0 Shares 41 Views

စတင်တင်ပို့ရောင်းချပြီဖြစ်တဲ့ HTC Vive VR Headset

HTC ရဲ့ နောက်ဆုံးထွက် VR Headset အမျိုးအစားတစ်ခုဖြစ်တဲ့ HTC Vive ဟာ ယခုဆိုရင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Vive ကိုပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းကရင်းဖန်တီးခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလတုန်းက ပြုလုပ်သွားခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် ပွဲမှာထုတ်ဖော်ပြသသွားခဲ့တာ ဖြစ်ပါတယ်။

HTC ရဲ့ VR Headset ဟာ လက်ကိုင်တစ်မျိုးလည်းပါဝင်ပြီး ခေါင်းတပ်နဲ့အတူ တွဲထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ HTC ဟာ ကြိုတင်မှာယူထားတဲ့ သုံးစွဲသူတွေအတွက် ကောင်းမွန်စွာတင်ပို့နိုင်အောင် ထိန်းကျောင်းနိုင်ခဲ့ပြီး ဧပြီလ ၅ရက်နေ့တုန်းက စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ တင်ပို့ရာမှာလည်း သင်္ဘောပြဿနာ၊ အကောက်ခွန်ပြဿနာ ဘာမှမရှိခဲ့ပဲ ချောမွေ့စွာတင်ပို့နိုင်ခဲ့လို့ ခန့်မှန်းထားတာထက် စောစီးစွာထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၉၇၅ (ကျပ် ဆယ့်နှစ်သိန်းခန့်ရှိမယ့်) ဒီ Headset ဟာ VR ဈေးကွက်ထဲမှာ ဈေးကြီးတဲ့ အမျိုးအစားတစ်ခုဖြစ်ပြီး ပါဝင်တဲ့ ကွန်ထရိုးနှစ်ခုဟာ ဂိမ်းတွေဆော့ကစားရာမှာ ထိန်းကျောင်းနိုင်မှာဖြစ်ပါတယ်။

ပြိုင်ဖက်တွေဖြစ်တဲ့ Sony နဲ့ Facebook တို့ကလည်း VR Headset တွေကို ထုတ်လုပ်ထားခဲ့ကြတာဖြစ်ပြီး Sony ရဲ့ Playstation VR Headset ဟာ Playstation 4 နဲ့ တွဲဖက်ပြီးဆော့ကစားဖို့ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဈေးနှုန်းပိုင်းအရဆိုရင်လည်း ဒေါ်လာ ၃၉၉ ခန့်သာရှိတာကြောင့် VR Headset တွေကြားမှာ ထင်ရှားကျော်ကြားတာလည်းဖြစ်ပါတယ်။

playstation vr2

Ref: Independent

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category