0 Shares 180 Views
Jun 09, 2018
0 180
Ref : gsmarena
unicode
Notch နဲ့ ကြိုးမဲ့ အားသွင်း စနစ်ပါတဲ့ Sharp Aquos S3 High Edition
Full Screen Smartphone ကို အစောဆုံးထုတ်လုပ်ခဲ့သူက Sharp လို့ ပြောလို့ရပါတယ်။ Sharp Aquos S2 ဟာ ကမ္ဘာ့ပထမဆုံး Full Screen Smartphone လို့ ပြောရမှာပါ။ သူ့နောက်မှာမှ Xiaomi နဲ့ Essential တို့က အဲဒီလို ဖုန်းမျိုးကို ရောင်းချခဲ့ကြပါတယ်။ အခုတော့ ဘောင်ပျောက် ဖုန်းများဟာ Trend တစ်ခု ဖြစ်လာပါပြီ။ အခုလည်း Sharp က Notch ပါတဲ့ Full Screen Smartphone အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။
သူ့ရဲ့ အမည်မှာ Sharp Aquos S3 High Edition ဖြစ်ပါတယ်။ ၆ လက်မ IPS LCD Display တပ်ဆင်ထားပြီး မျက်နှာပြင် အရည်အသွေးမှာ FullHD+ ဖြစ်ပါတယ်။ Chipset ကတော့ စွမ်းဆောင်ရည်သင့် Snapdragon 660 Chipset ဖြစ်ပါတယ်။ 8GB RAM တောင်ပါပါတယ်။
ကင်မရာအားလုံးမှာ ဉာဏ်ရည်တု နည်းပညာပါပြီး မျက်နှာများကို ခွဲခြားစိတ်ဖြာနိုင်ပါတယ်။ အနောက်ဘက်မှာ 12MP+13MP Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 16MP Camera တစ်လုံး ထည့်သွင်းထားပါတယ်။ 3200mAh Battery ပါပါတယ်။ ကြိုးမဲ့အားသွင်း စနစ်ထည့်သွင်းထားပြီး Qi Charging Pad များအားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် 7.5W ကိုသာ ထောက်ပံ့တဲ့အတွက် ကြိုးမဲ့အားသွင်းရင် နှေးကွေးပါတယ်။ လျှင်မြန်စွာ အားသွင်းချင်ရင်တော့ USB-C Port ကနေတစ်ဆင့် Quick Charge 3.0 ကို သုံးနိုင်ပါတယ်။
Sharp Aquos S3 High Edition ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထက် ပိုမို ကောင်းမွန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အနက်နဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး ၄၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena
You may be interested
Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်
Android, Huawei, HUBS
0 shares0 views
Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်
Ko Thuya - May 22, 2019
Huawei ရဲ့ စီးပွားရေး လုပ်ငန်းစုမှ စီအီးအို ဖြစ်သူ Richard Yu က ကုမ္ပဏီရဲ့ ကိုယ်ပိုင် Mobile OS ကို ဆောင်းရာသီ မတိုင်ခင်မှာ ဖြန့်ချီပေးမယ်လို့ ပြောကြောင်း သတင်းထွက်လာပါတယ်။ ဟွာဝေးကတော့ OS ကို ဖြန့်ချီမယ့်…
48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ
Android, Huawei, HUBS
0 shares23 views
48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ
Ko Thuya - May 22, 2019
Honor က အလန်းစား ကင်မရာများ ပါတဲ့ Honor 20 Pro ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ 48MP Main Camera ဟာ လက်ရှိဖုန်းတွေထဲမှာ အမြန်ဆုံး Aperture ကို ပိုင်ဆိုင်ထားပါတယ်။ OIS နဲ့ EIS…
အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ
Android, Huawei, HUBS
0 shares25 views
အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ
Ko Thuya - May 22, 2019
Huawei က Mobile Photography ကို ထူးခြားဆန်းသစ်အောင်ပြုလုပ်နေပါတယ်။ အခုတော့ သူ့ရဲ့ ဘရန်းခွဲ Honor ကလည်း ဒီလမ်းစဉ်ကိုလိုက်လာပါတယ်။ ကုမ္ပဏီက အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 နဲ့ Honor 20 Pro တို့ကို ကြေညာလိုက်ပါတယ်။…
Leave a Comment
Most from this category