507 Shares 223 Views

Android နဲ့ iOS တွေအတွက်ထွက်ရှိလာတော့မယ့် Command & Conquer: Rivals ဂိမ်း

Jun 11, 2018
507 223

[Zawgyi]

EA announces Command & Conquer: Rivals for Android and iOS, alpha version playable




 


Source: GSMARENA

[Unicode]

EA announces Command & Conquer: Rivals for Android and iOS, alpha version playable

Electronic Arts ကတော့ E3 2018 conference ပွဲမှာ Command & Conquer ဂိမ်းသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီး မကြာခင်မှာပဲ Android နဲ့ iOS တွေမှာ ဆော့ကစားလို့ရနိုင်တော့မယ်လို့ သိရပါတယ်။

ဒီ Command & Conquer: Rivals ဂိမ်းဟာဆိုရင် ဒီနှစ် ၂၀၁၈ အတွင်းမှာပဲ Android နဲ့ iOS platform တွေအတွက် ထွက်ရှိလာတော့မှာဖြစ်ပြီး တကယ့်ဗျူဟာကျကျကစားရမယ့် strategy ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ player တွေအနေနဲ့ စစ်သားတွေကိုဦးဆောင်ဖို့ Commander တစ်ယောက်ကိုရွေးချယ်ရမှာဖြစ်ပြီး တစ်ယောက်ချင်းစီမှာရှိတဲ့ကိုယ်ပိုင်စွမ်းရည်တွေကိုလိုက်ပြီး ဂိမ်းကစားတဲ့ပုံစံပြောင်းလဲသွားပါလိမ့်မယ်။ ဂိမ်းမှာတော့ ဒုံးကျည် (missile) လော့ခ်မပွင့်ခင်အချိန်ထိ တစ်ဖက်ရန်သူတွေကို အချိန်ဆွဲတိုက်ခိုက်ဖျက်ဆီးရမှာဖြစ်ပါတယ်။ (အောက်မှာ trailer ဗီဒီယိုလေးပြထားပါတယ်)

ရန်သူတွေကိုဖျက်ဆီးဖို့ ဒုံးကျည်၂ခုပဲပေးတဲ့အတွက် တစ်ပွဲတစ်ပွဲကို အရမ်းမကြာပါဘူး။ ဒုံးကျည်မလွှတ်ခင်အချိန်ထိ ခြေလျင်တပ်သားတွေ၊ တင့်ကားတွေ တိုက်လေယာဉ်နဲ့ နည်းပညာမြင့်တဲ့ monster တွေလိုအကောင်ကြီးတွေကိုသုံးပြီး ထိန်းတိုက်ခိုက်နေရမှာပါ။

 

ဒီ Command & Conquer: Rivals ဂိမ်းကို တစ်ကမ္ဘာလုံးအတွက်ထွက်ရှိလာပြီဆိုတဲ့အချိန်ကျရင်တော့ pre-register လုပ်ထားတဲ့သူတွေအနေနဲ့ Titan unit, စိန်တွေ၊ credit တွေ စတာတွေကို ရနိုင်မှာဖြစ်ပါတယ်။ ဒါ့တွေထက် အခုချိန် pre-register လုပ်ထားတဲ့ Android user တွေအနေနဲ့ ဂိမ်းရဲ့ alpha ဗားရှင်းကို ဆော့ကစားလို့ရနိုင်ပြီဆိုတာ သတင်းကောင်းပါးလိုက်ရင်း…..

Source: GSMARENA

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category