1113 Shares 1573 Views
Jun 11, 2018
1113 1573
[Zawgyi]
Apple အနေနဲ့ လာမယ့် စက်တင်ဘာလထဲမှာ မျိုးဆက်သစ် iPhone ၃မျိုးကို မိတ်ဆက်ဖို့ ရှိပါတယ်။ iPhone X ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း၊ iPhone 9 နဲ့ LCD အသုံးပြု တန်ဖိုးနည်း iPhone တို့ကို မိတ်ဆက်သွားနိုင်ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။
Ref:gadgets.ndtv
[Unicode]
BGR ဝက်ဆိုက်ကနေ တဆင့် iPhone X Plus ရဲ့ Screen Resolution နဲ့ Aspect Ratio များပေါက်ကြား
Apple အနေနဲ့ လာမယ့် စက်တင်ဘာလထဲမှာ မျိူးဆက်သစ် iPhone ၃မျိူးကို မိတ်ဆက်ဖို့ ရှိပါတယ်။ iPhone X ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း၊ iPhone 9 နဲ့ LCD အသုံးပြု တန်ဖိုးနည်း iPhone တို့ကို မိတ်ဆက်သွားနိုင်ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။
ဒီနေ့မှာတော့ iPhone X မျိူးဆက်သစ် မော်ဒယ်ရဲ့ Screen Resolution နဲ့ Aspect Ratio တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ iPhone X Plus (ခ) iPhone X မျိူးဆက်သစ် မော်ဒယ်ဟာ Resolution 1080 x 2336 pixels ရှိတဲ့ OLED Display ကို အသုံးပြုနိုင်ပြီး Aspect Ratio ကတော့ 19.5:9 ရှိနိုင်တယ်လို့ သိရပါတယ်။ Screen Resolution က ဒီထက် ပိုများကောင်း များနိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ iPhone X မှာတောင် Reslolution 1125 x 2436 pixels ပါဝင်နေလို့ပါ။ အဲ့ဒီအချိန်တုန်းကတော့ Samsung ရဲ့ Super AMOLED Display တွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
iPhone X Plus ရဲ့ Screen ဒီဇိုင်းဟာ iPhone 8 Plus လို ပုံစံမျိူး ဖြစ်နိုင်တယ်လို့ BGR ရဲ့ သတင်းများအရ သိရပါတယ်။ တရားဝင် မိတ်မဆက်ရသေးတဲ့ iOS 12 အသုံးပြု iPhone မော်ဒယ်အသစ်ဟာ BGR နည်းပညာ မီဒီယာရဲ့ ဝက်ဆိုက်ထဲကို ဝင်ရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ၎င်း iPhone မော်ဒယ်အသစ်ရဲ့ Resolution က 496 x 896 points ဖြစ်ပါတယ်။ pixels မဟုတ်ပါ။ Points ဆိုတာကတော့ UIKit Size နဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ developer.apple.com ရဲ့ Screen Geometry ဇယားအရ ဆိုရင်တော့ 496 x 896 points ဟာ 1080 x 2336 pixels အထက်မှာ ရှိနိုင်ပါတယ်။
Ref:gadgets.ndtv
You may be interested
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Feb 17, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…
LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views
LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Ko Thuya - Feb 17, 2019
နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…
FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views
FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Ko Thuya - Feb 17, 2019
Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…
Leave a Comment
Most from this category