148 Shares 87 Views


Jun 09, 2018
148 87





Ref : digitaltrends

unicode

Facebook က Game Broadcast Channel ကို စမ်းသပ်နေ

Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ ဂိမ်းများ ကစားနေတဲ့ Live Video များ၊ Live မဟုတ်တဲ့ ဂိမ်း ဗီဒီယိုများကို ထုတ်လွှင့်ပြသတဲ့ ဝန်ဆောင်မှု အသစ်တစ်ခုကို စမ်းသပ်နေပါတယ်။ ဒီဝန်ဆောင်မှုကို FB.GG လို့ အမည်ပေးထားပါတယ်။ လူမှုကွန်ရက်ရဲ့ ဗီဒီယို ကဏ္ဍကို အပိုင်း ငါးခု ခွဲခြားထားပါတယ်။ Live Now, Streams by Game, Suggested Streamers, Recently Live , Watched by Your Friends တို့ဖြစ်ပါတယ်။

“ User များဟာ ဂိမ်းထုတ်လုပ်သူများ ၊ ဂိမ်း အမည်များ ၊ Like လုပ်ထားတဲ့ Game Page များဖြင့် နှစ်သက်ရာ ဂိမ်း ဗီဒီယို ထုတ်လွှင့်မှုများကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်း နယ်ပယ်မှ Content များ၊ ဂိမ်း ပြိုင်ပွဲများနဲ့ ပတ်သက်တဲ့ ဗီဒီယိုများကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ “ လို့ Facebook က ပြောပါတယ်။

Facebook မှာ ဂိမ်းများကို လူကြိုက်များလာဖို့အတွက် ကုမ္ပဏီဟာ ဂိမ်း ဖန်တီးသူများကိုလည်း ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ ဂိမ်း ဖန်တီးသူများက သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းကို တည်ထောင်နိုင်အောင် ဖန်တီးပေးမယ့် Facebook’s Gaming Creator Program ကိုလည်း ဇန်နဝါရီလက ပြုလုပ်ပေးခဲ့ပါတယ်။ ဂိမ်း ဗီဒီယိုများကနေ ဂိမ်း ဖန်တီးသူများ၊ ကစားသူများဟာ ဝင်ငွေ ရှာဖွေနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂိမ်း ဗီဒီယို ထုတ်လွှင့်မှု ဝန်ဆောင်မှုများထဲမှာ Twitch နဲ့ YouTube တို့ဟာ လူသုံးအများဆုံးဖြစ်နေပါတယ်။ Facebook ဟာ ပြိုင်ဖက်များကို ယှဉ်ပြိုင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : digitaltrends

You may be interested

iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…

Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ

Ko Thuya - Jun 25, 2018

ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…

Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
204 shares342 views

Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category