0 Shares 847 Views


Jun 10, 2018
0 847





Ref : gsmarena

unicode

Samsung Galaxy S9 များ ဧပြီလမှာ တစ်ကမ္ဘာလုံးတွင် ရောင်းအား အကောင်းဆုံးဖြစ်

Couterpoint က ဧပြီလမှာ တစ်ကမ္ဘာလုံးတွင် ရောင်းအား အကောင်းဆုံး စမတ်ဖုန်း စာရင်းကို စစ်တမ်း ကောက်ယူခဲ့ပါတယ်။ စစ်တမ်းအရ Samsung Galaxy S9 နဲ့ S9 Plus တို့ဟာ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ မြောက်အမေရိကနဲ့ အာရှ – ပစိဖိတ်မှာ အဲဒီ စမတ်ဖုန်းများဟာ ရောင်းအား အလွန် ကောင်းနေပါတယ်။

Galaxy S8 စမတ်ဖုန်းကလည်း ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ၁၀ လုံးစာရင်းထဲမှာ ပါလာတာက ထူးခြားပါတယ်။ iPhone X က နံပါတ် ၃ နေရာမှာ ရပ်တည်နေပ ါတယ်။ ဒါဟာ Apple ရဲ့ ဖောက်သည် ဝန်ဆောင်မှု ကောင်းမွန်မှုကြောင့်လည်း ဖြစ်ပါတယ်။ iPhone 7 များကလည်း အခုထက်ထိ ရောင်းအား ကောင်းနေပြီး နံပါတ် ၉ နေရာကို ရယူထားပါတယ်။

ရှောင်မီရဲ့ Redmi 5A စမတ်ဖုန်းဟာ နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။ Xiaomi Redmi 5 Plus ကတော့ နံပါတ် ၈ နေရာကို သိမ်းပိုက်ထားပါတယ်။ သူတို့ဟာ ဈေးနှုန်းချိုသာတဲ့ စွမ်းရည်နိမ့် စမတ်ဖုန်း များ ဖြစ်ပါတယ်။

Galaxy S9 နဲ့ S9 Plus စမတ်ဖုန်း ၂ လုံးထဲမှာတော့ Plus က နံပါတ် ၁ နဲ့ သာမာန် မော်ဒယ်က နံပါတ် ၂ နေရာကို ရယူထားပါတယ်။ iPhone 8 Plus နဲ့ 8 တို့က နံပါတ် ၄ နဲ ၅ နေရာကို အသီးသီး ရယူထားပါတယ်။

Ref : gsmarena

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category