်ပ္၊ ၁ မိနစ္ ၁၀က်ပ္ႏႈန္းျဖင့္ သံုးစြဲႏိုင္မည္ျဖစ္သည္။ Mytel SIM ကဒ္စတင္သံုးစြဲမည့္သူမ်ားအတြက္ ၁၅၀၀ MB နဲ႔ မိနစ္ ၁၅၀ ရရွိမည့္ အစမ္းသံုးအစီအစဥ္ကိုလည္း ပထမ ၃ လတြင္ အသံုးျပဳႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ သံုးစြဲသူမ်ားအတြက္ ၁၀၀ ရာခိုင္ႏႈန္းျပန္လည္ရရွိႏိုင္မည့္ ေငြျဖည့္အစီအစဥ္ကိုလည္း မိတ္ဆက္ေပးခဲ့သည္။ ပြင့္လင္းျမင္သာစြာလုပ္ငန္းလုပ္ေဆာင္ျခင္းျဖင့္ သံုးစြဲသူမ်ားႏွင့္ ရင္းႏွီးမႈရယူလုိေသာ Mytel သည္ ရိုးရွင္းေသာ ေငြျဖတ္စနစ္ျဖစ္သည့္ charging block 1s + 1s ျဖင့္ ဖုန္းေခၚဆိုရာတြင္ၾကာသည့္အခ်ိန္အလိုက္သာ ေငြေကာက္ခံသြားမည္ျဖစ္သည္။
“Mytel ရဲ႕ ဒစ္ဂ်စ္တယ္ခရီးစဥ္အစကို ဒီလိုမ်ိဳး မ်က္ျမင္ကိုယ္ေတြ႕ပါ၀င္ခြင့္ရတဲ့အတြက္ အင္မတန္ ဂုဏ္ယူမိပါတယ္။ ညီမ ငုရင္မိုင္ေရာ ကၽြန္ေတာ္ေရာ ဒီလိုမ်ိဳးပါ၀င္ခြင့္ရတ့ဲအတြက္ ေျပာမျပတက္ေအာင္ ဝမ္းသာရပါတယ္။ အခုလို အင္တာနက္၀န္ေဆာင္မႈေတြေကာင္းမြန္လာေတာ့ ၿမိဳ႕ရြာကအစ ေက်းလက္ေဒသ ေတြမွာရွိတဲ့ ကၽြန္ေတာ္တို႔ရဲ႕ ပရိတ္သတ္နဲ႔ ဆက္သြယ္ခ်ိတ္ဆက္ခြင့္ရၿပီး ပိုမိုနီးစပ္လာႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္။” ဟု သရုပ္ေဆာင္ေနတိုးမွ ေျပာၾကားခဲ့သည္၊။
အခမ္းအနားတြင္ ႏုိင္ငံ၏ လူမႈစီးပြားေရးဖြံ႔ျဖိဳးတိုးတက္မႈျဖစ္စဥ္အတြက္ ၾကီးစြာအေထာက္အကူျပဳသြားမည့္ Mytel ၏ စုံလင္လွသည့္ ေခတ္မီေသာ လယ္ယာစိုက္ပ်ိဳးေရး၊ ေခတ္မီပညာေရး၊ ေခတ္မီက်န္းမာေရး ေစာင့္ေရွာက္မႈ၊ ေခတ္မီျမိဳ႕ေတာ္ႏွင့္ Mytel ဒစ္ဂ်စ္တယ္ လူမႈဘ၀စသည့္ နည္းပညာ၀န္ေဆာင္မႈမ်ားကို ျပသခဲ့ပါသည္။ အေျခခံက်ေသာ နည္းပညာမွအစ အဆင့္ျမင့္နည္းပညာမ်ားမွတဆင့္ စီးပြားေရးႏွင့္ပညာေရး ဖံြ႔ျဖိဳးတိုးတက္ျပီး ေခတ္မီေသာ လူမႈအသိုင္းအ၀ိုင္းတစ္ခုေပၚေပါက္လာေစရန္ Mytel မွ ရည္ရြယ္ၾကိဳးပမ္း လုပ္ေဆာင္သြားမည္ ျဖစ္သည္။
ထို႔အျပင္ MyTV၊ MyMusic၊ MyClip ႏွင့္ MyNews ကဲ့သို႔ေသာ ဆန္းသစ္တီထြင္ အပိုေဆာင္း၀န္ေဆာင္မႈမ်ား၊ သံုးစဲြသူမ်ား စိတ္ေက်နပ္မႈရရွိေစမည့္ Product မ်ားကိုလည္း Mytel မွမိတ္ဆက္ေပးသြားခဲ့သည္။
Mytel သည္ ေနျပည္ေတာ္၊ ကရင္ျပည္နယ္ႏွင့္္ ပဲခူးတိုင္းအေရွ႕ ပိုင္းေဒသမ်ား၌ မတ္လ ၁၅ ရက္ေန႔တြင္ ကနဦး လုပ္ငန္းစတင္မႈမ်ားျပဳလုပ္ခဲ့ၿပီး ျမန္မာႏုိင္ငံတစ္၀န္းလံုးသို ကြန္ရက္အသင့္ျဖစ္မႈအေနအထား အေကာင္းဆံုး အခ်ိန္တြင္ ၀န္ေဆာင္မႈမ်ား ေပးအပ္သြားႏိုင္ရန္ တိုးခ်ဲ႕လုပ္ကိုင္ခဲ့သည္။ ယခုကဲ့သို႔ တစ္ႏိုင္ငံလံုး အတိုင္းအတာ ဝန္ေဆာင္မႈမိတ္ဆက္ပဲြမွတဆင့္ ႏိုင္ငံတြင္း ေနရာမေရြး၊ အခ်ိန္မေရြး အသံုးျပဳႏိုင္ေသာ 4G ကြန္ရက္ကို စတင္ပံ့ပိုးေပးသြားမည္ျဖစ္သည္။ Mytel 4G SIM ကဒ္ ႏွင့္ ေငြျဖည့္ကဒ္မ်ား ကို ႏိုင္ငံအႏွံ႔ရွိ အမွတ္တံဆိပ္အေရာင္းဆိုင္ေပါင္း ၅၀၊ တဆင့္အေရာင္းဆိုင္ေပါင္း ၅၀၀၀၀ တြင္ အဆင္ေျပလြယ္ကူစြာ ဝယ္ယူႏိုင္မည္ျဖစ္သည္။

MYTEL ကုမၺဏီသည္ ၂၀၁၆ခုႏွစ္တြင္ တည္ေထာင္ခဲ့ၿပီး ျမန္မာႏိုင္ငံဆက္သြယ္ေရး ေစ်းကြက္သို႔ ေနာက္ဆံုးဝင္ေရာက္လာသည့္ ဆက္သြယ္ေရးဝန္ေဆာင္မႈေပးအပ္ေသာ ကုမၼဏီျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ဝန္ေဆာင္မႈေပးေနေသာ ဆက္သြယ္ေရးေအာ္ပေရတာ ၁၁ ခု ႏွင့္ ခ်ိတ္ဆက္ၿပီး ေ႐ွ႕ေျပးေစ်းကြက္မ်ားတြင္ ဆယ္စုႏွစ္တစ္စုေက်ာ္တိုင္ အေတြ႕အႀကံဳရွိသည့္ ဗီယက္နမ္ႏိုင္ငံ Viettel ကုမၺဏီႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ ရွိသည္။ Mytel သည္ သံုးစဲြသူအၾကိဳက္ ျမန္မာႏိုင္ငံႏွင့္ ကိုက္ညီသည့္ ၀န္ေဆာင္မႈမ်ားကို အထူးျပဳရင္း၊ ဆက္သြယ္ေရးေစ်းကြက္အား ေနာက္ဆံုးေပၚနည္းပညာမ်ားျဖင့္ ေမာင္းႏွင္ကာ ျမန္မာျပည္သူျပည္သားမ်ားအား ေစ်းႏႈန္းသက္သာျပီး အရည္အေသြးေကာင္းမြန္သည့္ ၀န္ေဆာင္မႈမ်ားကို အဓိကေပးအပ္သြားမည္ျဖစ္သည္။
Mytel သည္ ျမန္မာႏိုင္ငံတစ္ဝွမ္းလံုးတြင္ အက်ယ္ျပန္႔ဆံုး 4G ကြန္ရက္ႏွင့္ ေခတ္အမီဆံုး ဆက္သြယ္ေရး အေျခခံအေဆာက္အဦးမ်ားေထာက္ပံ့ေပးၿပီး ဒစ္ဂ်စ္တယ္စနစ္သို႔ ကူးေျပာင္းရန္ႏွင့္ ျမန္မာျပည္သူျပည္သားမ်ား ၏ လူမႈဘ၀မ်ားကို စြမ္းအားျမွင့္တင္ရန္ ေဆာင္ရြက္ေပးေနေသာ ဆက္သြယ္ေရးကြန္ရက္ တစ္ခုျဖစ္လာေစရန္ ရည္ရြယ္သည္။
အေသးစိတ္အခ်က္အလက္မ်ားကို ပုိမိုသိရွိလိုပါက pr@passionmyanmar.com သို႔ ဆက္သြယ္ေမးျမန္း ႏိုင္ပါသည္။

[Unicode]

နောက်ဆုံးပေါ် ခေတ်မီဆန်းသစ်သော 4G ကွန်ရက်နှင့် ဈေးနှုန်းသင့်တင့်သော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအား တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထောက်ပံ့ကာ စွမ်းရည်မြှင့်တင်သွားမည့် Mytel

Mytel မှှ နှစ်နိုင်ငံပေါင်းစည်းမှုကိုယ်စားပြုရန် မြန်မာသရုပ်ဆောင် နေတိုးနှင့် ဗီယက်နမ်မင်းသမီး Nguyen Tran My အား Mytel သံတမန်အဖြစ် ခန့်အပ်
ဇွန်လ ၉ရက် ၊ ၂၀၁၈ – ရန်ကုန်မြန်မာ – မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ Mytel မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေးအပ်သွားမည့် ၎င်း၏ ဝန်ဆောင်မှု နှင့် products များအကြောင်းကို ယနေ့တွင် Pullman Yangon, Centerpoint Hotel ၌ တရားဝင်ကြေညာလိုက်သည်။ MyTel ၏ နောက်ဆုံးပေါ်နည်းပညာကို အကောင်းဆုံးဖော်ညွှန်းနိုင်သည့် L သဏ္ဍာန်ရှိ စင်မြင့်ထက်တွင် စိတ်လှုပ်ရှားစရာ ကပြဖျော်ဖြေမှုဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။


Mytel ၏ တစ်နိုင်ငံလုံးအတိုင်းအတာ ဝန်ဆောင်မှုမိတ်ဆက်အခမ်းအနားသို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး Lieutenant General ဦးစိန်ဝင်း၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသာဦး၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအစိုးရအဖွဲ့ ကိုယ်စားလှယ်များ ၊ ဗီယက်နမ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E, Lieutenant General, TRẦN ĐƠN၊ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီးချုပ် H.E. NGUYỄN MINH HỒNG၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် H.E. LUẬN THUỲ DƯƠNG၊ Viettel အဖွဲ့ကြီး၏ ဗီယက်နမ်နိုင်ငံ ဥက္ကဌ ဗိုလ်ချုပ် NGUYỄN MẠNH HÙNG၊ ဗီယက်နမ်အစိုးရအဖွဲ့ နှင့် Viettel အဖွဲ့မှ တာဝန်ရှိသူများ၊ Mytel ၏ ဥက္ကဌ ဦးခင်မောင်စိုး၊ အမှုဆောင်အရာရှိချုပ် Mr. NGUYỄN THANH NAM၊ Mytel ၏ ရှယ်ယာဝင်များဖြစ်သော Star High Public Company နှင့် Myanmar National Telecom Holding Public နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် Mytel မှ အကယ်ဒမီသုံးဆုရှင် နေတိုး နှင့် ဗီယက်နမ်ကြယ်ပွင့် Miss Nguyen Tran My တို့အား Mytel ၏ သံတမန်များအဖြစ် ခန့်အပ်ခဲ့သည်။ Mytel နှင့် Mytel ၏ သံတမန်နှစ်ဦးတို့သည် မြန်မာပြည်သူ လူထု၏ ဘဝများအား မြှင့်တင်ပေးလိုခြင်း၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်ခံ့ကောင်းမွန်စေခြင်း စသည့် တူညီသောရည်ရွယ်ချက်များဖြင့် လက်တွဲလုပ်ကိုင်ခြင်းဖြစ်သည်။
ခေတ်အမီဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် 2G နှင့် 4G ကွန်ရက်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စတင်မိတ်ဆက်သည့်အချိန်မှာပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 4G ကွန်ရက် ပံ့ပိုးပေးနိုင်သည့် တစ်ခုတည်းသော အော်ပရေတာလည်းဖြစ်သည်။ တစ်နှစ်ကျော်ကာလအတွင်းတွင် ဖိုင်ဘာကေဘယ်လ် ကီလိုမီတာ ၃၀၀၀၀ တပ်ဆင်နိုင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဖိုင်ဘာoptic အခြေခံအဆောက်အအုံတပ်ဆင်မှု အားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်ခဲ့သည်။ Mytel ၏ 2G နှင့် 4G ကွန်ရက်စုစုပေါင်းသည် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်၊ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို လွှမ်းခြုံနိုင်မည်ဖြစ်သည်။ အဆိုပါ ကွန်ရက်လွှမ်းခြုံမှုသည် ဈေးကွက်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများထက် သာလွန်သောအချက်လည်း ဖြစ်သည်။ နောက်ဆုံးပေါ် VoLTE နည်းပညာသည် သုံးစွဲသူများကို ဒေတာ နှင့် အသံ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေပြီး ပိုမိုကောင်းမွန်သော ကွန်ရက်အရည်အသွေးကိုလည်း ရရှိစေသည်။ သုံးစွဲသူများအနေဖြင့် ပိုမိုပြည့်စုံသော အတွေ့အကြုံများကို ခံစားရရှိ နိုင်စေရန် IT အပလီကေးရှင်းများမှအစ အမျိုးအစားစုံလင်သော ဝန်ဆောင်မှုများပါရှိသည့် သီးသန့်ဒစ်ဂျစ်တယ် ဂေဟစနစ်ကိုလည်း ဖန်တီးပေးသွားမည်ဖြစ်သည်။ နောက်ဆုံးပေါ် ခေတ်မီဆန်းသစ်သော နည်းပညာများကို နားလည်ပိုင်ဆိုင်ထားသည့် Mytel သည် သုံးစွဲသူများ၏လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးပြီး အလုပ်ခွင်မှာသာမက လူနေမှုဘဝမှာပါ အဆင်ပြေချောမွေ့လွယ်ကူစေမည့့်် အရည်အသွေးမြင့်သော ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်သည်။


“Mytel အနေနဲ့ မြို့ ပြဒေသမှအစ ကျေးလက်ဒေသများအထိ နောက်ဆုံးပေါ်နည်းပညာများကို ပေးအပ်ရင်း မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ် ခေါ်ဆောင်သွားမယ့် လှုပ်ရှားမှုမှာ တစ်ခန်းတစ်ကဏ္ဍက ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် လူတိုင်းက တစ်ယောက်နဲ့တစ်ယောက်သာမကပဲ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်ချိတ်ဆက်သွားနိုင်မှာဖြစ်ပါတယ်။ အခုအချိန်ကစတင်ပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေအနေနဲ့ Mytel ရဲ့ အရည်အသွေးမြင့် 4G အင်တာနက်နဲ့ တခြားသော ဝန်ဆောင်မှုပေါင်းများစွာကို ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့သည်။
ပိုမိုကောင်းမွန်ပြီး မြန်ဆန်သောအင်တာနက်နှင့်အတူ Mytel မိုက်တယ် package ဖြင့် ပထမတစ်လအတွင်း ၄၀၀၀ ကျပ်တည်းဖြင့် အင်တာနက် ၅ GB နှင့် မိနစ် ၂၅၀ ရရှိနိုင်မည့် ခံစားခွင့်နှစ်ဆ အစီအစဉ်ကို ကြေညာခဲ့သည်။ သုံးသလောက်ပေးအစီအစဉ်တွင်လည်း ၄၀ ရာခိုင်နှုန်းသက်သာစေပြီး ၁ MB လျှင် ၅ ကျပ်၊ ၁ မိနစ် ၁၀ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။ Mytel SIM ကဒ်စတင်သုံးစွဲမည့်သူများအတွက် ၁၅၀၀ MB နဲ့ မိနစ် ၁၅၀ ရရှိမည့် အစမ်းသုံးအစီအစဉ်ကိုလည်း ပထမ ၃ လတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအတွက် ၁၀၀ ရာခိုင်နှုန်းပြန်လည်ရရှိနိုင်မည့် ငွေဖြည့်အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ပွင့်လင်းမြင်သာစွာလုပ်ငန်းလုပ်ဆောင်ခြင်းဖြင့် သုံးစွဲသူများနှင့် ရင်းနှီးမှုရယူလိုသော Mytel သည် ရိုးရှင်းသော ငွေဖြတ်စနစ်ဖြစ်သည့် charging block 1s + 1s ဖြင့် ဖုန်းခေါ်ဆိုရာတွင်ကြာသည့်အချိန်အလိုက်သာ ငွေကောက်ခံသွားမည်ဖြစ်သည်။
“Mytel ရဲ့ ဒစ်ဂျစ်တယ်ခရီးစဉ်အစကို ဒီလိုမျိုး မျက်မြင်ကိုယ်တွေ့ပါဝင်ခွင့်ရတဲ့အတွက် အင်မတန် ဂုဏ်ယူမိပါတယ်။ ညီမ ငုရင်မိုင်ရော ကျွန်တော်ရော ဒီလိုမျိုးပါဝင်ခွင့်ရတဲ့အတွက် ပြောမပြတက်အောင် ဝမ်းသာရပါတယ်။ အခုလို အင်တာနက်ဝန်ဆောင်မှုတွေကောင်းမွန်လာတော့ မြို့ရွာကအစ ကျေးလက်ဒေသ တွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပရိတ်သတ်နဲ့ ဆက်သွယ်ချိတ်ဆက်ခွင့်ရပြီး ပိုမိုနီးစပ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု သရုပ်ဆောင်နေတိုးမှ ပြောကြားခဲ့သည်၊။
အခမ်းအနားတွင် နိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွက် ကြီးစွာအထောက်အကူပြုသွားမည့် Mytel ၏ စုံလင်လှသည့် ခေတ်မီသော လယ်ယာစိုက်ပျိုးရေး၊ ခေတ်မီပညာရေး၊ ခေတ်မီကျန်းမာရေး စောင့်ရှောက်မှု၊ ခေတ်မီမြို့တော်နှင့် Mytel ဒစ်ဂျစ်တယ် လူမှုဘဝစသည့် နည်းပညာဝန်ဆောင်မှုများကို ပြသခဲ့ပါသည်။ အခြေခံကျသော နည်းပညာမှအစ အဆင့်မြင့်နည်းပညာများမှတဆင့် စီးပွားရေးနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီသော လူမှုအသိုင်းအဝိုင်းတစ်ခုပေါ်ပေါက်လာစေရန် Mytel မှ ရည်ရွယ်ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်သည်။
ထို့အပြင် MyTV၊ MyMusic၊ MyClip နှင့် MyNews ကဲ့သို့သော ဆန်းသစ်တီထွင် အပိုဆောင်းဝန်ဆောင်မှုများ၊ သုံးစွဲသူများ စိတ်ကျေနပ်မှုရရှိစေမည့် Product များကိုလည်း Mytel မှမိတ်ဆက်ပေးသွားခဲ့သည်။
Mytel သည် နေပြည်တော်၊ ကရင်ပြည်နယ်နှင့်် ပဲခူးတိုင်းအရှေ့ ပိုင်းဒေသများ၌ မတ်လ ၁၅ ရက်နေ့တွင် ကနဦး လုပ်ငန်းစတင်မှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးသို ကွန်ရက်အသင့်ဖြစ်မှုအနေအထား အကောင်းဆုံး အချိန်တွင် ဝန်ဆောင်မှုများ ပေးအပ်သွားနိုင်ရန် တိုးချဲ့လုပ်ကိုင်ခဲ့သည်။ ယခုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာ ဝန်ဆောင်မှုမိတ်ဆက်ပွဲမှတဆင့် နိုင်ငံတွင်း နေရာမရွေး၊ အချိန်မရွေး အသုံးပြုနိုင်သော 4G ကွန်ရက်ကို စတင်ပံ့ပိုးပေးသွားမည်ဖြစ်သည်။ Mytel 4G SIM ကဒ် နှင့် ငွေဖြည့်ကဒ်များ ကို နိုင်ငံအနှံ့ရှိ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၅၀၊ တဆင့်အရောင်းဆိုင်ပေါင်း ၅၀၀၀၀ တွင် အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်မည်ဖြစ်သည်။

MYTEL ကုမ္ဗဏီသည် ၂၀၁၆ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေး ဈေးကွက်သို့ နောက်ဆုံးဝင်ရောက်လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးအပ်သော ကုမ္မဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခု နှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်စုကျော်တိုင် အတွေ့အကြုံရှိသည့် ဗီယက်နမ်နိုင်ငံ Viettel ကုမ္ဗဏီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ Mytel သည် သုံးစွဲသူအကြိုက် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများကို အထူးပြုရင်း၊ ဆက်သွယ်ရေးဈေးကွက်အား နောက်ဆုံးပေါ်နည်းပညာများဖြင့် မောင်းနှင်ကာ မြန်မာပြည်သူပြည်သားများအား ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများကို အဓိကပေးအပ်သွားမည်ဖြစ်သည်။
Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အကျယ်ပြန့်ဆုံး 4G ကွန်ရက်နှင့် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံအဆောက်အဦးများထောက်ပံ့ပေးပြီး ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရန်နှင့် မြန်မာပြည်သူပြည်သားများ ၏ လူမှုဘဝများကို စွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးကွန်ရက် တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက pr@passionmyanmar.com သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
204 shares342 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category