286 Shares 149 Views
Jun 09, 2018
286 149
Notch မှာဘာတွေပါလဲ
Notch ကို ဖျောက်နည်း
Ref : digitaltrends
unicode
OnePlus 6 မှာ Notch ကို ဘယ်လို ဖျောက်မလဲ ?
ဖုန်းများမှာ စကရင်ဧရိယာပိုမိုကျယ်လာစေဖို့ Notch များကို ထည့်သွင်းလာကြပါတယ်။ Notch များဟာ ဖုန်းရဲ့ အရွယ်အစားကို တိုးမြှင့်စရာ မလိုဘဲ စကရင်ကို တိုးမြှင့်ပေးပါတယ်။ ဒါပေမယ့် App များစွာဟာ Notch ကို မထောက်ပံ့သေးပါဘူး။ ဥပမာအားဖြင့် Video App တစ်ခုဖြင့် ရုပ်ရှင်ကြည့်တဲ့ အခါမှာ Notch ဟာ ဗီဒီယိုရဲ့ တစ်စိတ်တစ်ပိုင်းကို ကာနေမှာပါ။
OnePlus 6 ကို လိုချင်ပေမယ့် Notch ကို မကြိုက်သူများ အတွက်တော့ နည်းလမ်းရှိပါတယ်။ OnePlus 6 မှာ Notch ကို ဖျောက်ထားနိုင်တဲ့ စွမ်းရည် ပါရှိပါတယ်။ အဲဒီအတွက် OnePlus 6 ကို Notch မပါတဲ့ သာမာန် ဖုန်းလို သုံးနိုင်မှာပါ။
Notch မှာဘာတွေပါလဲ
OnePlus 6 ရဲ့ Notch မှာ စပီကာ၊ Notification LED , Selfie Camera များ ပါပါတယ်။ ဒါပေမယ့် iPhone X မှာလို Depth-Mapping Sensor တော့ မဟုတ်ပါဘူး။ OnePlus Company က ဖုန်း အရွယ်အစားကို ကြီးအောင် လုပ်စရာ မလိုဘဲ စကရင် အရွယ်အစားကို ကြီးမားအောင် လုပ်ဖို့အတွက် Notch က အကောင်းဆုံး နည်းလမ်းလို့ ပြောပါတယ်။
Notch ကို ဖျောက်နည်း
ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် Notch ကို မကြိုက်သူများအတွက် OnePlus 6 မှာ ဒီလို ဖျောက်နိုင်ပါတယ်။
• Settings ထဲသွားပါ။ အောက်ဆင်းပြီး Display ကို နှိပ်ပါ။
• Notch Display ထဲသွားပါ။ အဲဒီမှာ Notch ကို ဖျောက်ခြင်းနဲ့ ပြခြင်း စတဲ့ ရွေးချယ်မှုနှစ်ခုကို ပြသထားပါတယ်။
• Hide the notch ကို ရွေးပေးပါ။ ဒါဆိုရင် ဆော့ဖ်ဝဲက Notch ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို Notch အရောင်လို အနက်ဖြင့် ပိတ်ဖုံးလိုက်ပါတယ်။
အဲဒီအတွက် OnePlus 6 ဟာ Notch မပါတဲ့ ဖုန်းလို ဖြစ်သွားပါတယ်။ Notifications , Icons , Connectiviey Information , Battery Level များကိုတော့ Notch ရဲ့ ဘယ်နဲညာမှာ အရင်လိုပဲ ပြသပေးထားမှာပါ။ ဒါပေမယ့် Apps များအပါအဝင် System တစ်ခုလုံးရဲ့ User Interface မှာ သူ့ကို လျစ်လျှူရှုထားမှာပါ။ App များကို သုံးရင်လည်း Notch က Content ကို ကာထားတာမျိုး မဖြစ်တော့ပါဘူး။ Notch ကို မဖျောက်ထားချင်ရင်တော့ Settings ထဲမှာ လွယ်ကူစွာ ပြန်လည် ပြင်ဆင်နိုင်ပါတယ်။
Ref : digitaltrends
You may be interested
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
Creepy Tyler - Sep 25, 2018
နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Ko Thuya - Sep 25, 2018
Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Ko Thuya - Sep 25, 2018
Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…
Leave a Comment
Most from this category