310 Shares 126 Views

ဒီႏွစ္ Windows PC ေတြအတြက္ Qualcomm ရဲ႕ Snapdragon 850

Jun 09, 2018
310 126

[Zawgyi]

Windows 10 Always Connected PC ေတြအတြက္အထူးအေနနဲ႔ Qualcomm ကေတာ့ ပရိုဆက္ဆာအသစ္ကိုမိတ္ဆက္လိုက္ပါျပီ။ ပထမဆံုး Always Connected PC ေတြမွာသံုးခဲ့တဲ့ Snapdragon 835 ထက္ စြမ္းေဆာင္ရည္၊ LTE ကြန္ယက္ခ်ိတ္ဆက္ႏုိင္စြမ္းနဲ႔ ဘက္ထရီသက္တမ္းေတြပိုေကာင္းလာပါျပီ။

Image result for Qualcomm’s new Snapdragon 850 processor will arrive in Windows PCs this year

Qualcomm ေျပာပံုအတုိင္းဆိုရင္ေတာ့ ဒီ Snapdragon 850 processor ေတြကို PC ေတြမွာပဲသံုးလို႔ရမွာျဖစ္ျပီး ဖုန္းေတြအတြက္ေတာ့သံုးလို႔ရမွာမဟုတ္ပါဘူး။ Always Connected PC platform ေပၚမွာ Snapdragon 835 ထက္ စြမ္းေဆာင္ရည္ ၃၀% ပိုေကာင္းလာျပီး ဘက္ထရီသက္တမ္း ၂၀% ပိုေကာင္း၊ gigabit ေဒတာအျမန္ႏႈန္းက ၂၀%ေလာက္ပိုျမန္လာပါတယ္။ ဒီႏွစ္ flagship ဖုန္းေတြမွာသံုးထားတဲ့ Snapdragon 845 ေတြကို အထူးျပဳျပင္ထုတ္လုပ္ထားတာျဖစ္လို႔ SD 845 ေတြလိုပဲ ဒုတိယမ်ိဳးဆက္ 10nm process ေပၚမွာပဲ အေျခခံထုတ္လုပ္ထားပါတယ္။  ဆယ္လူလာကြန္ယက္ခ်ိတ္ဆက္မႈအတြက္ကေတာ့ X20 modem ေတြကိုပဲသံုးထားတာမို႔ SD 845 ေတြနဲ႔တူတူပါပဲ။

ပထမဆံုး  Snapdragon 835 ပရိုဆက္ဆာသံုးထားတဲ့ ပထမဆံုး  Always Connected PC ေတြက ဒီႏွစ္ေႏြဦးကမွေရာက္ခဲ့တာျဖစ္ျပီး အခု 850 သံုး PC ေတြကေတာ့ ဒီႏွစ္အားလပ္ရက္ရာသီမွာေတြ႔ျမင္လာရဖြယ္ရိွပါတယ္။ ကုမၸဏီအေနနဲ႔ ေနာက္ထပ္ပါတနာေတြလည္း ပိုမ်ားလာျပီး Samsung ရဲ႕ေနာက္ထြက္လာမယ့္ PC မွာလည္း ဒီ chipset ေတြကိုျမင္ရဦးမွာပါ။

Qualcomm က သူကိုယ္တိုင္ Always Connected PC ေတြကိုေတာ့မထုတ္လုပ္ဘဲ ထုတ္လုပ္သူေတြကို သူ႔ရဲ႕ chipset ေတြေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။ ေနာက္ျပီး modem antenna ေတြအတြက္ front-end ဒီဇုိင္းကိုလည္းဖန္တီးေပးတာေၾကာင့္ PC ထုတ္လုပ္သူေတြအေနနဲ႔ ေခါင္းစားစရာလည္းမလုိပါဘူး။

ပထမဆံုး Always Connected PC ေတြတုန္းကေတာ့ x86 Intel ပရိုဆက္ဆာသံုးကြန္ပ်ဴတာေတြေလာက္ေတာင္ စြမ္းေဆာင္ရည္မေကာင္းခဲ့လို႔ စိတ္ပ်က္ရတဲ့အျပင္ သူ႔မွာသံုးႏိုင္တဲ့ app ေတြ ပရိုဂရမ္ေတြကလည္း ကန္႔သတ္ခ်က္ရိွတာ ဆိုးပါတယ္။ အဲ့ဒီေနာက္ေတာ့ Microsoft က developer ေတြအတြက္ SDK (Software Development Kits) ေတြမိတ္ဆက္ေပးလိုက္တဲ့အတြက္ Always Connected PC ေတြမွာ 64-bit app ေတြသံုးႏုိင္လာမယ့္အခ်ိန္နဲ႔ ဒီ Snapdragon 850 processor ေတြထြက္မယ့္အခ်ိန္နဲ႔ဆို အကိုက္ပဲေနပါလိမ့္မယ္။ Computex ပြဲမွာေတာ့ Always Connected pC ေတြမိတ္ဆက္လာဦးမလား ေစာင့္ၾကည့္ရဦးမွာပါပဲ။

Source : TheVerge

[Unicode]

Windows 10 Always Connected PC တွေအတွက်အထူးအနေနဲ့ Qualcomm ကတော့ ပရိုဆက်ဆာအသစ်ကိုမိတ်ဆက်လိုက်ပါပြီ။ ပထမဆုံး Always Connected PC တွေမှာသုံးခဲ့တဲ့ Snapdragon 835 ထက် စွမ်းဆောင်ရည်၊ LTE ကွန်ယက်ချိတ်ဆက်နိုင်စွမ်းနဲ့ ဘက်ထရီသက်တမ်းတွေပိုကောင်းလာပါပြီ။

Image result for Qualcomm’s new Snapdragon 850 processor will arrive in Windows PCs this year

Qualcomm ပြောပုံအတိုင်းဆိုရင်တော့ ဒီ Snapdragon 850 processor တွေကို PC တွေမှာပဲသုံးလို့ရမှာဖြစ်ပြီး ဖုန်းတွေအတွက်တော့သုံးလို့ရမှာမဟုတ်ပါဘူး။ Always Connected PC platform ပေါ်မှာ Snapdragon 835 ထက် စွမ်းဆောင်ရည် ၃၀% ပိုကောင်းလာပြီး ဘက်ထရီသက်တမ်း ၂၀% ပိုကောင်း၊ gigabit ဒေတာအမြန်နှုန်းက ၂၀%လောက်ပိုမြန်လာပါတယ်။ ဒီနှစ် flagship ဖုန်းတွေမှာသုံးထားတဲ့ Snapdragon 845 တွေကို အထူးပြုပြင်ထုတ်လုပ်ထားတာဖြစ်လို့ SD 845 တွေလိုပဲ ဒုတိယမျိုးဆက် 10nm process ပေါ်မှာပဲ အခြေခံထုတ်လုပ်ထားပါတယ်။  ဆယ်လူလာကွန်ယက်ချိတ်ဆက်မှုအတွက်ကတော့ X20 modem တွေကိုပဲသုံးထားတာမို့ SD 845 တွေနဲ့တူတူပါပဲ။

ပထမဆုံး  Snapdragon 835 ပရိုဆက်ဆာသုံးထားတဲ့ ပထမဆုံး  Always Connected PC တွေက ဒီနှစ်နွေဦးကမှရောက်ခဲ့တာဖြစ်ပြီး အခု 850 သုံး PC တွေကတော့ ဒီနှစ်အားလပ်ရက်ရာသီမှာတွေ့မြင်လာရဖွယ်ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ထပ်ပါတနာတွေလည်း ပိုများလာပြီး Samsung ရဲ့နောက်ထွက်လာမယ့် PC မှာလည်း ဒီ chipset တွေကိုမြင်ရဦးမှာပါ။

Qualcomm က သူကိုယ်တိုင် Always Connected PC တွေကိုတော့မထုတ်လုပ်ဘဲ ထုတ်လုပ်သူတွေကို သူ့ရဲ့ chipset တွေထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ နောက်ပြီး modem antenna တွေအတွက် front-end ဒီဇိုင်းကိုလည်းဖန်တီးပေးတာကြောင့် PC ထုတ်လုပ်သူတွေအနေနဲ့ ခေါင်းစားစရာလည်းမလိုပါဘူး။

ပထမဆုံး Always Connected PC တွေတုန်းကတော့ x86 Intel ပရိုဆက်ဆာသုံးကွန်ပျူတာတွေလောက်တောင် စွမ်းဆောင်ရည်မကောင်းခဲ့လို့ စိတ်ပျက်ရတဲ့အပြင် သူ့မှာသုံးနိုင်တဲ့ app တွေ ပရိုဂရမ်တွေကလည်း ကန့်သတ်ချက်ရှိတာ ဆိုးပါတယ်။ အဲ့ဒီနောက်တော့ Microsoft က developer တွေအတွက် SDK (Software Development Kits) တွေမိတ်ဆက်ပေးလိုက်တဲ့အတွက် Always Connected PC တွေမှာ 64-bit app တွေသုံးနိုင်လာမယ့်အချိန်နဲ့ ဒီ Snapdragon 850 processor တွေထွက်မယ့်အချိန်နဲ့ဆို အကိုက်ပဲနေပါလိမ့်မယ်။ Computex ပွဲမှာတော့ Always Connected pC တွေမိတ်ဆက်လာဦးမလား စောင့်ကြည့်ရဦးမှာပါပဲ။

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
0 shares0 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
86 shares25 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category