0 Shares 342 Views

တက်ဘလက်လိုပါ သုံးနိုင်မယ့် Samsung ရဲ့ ခေါက်ချိုးဖုန်း ၂၀၁၇ အစောပိုင်းမှာ ထွက်ရှိဖွယ်ရှိ

Apr 07, 2016
0 342

မျက်နှာပြင်ကြီးကြီးလည်း ကိုင်ချင်တယ်၊ အိတ်ကပ်ထဲလည်း အလွယ်တကူထည့်သွားလို့ရမယ့် ဖုန်းမျိုး လိုချင်တယ်ဆိုရင်တော့ Samsung ရဲ့ ခေါက်သိမ်းနိုင်တဲ့ foldable smartphone ကို စောင့်မျှော်နေလိုက်ပါ။

Samsung ဟာ လာမယ့်နှစ်မှာ၊ စာအုပ်တစ်အုပ်လို ဟိုဘက်၊ဒီဘက် ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်သွားဖို့ရှိကြောင်း ကောလဟာလသတင်းတွေ ထွက်ပေါ်လာပါတယ်။

ကိုရီးယားသတင်းဌာန ETNews ရဲ့ ဖော်ပြချက်အရ၊ ဒီဖုန်းကို ကုမ္ပဏီအတွင်းမှာ ‘smartlet’ လို့ အမည်ပေးထားပြီး၊ ၇ လက်မအရွယ်မျက်နှာပြင်ရှိမှာဖြစ်ကာ၊ ခေါက်သိမ်းလိုက်ရင် ငါးလက်မအရွယ်ဖုန်း ဖြစ်သွားမယ်လို့ သိရပါတယ်။

ဒီခေါက်သိမ်းနိုင်တဲ့ဖုန်းတွေကို ၂၀၁၇ ခုနှစ်မှာ အလုံးအရင်းနဲ့ ထုတ်ဖို့ရှိပြီး၊ မျက်နှာပြင်ခေါက်သိမ်းနိုင်တဲ့ ဒီနည်းပညာအောင်မြင်ဖို့ သုံးနှစ်တာအချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ဇန်န၀ါရီတုန်းက Samsung’s Display ဌာန ဒါရိုက်တာဖြစ်သူ လီချန်ဟွန်းကိုယ်တိုင်က

“ ကွေးခေါက်နိုင်တဲ့ OLED ဖန်သားပြင်ထုတ်လုပ်ရေးကို ကျွန်တော်တို့ အစီအစဉ်တွေအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကုမ္ပဏီပါတနာတွေနဲ့ ဆွေးနွေးမှုပြုလုပ်ပြီးရင်၊ ဒီဖန်သားပြင်တွေကို အလုံးအရင်း နဲ့ ထုတ်လုပ်ဖြန့်ချိဖို့ရှိပါတယ်” လို့ ရင်းနှီးမြှပ်နှံသူတွေကို ပြောကြားခဲ့တာကြောင့် ယခု ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းသတင်းဟာ ရာနှုန်းပြည့်နီးပါး မှန်ကန်ဖို့ရှိနေပါတယ်။

သတင်းရင်းမြစ်ယုံကြည်စိတ်ချရမှုရှိတဲ့ SamMobile ဆိုက်ရဲ့ ဖော်ပြချက်အရ Samsung ဟာ ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းဗားရှင်းနှစ်မျိုးကို စမ်းသပ်လျက်ရှိပြီး၊ တစ်လုံးက Snapdragon 620 ပရိုဆက်ဆာနဲ့ဖြစ်ကာ၊ နောက်တစ်လုံးက Snapdragon 820 နဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Samsung ကုမ္ပဏီဟာ ယခုလို ကွေးညွတ်နိုင်တဲ့ဖန်သားပြင်တွေကို စမ်းသပ်မှုပြုလုပ်နေတာ နှစ်တော်တော်ကြာပြီဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် CES ပွဲမှာ Youm လို့ ခေါ်တဲ့ ကွေးညွတ်နိုင် Oled ဖန်သားပြင်တစ်ခုကို မိတ်ဆက်ပြသဖူးပါတယ်။

Samsung နည်းတူ LG ကုမ္ပဏီကလည်း ကွေးညွတ်နိုင်တဲ့ဖန်သားပြင်တွေကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး၊ ၂၀၁၄ ခုနှစ်မှာ၊ ၁၈ လက်မအရွယ် ကွေးညွတ်နိုင်တဲ့ Ultra HD ဖန်သားပြင်ကို ပြသခဲ့ပါတယ်။

Ref: DailyMail

 

 

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category