1 Shares 69 Views
Samsung မှ Galaxy J4 နှင့် J6 စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်
Jun 11, 2018
1 69
[Zawgyi]
#PR #Samsung
[Unicode]
Samsung Myanmar မှ Galaxy မျိုးဆက်သစ်စမတ်ဖုန်းများဖြစ်သော Galaxy J4 နှင့် Galaxy J6 အား ရန်ကုန်မြို့ရှိ The One Entertainment Park အတွင်း ပြုလုပ်ကျင်းပခဲ့သော J Music Festival တွင် တရားဝင်စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါစမတ်ဖုန်းသစ်များတွင် Samsung ၏ မူပိုင် Super AMOLED မျက်နှာပြင် နှင့် အခြားထူးခြားဆန်းပြားသော လုပ်ဆောင်ချက်အသီးသီးနှင့်အတူ အဆုံးအစမဲ့ ကြည့်ရှုမှုအတွေ့အကြုံအား ပေးစွမ်းနိုင်စေရန် ဖန်တီးထားသောကြောင့် ကြည်လင်ပြတ်သား၍ စိုပြေတောက်ပသော အရည်အသွေးမြင့် ရုပ်ပုံများကို ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် သုံးစွဲသူများအနေဖြင့် နေ့စဉ်နေထိုင်ရာကမ္ဘာကြီးကို ပိုပြီးစိုပြေတောက်ပစွာ အရောင်အသွေးစုံစုံလင်လင်ဖြင့် မြင်တွေ့နိုင်မည်ဖြစ်သည်။
အခုနောက်ဆုံးထွက်ရှိလာတဲ့ Galaxy J Series စမတ်ဖုန်းတွေဟာဆိုရင် အခုခေတ်လူငယ်လေးတွေအတွက် အဓိကဦးစားပေးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့  မူပိုင် Super AMOLED နည်းပညာနဲ့အတူ သုံးစွဲသူတွေအတွက် ပြိုင်ဘက်ကင်းပြီး တကယ့်ကိုကောင်းမွန်တဲ့ ဖျော်ဖြေရေးဆိုင်ရာ ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှပြောကြားသည်။ “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့လည်း Samsung ရဲ့  ထူးခြားတဲ့ အထင်ကရ အဆုံးအစမဲ့ မျက်နှာပြင် ဒီဇိုင်းကို Galaxy J Series  မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ Galaxy J6 မှာ ထည့်သွင်းပေးထားတဲ့အတွက် ဒီဇိုင်းစတင်ပြောင်းလဲလာတာကို သူတို့သတိထားမိကြမှာပါ။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ Galaxy မျိုးဆက်သစ်စမတ်ဖုန်းများတွင် အဆင့်မြှင့်တင်ထားသော မျက်နှာပြင်နည်းပညာများနှင့်အတူ ထူးခြားသောလုပ်ဆောင်ချက်အသီးသီးအား ထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ပိုမိုအရည်အသွေးမြင့်သော မျက်နှာပြင်နှင့်အတူ နေ့စဉ်ဘဝတွင်လည်း အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်သည်။ Galaxy J4 နှင့် Galaxy J6 စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတစ်ဝန်းရှိ  Samsung အရောင်းဆိုင်များ နှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများတွင် လှပဆန်းသစ်သော အရောင်များဖြစ်သည့် အနက်ရောင်၊ ရွှေရောင်နှင့် ခရမ်းရောင် အစရှိသဖြင့် အရောင် ၃ ရောင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy J4 အား ဇွန်လ ၁၅ ရက်၊ ၂၀၁၈ နောက်ပိုင်းမှစတင်၍ ဈေးနှုန်း ၂၁၉ ,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး Galaxy J6 အား ဇွန်လ ၁၂ ရက်၊ ၂၀၁၈ နောက်ပိုင်းမှစတင်၍ ဈေးနှုန်း ၃၁၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
အရောင်အသွေးစုံလင်သော J Series မိတ်ဆက်မှုနှင့်အတူ Samsung Myanmar နှင့် Telenor Myanmar တို့အတူပူးပေါင်းပြီး အပိုထပ်ဆောင်း ဒေတာများအား ဝယ်ယူအားပေးသူများသို့ ပေးအပ်သွားမည်ဖြစ်သည်။
 “မကြာသေးမီက ကောက်ယူခဲ့တဲ့ လေ့လာမှုအရ  မြန်မာနိုင်ငံမှာရှိတဲ့ မိုဘိုင်းအသုံးပြုသူတွေက ဒေတာကို အဓိကထား သုံးစွဲလာကြတာနဲ့အမျှ အွန်လိုင်းကတစ်ဆင့် ရရှိနိုင်တဲ့ အခွင့်အရေးတွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် ခေတ်မီပြီး ဈေးနှုန်းသင့်တင်တဲ့စမတ်ဖုန်း ဝယ်လိုအားတွေလည်း မြင့်တက်လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့  ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ မိုဘိုင်းဖုန်းအသုံးပြုတွေအတွက် အကျိုးကျေးဇူးတွေအများကြီး ပေးစွမ်းနိုင်မယ့် အခုလို ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို ကူညီအားဖြည့်ခွင့်ရတဲ့အတွက်လည်း အထူးဝမ်းသာမိပါတယ်။” ဟု Telenor Myanmar ၏ Head of Device Mr. Colin Tan မှ ပြောကြားသည်။
Samsung ကတော့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကြားမှာ လူကြိုက်အများဆုံး အမှတ်တံဆိပ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေဲ့လည်း သုံးစွဲသူတွေကို ခေတ်မီတဲ့အဆင့်မြင့် စမတ်ဖုန်းတွေနဲ့အတူ ကောင်းမွန်တဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံကို ရရှိစေချင်ပါတယ်။ အဲ့ဒါကြောင့်လည်း Samsung နဲ့အတူ ပူးပေါင်းပြီး လွယ်ကူအဆင်ပြေတဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးတာပါ။ Galaxy J4 နဲ့ Galaxy J6 ဝယ်ယူသုံးစွဲသူတွေအနေနဲ့ လစဉ်  (၃,၀၀၀ သို့မဟုတ် ၅,၀၀၀ သို့မဟုတ် ၁၀,၀၀၀) ဖုန်းငွေဖြည့်တိုင်း လက်ဆောင်အနေဖြင့် (500 MB သို့မဟုတ် 1GB သို့မဟုတ် 2GB) ကို တစ်နှစ်တိတိ ရရှိနိုင်မှာဖြစ်ပါတယ်။” ဟု ၎င်းမှ ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှသုံးစွဲများအားလုံးအတွက် Samsung Myanmar သည် မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်းပြီး Galaxy J4 နှင့် Galaxy J6 စမတ်ဖုန်းသစ်များအပြင် အခြားသော Samsung စမတ်ဖုန်းများအား မည်သူမဆို အရစ်ကျငွေပေးချေစနစ်ဖြင့် အလွယ်တကူဝယ်ယူနိုင်စေရန် ပူးပေါင်းစီစဉ်ထားသည်။ အဆိုပါအစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့်  Samsung ဖုန်းများကို လစဉ်အရစ်ကျငွေပေးချေစနစ်ဖြင့် တစ်လလျှင် အသက်သာဆုံးသော အတိုးနှုန်း ၁.၀၈% ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
#PR #Samsung
You may be interested
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Android, FEATURES, HUBS
115 shares31 views
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Ko Thuya - Nov 19, 2018
Android ပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ Update တစ်ခုထွက်တိုင်းမှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အချို့ လုပ်ဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ဒီပို့စ်မှာ အန်းဒရွိုက်ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ၁။ App များအတွက် သီးခြား Shortcuts…
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
56 shares10 views
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Ko Thuya - Nov 19, 2018
Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
86 shares25 views
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
Ko Thuya - Nov 19, 2018
ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…
Leave a Comment
Most from this category