4K resolution LCD display နဲ႔ထြက္ရိွလာႏုိင္တဲ့ LG G8 ThinQ

[Zawgyi]

လက္ရိွကေတာ့ LG G7 ThinQ ေတြေရာင္းေနတဲ့အခ်ိန္ျဖစ္ျပီး ၂၀၁၉ ရဲ႕ flagship ဖုန္းတစ္လံုးျဖစ္လာႏုိင္တဲ့ LG G8 ThinQ အေၾကာင္းကေတာ့ ထံုးစံအတုိင္းသတင္းသဲ့သဲ့စၾကားေနရပါျပီ။ ဒီတစ္ေခါက္အေသးစိတ္ထြက္လာတဲ့အခ်က္အလက္ေတြကေတာ့ စိတ္ခ်ရတဲ့သတင္းရင္းျမစ္တစ္ခုျဖစ္တဲ့ Ice Universe ဆီကလာတာျဖစ္ပါတယ္။

The LG G8 ThinQ could feature an upgraded LCD display with a 4K resolution

၂၀၁၄ LG G3 ကတည္းကစလို႔ LG ရဲ႕ flagship ဖုန္းေတြမွာသံုးလာခဲ့တဲ့ Quad-HD display ေတြကေတာ့ ဒီႏွစ္ flagship ေတြမွာျမင္ရႏုိင္ေခ်မရိွေတာ့ပါဘူး။ ထြက္လာတဲ့သတင္းအတိုင္းဆိုရင္ေတာ့ ေနာက္ႏွစ္ထြက္မယ့္ G8 ThinQ မွာ 4K resolution ရိွတဲ့ display ကိုသံုးထားမယ္လို႔ဆုိပါတယ္။ ဒါေပမယ့္ LCD panel ကိုေတာ့စြန္႔ခြာမယ့္ပံုမေပၚေသးပါဘူး။ ဘာေၾကာင့္ေျပာင္းလဲလိုက္သလဲဆိုတာ စဥ္းစားၾကည့္ရင္ Virtual Reality နဲ႔ဆက္စပ္မယ္လို႔ပဲ ယူဆရပါတယ္။ အရည္အေသြးျမင့္တဲ့ VR content ေတြကိုျပသႏုိင္တဲ့ စမတ္ဖုန္းတစ္လံုးရွာေနတဲ့ customer မ်ားအတြက္ 4K panel ေတြနဲ႔စြဲေဆာင္ႏုိင္ဖုိ႔က LG ရဲ႕ ရည္ရြယ္ခ်က္ျဖစ္ႏုိင္ပါတယ္။

4K display ကိုသံုးဖို႔စဥ္းစားလိုက္တာ ေစ်းကြက္ဗ်ဴဟာတစ္ခုလို႔ပဲ ေျပာရမွာပါ။ Samsung က ေနာက္ႏွစ္ထြက္မယ့္ 2019 Galaxy S10 စီးရီးေတြအတြက္ resolution feature သစ္တစ္ခုကို ဇန္နဝါရီလမွာမိတ္ဆက္ေတာ့မွာျဖစ္ေပမယ့္ LG G8 ThinQ ေတြကေတာ့ တစ္ႏွစ္ေလာက္ေတာင္ ေစာင့္ဖို႔လိုပါေသးတယ္။ ဒီလို resolution မ်ိဳးနဲ႔ display ထြက္မယ္မထြက္မယ္ဆိုတာကလည္း အာမေတာ့မခံႏုိင္ေသးပါဘူး။ လက္ရိွ LG အာရံုစိုက္ေနဆဲကေတာ့ G7 ThinQ  ေတြေရာင္းအားတက္လာဖို႔ရယ္နဲ႔ ထြက္လာမယ့္ V40 ThinQ ေတြအတြက္ ျပင္ဆင္ဖို႔ရယ္အတြက္ပဲ လံုးပမ္းေနဆဲပါပဲ။ တိက်ေသခ်ာတဲ့သတင္းရခဲ့ရင္ေတာ့ update သတင္းေတြနဲ႔အတူ ျပန္လည္ေဖာ္ျပေပးသြားပါမယ္။ 😉

Source: phoneArena

[Unicode]

လက်ရှိကတော့ LG G7 ThinQ တွေရောင်းနေတဲ့အချိန်ဖြစ်ပြီး ၂၀၁၉ ရဲ့ flagship ဖုန်းတစ်လုံးဖြစ်လာနိုင်တဲ့ LG G8 ThinQ အကြောင်းကတော့ ထုံးစံအတိုင်းသတင်းသဲ့သဲ့စကြားနေရပါပြီ။ ဒီတစ်ခေါက်အသေးစိတ်ထွက်လာတဲ့အချက်အလက်တွေကတော့ စိတ်ချရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Ice Universe ဆီကလာတာဖြစ်ပါတယ်။

The LG G8 ThinQ could feature an upgraded LCD display with a 4K resolution

၂၀၁၄ LG G3 ကတည်းကစလို့ LG ရဲ့ flagship ဖုန်းတွေမှာသုံးလာခဲ့တဲ့ Quad-HD display တွေကတော့ ဒီနှစ် flagship တွေမှာမြင်ရနိုင်ချေမရှိတော့ပါဘူး။ ထွက်လာတဲ့သတင်းအတိုင်းဆိုရင်တော့ နောက်နှစ်ထွက်မယ့် G8 ThinQ မှာ 4K resolution ရှိတဲ့ display ကိုသုံးထားမယ်လို့ဆိုပါတယ်။ ဒါပေမယ့် LCD panel ကိုတော့စွန့်ခွာမယ့်ပုံမပေါ်သေးပါဘူး။ ဘာကြောင့်ပြောင်းလဲလိုက်သလဲဆိုတာ စဉ်းစားကြည့်ရင် Virtual Reality နဲ့ဆက်စပ်မယ်လို့ပဲ ယူဆရပါတယ်။ အရည်အသွေးမြင့်တဲ့ VR content တွေကိုပြသနိုင်တဲ့ စမတ်ဖုန်းတစ်လုံးရှာနေတဲ့ customer များအတွက် 4K panel တွေနဲ့စွဲဆောင်နိုင်ဖို့က LG ရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။

4K display ကိုသုံးဖို့စဉ်းစားလိုက်တာ ဈေးကွက်ဗျူဟာတစ်ခုလို့ပဲ ပြောရမှာပါ။ Samsung က နောက်နှစ်ထွက်မယ့် 2019 Galaxy S10 စီးရီးတွေအတွက် resolution feature သစ်တစ်ခုကို ဇန်နဝါရီလမှာမိတ်ဆက်တော့မှာဖြစ်ပေမယ့် LG G8 ThinQ တွေကတော့ တစ်နှစ်လောက်တောင် စောင့်ဖို့လိုပါသေးတယ်။ ဒီလို resolution မျိုးနဲ့ display ထွက်မယ်မထွက်မယ်ဆိုတာကလည်း အာမတော့မခံနိုင်သေးပါဘူး။ လက်ရှိ LG အာရုံစိုက်နေဆဲကတော့ G7 ThinQ  တွေရောင်းအားတက်လာဖို့ရယ်နဲ့ ထွက်လာမယ့် V40 ThinQ တွေအတွက် ပြင်ဆင်ဖို့ရယ်အတွက်ပဲ လုံးပမ်းနေဆဲပါပဲ။ တိကျသေချာတဲ့သတင်းရခဲ့ရင်တော့ update သတင်းတွေနဲ့အတူ ပြန်လည်ဖော်ပြပေးသွားပါမယ်။ 😉

Source: phoneArena

%d bloggers like this: