152 Shares 123 Views

Computex 2018 မွ ေနာက္ဆံုးရ သတင္းမ်ား

Jun 08, 2018
152 123

ကမာၻ႕ အႀကီးမားဆံုး ကြန္ျပဴတာ နည္းပညာျပပြဲႀကီး တစ္ခု ျဖစ္တဲ့ Computex 2018 ကိုိ ယခုလ ၅ ရက္ေန႔ကေန ၉ ရက္ေန႔အထိ က်င္းပေနၾကပါတယ္။ ကြန္ျပဴတာ ျပပြဲဆိုေပမယ့္ စမတ္ဖုန္းမ်ားနဲ႔ အျခား နည္းပညာ ထုတ္ကုန္မ်ားကိုပါ ျပသေနၾကပါတယ္။ အဲဒီပြဲမွ ေနာက္ဆံုးရ သတင္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။

Zotac VR Go 2.0

သူကေတာ့ ဘက္ထရီနဲ႔ အသံုးျပဳလို႔ရတဲ့ Portable PC ျဖစ္ၿပီး ေက်ာပိုးအိတ္လို လြယ္သြားႏိုင္ပါတယ္။ အားသြင္းႀကိဳးမ်ား မလိုဘဲ Virtual Reality Game မ်ားကို ကစားႏုိင္ဖို႔ ရည္ရြယ္ပါတယ္။ စြမ္းရည္အပိုင္းမွာေတာ့ သူဟာ အျခား ပီစီမ်ားကို ယွဥ္ႏုိင္ပါတယ္။ ဒါေပမယ့္ ေပါ့ပါးေစဖို႔အတြက္ ဘက္ထရီကို ေလွ်ာ့ခ်ထားပါတယ္။

MSI GF63

MSI ဟာ ပါးလႊာ ေပါ့ပါးတဲ့ လက္ပ္ေတာ့မ်ားကို ပိုိမို သက္သာေအာင္ ျပဳလုပ္ေပးေနပါတယ္။ သူ႔ရဲ႕ MSI GF63 ကိုလည္း ပြဲမွာ ျပသခဲ့ၿပီး အလြန္ ပါးလႊာတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ား ထည့္ထားပါတယ္။

Asus ROG Strix Hero II

သူဟာ အလြန္လွပစြာ ဒီဇိုင္း ထုတ္ထားတဲ့ ဂိမ္း လက္ပ္ေတာ့ ျဖစ္ၿပီး ေစ်းႏႈန္း ခ်ိဳသာပါတယ္။ Intel Core i7-8750H, GTX 1060 6GB, Full HD 144Hz display 16GB 2666Mhz RAM, 256GB PCIe SSD နဲ႔ 1TB FireCuda SSHD မ်ား ထည့္ထားပါတယ္။

Asus ZenBook S

Asus ZenBook S ဟာ အလြန္ ေကာင္းမြန္တဲ့ Ultrabook ျဖစ္ပါတယ္။ ဒီဇိုင္းကလည္း ဆန္းသစ္ပါတယ္။ ၁၃ လက္မ လက္ပ္ေတာ့ဟာ ေစ်းႏႈန္းကလည္း သင့္တင့္ပါတယ္။

Asus VivoBook S

Asus VivoBook S15 နဲ႔ VivoBook S14 တို႔ဟာ အေရာင္စံုလွၿပီး လူေတြရဲ႕ မ်က္စိပသာဒျဖစ္ေအာင္ ဖန္တီးထားတာပါ။ Firmament Green, Star Grey, Silver Blue, Gun Metal, Icicle Gold အေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

Asus ROG Phone

Asus က Gaming Phone ကိုလည္း ျပသခဲ့ပါတယ္။ သူ႔မွာ ၆ လက္မ AMOLED Display နဲ႔ စြမ္းရည္ျမင့္ ဟာ့ဒ္၀ဲမ်ား ပါပါတယ္။ Asus က 2.96GHz Qualcomm Snapdragon 845 chip ကို အသံုးျပဳဖုိ႕ ေရြးခ်ယ္ခဲ့ပါတယ္။ Xiaomi Black Shark , Razer Phone မ်ားကို ယွဥ္ၿပိဳင္မွာပါ။

Huawei MateBook D


Huawei ရဲ႕ လက္ပ္ေတာ့မ်ားဟာ အဆင့္အတန္း ျမင့္မားလာၾကပါၿပီ။ ဒီပြဲမွာ MateBook D ကို ျပသခဲ့ပါတယ္။ သူဟာ MacBook Fans မ်ားကို စြဲေဆာင္ဖို႔ ရည္ရြယ္ထားၿပီး အလြန္လန္းတဲ့ ဒီဇိုင္းနဲ႔ စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ား ထည့္ထားပါတယ္။

Intel

Intel က လက္ပ္ေတာ့ ဘက္ထရီမ်ားရဲ႕ သက္တမ္းကို ၂၈ နာရီအထိခံေအာင္ ျပဳလုပ္ေပးတဲ့ နည္းပညာကို တီထြင္ႏုိင္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ Sharp နဲ႔ Innolux တို႔ ဖန္တီးထားတဲ့ 1W Panel မွာ အဲဒီ Low Power Display နည္းပညာကို ထည့္သြင္းထားတာပါ။ သူက LCD ရဲ႕ စြမ္းအင္စားသံုးမႈကို ထက္၀က္ေလွ်ာ့ခ်ေပးပါတယ္။

Intel က 5GHz အျမန္ႏႈန္းရွိတဲ့ 28 Core Processor ကို ဒီႏွစ္ထဲမွာ ေရာင္းမယ္လို႔လည္း ေၾကညာပါတယ္။ အလြန္ စြမ္းရည္ျမင့္မားမွာပါ။ ေစ်းႏႈန္းကလည္း အလြန္လန္းေနမွာပါ။

Asus Project Precog

Asus က အနာဂတ္မွာ ထုတ္လုပ္မယ့္ လက္ပ္ေတာ့ အဆန္းတစ္လံုးကို ျပသလိုက္ပါတယ္။ Project Precog လို႔ အမည္ေပးထားၿပီး စမတ္ ကီးဘုတ္လို သံုးႏုိင္မယ့္ စကရင္ အပိုပါလာပါတယ္။ သူ႔မွာ Apps , Videos မ်ားကိုလည္း ျပသေပးပါတယ္။ ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားပါတယ္။ ၂၀၁၉ ေလာက္မွာ ေရာင္းခ်ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

Qualcomm

Qualcomm က ပီစီမ်ားအတြက္ Snapdragon 850 CPU ကို မိတ္ဆက္လိုက္ပါတယ္။ Windows 10 Device မ်ားမွာ သံုးနိုင္မွာ ျဖစ္ၿပီး Always Connected PC မ်ားအတြက္ စြမ္းရည္၊ ၾကာရွည္ အသံုးခံမႈနဲ႔ ႀကိဳးမဲ့ ဆက္သြယ္မႈမ်ားမွာ ေကာင္းမြန္ပါတယ္။

Ref : techradar

unicode

Computex 2018 မှ နောက်ဆုံးရ သတင်းများ

ကမ္ဘာ့ အကြီးမားဆုံး ကွန်ပြူတာ နည်းပညာပြပွဲကြီး တစ်ခု ဖြစ်တဲ့ Computex 2018 ကို ယခုလ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပနေကြပါတယ်။ ကွန်ပြူတာ ပြပွဲဆိုပေမယ့် စမတ်ဖုန်းများနဲ့ အခြား နည်းပညာ ထုတ်ကုန်များကိုပါ ပြသနေကြပါတယ်။ အဲဒီပွဲမှ နောက်ဆုံးရ သတင်းများကို ဖော်ပြလိုက်ပါတယ်။

Zotac VR Go 2.0

သူကတော့ ဘက်ထရီနဲ့ အသုံးပြုလို့ရတဲ့ Portable PC ဖြစ်ပြီး ကျောပိုးအိတ်လို လွယ်သွားနိုင်ပါတယ်။ အားသွင်းကြိုးများ မလိုဘဲ Virtual Reality Game များကို ကစားနိုင်ဖို့ ရည်ရွယ်ပါတယ်။ စွမ်းရည်အပိုင်းမှာတော့ သူဟာ အခြား ပီစီများကို ယှဉ်နိုင်ပါတယ်။ ဒါပေမယ့် ပေါ့ပါးစေဖို့အတွက် ဘက်ထရီကို လျှော့ချထားပါတယ်။

MSI GF63

MSI ဟာ ပါးလွှာ ပေါ့ပါးတဲ့ လက်ပ်တော့များကို ပိုမို သက်သာအောင် ပြုလုပ်ပေးနေပါတယ်။ သူ့ရဲ့ MSI GF63 ကိုလည်း ပွဲမှာ ပြသခဲ့ပြီး အလွန် ပါးလွှာတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ စွမ်းရည်မြင့် အစိတ်အပိုင်းများ ထည့်ထားပါတယ်။

Asus ROG Strix Hero II

သူဟာ အလွန်လှပစွာ ဒီဇိုင်း ထုတ်ထားတဲ့ ဂိမ်း လက်ပ်တော့ ဖြစ်ပြီး ဈေးနှုန်း ချိုသာပါတယ်။ Intel Core i7-8750H, GTX 1060 6GB, Full HD 144Hz display 16GB 2666Mhz RAM, 256GB PCIe SSD နဲ့ 1TB FireCuda SSHD များ ထည့်ထားပါတယ်။

Asus ZenBook S

Asus ZenBook S ဟာ အလွန် ကောင်းမွန်တဲ့ Ultrabook ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း ဆန်းသစ်ပါတယ်။ ၁၃ လက်မ လက်ပ်တော့ဟာ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။

Asus VivoBook S

Asus VivoBook S15 နဲ့ VivoBook S14 တို့ဟာ အရောင်စုံလှပြီး လူတွေရဲ့ မျက်စိပသာဒဖြစ်အောင် ဖန်တီးထားတာပါ။ Firmament Green, Star Grey, Silver Blue, Gun Metal, Icicle Gold အရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Asus ROG Phone

Asus က Gaming Phone ကိုလည်း ပြသခဲ့ပါတယ်။ သူ့မှာ ၆ လက်မ AMOLED Display နဲ့ စွမ်းရည်မြင့် ဟာ့ဒ်ဝဲများ ပါပါတယ်။ Asus က 2.96GHz Qualcomm Snapdragon 845 chip ကို အသုံးပြုဖို့ ရွေးချယ်ခဲ့ပါတယ်။ Xiaomi Black Shark , Razer Phone များကို ယှဉ်ပြိုင်မှာပါ။

Huawei MateBook D


Huawei ရဲ့ လက်ပ်တော့များဟာ အဆင့်အတန်း မြင့်မားလာကြပါပြီ။ ဒီပွဲမှာ MateBook D ကို ပြသခဲ့ပါတယ်။ သူဟာ MacBook Fans များကို စွဲဆောင်ဖို့ ရည်ရွယ်ထားပြီး အလွန်လန်းတဲ့ ဒီဇိုင်းနဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းများ ထည့်ထားပါတယ်။

Intel

Intel က လက်ပ်တော့ ဘက်ထရီများရဲ့ သက်တမ်းကို ၂၈ နာရီအထိခံအောင် ပြုလုပ်ပေးတဲ့ နည်းပညာကို တီထွင်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Sharp နဲ့ Innolux တို့ ဖန်တီးထားတဲ့ 1W Panel မှာ အဲဒီ Low Power Display နည်းပညာကို ထည့်သွင်းထားတာပါ။ သူက LCD ရဲ့ စွမ်းအင်စားသုံးမှုကို ထက်ဝက်လျှော့ချပေးပါတယ်။

Intel က 5GHz အမြန်နှုန်းရှိတဲ့ 28 Core Processor ကို ဒီနှစ်ထဲမှာ ရောင်းမယ်လို့လည်း ကြေညာပါတယ်။ အလွန် စွမ်းရည်မြင့်မားမှာပါ။ ဈေးနှုန်းကလည်း အလွန်လန်းနေမှာပါ။

Asus Project Precog

Asus က အနာဂတ်မှာ ထုတ်လုပ်မယ့် လက်ပ်တော့ အဆန်းတစ်လုံးကို ပြသလိုက်ပါတယ်။ Project Precog လို့ အမည်ပေးထားပြီး စမတ် ကီးဘုတ်လို သုံးနိုင်မယ့် စကရင် အပိုပါလာပါတယ်။ သူ့မှာ Apps , Videos များကိုလည်း ပြသပေးပါတယ်။ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ ၂၀၁၉ လောက်မှာ ရောင်းချဖို့ မျှော်လင့်ထားပါတယ်။

Qualcomm

Qualcomm က ပီစီများအတွက် Snapdragon 850 CPU ကို မိတ်ဆက်လိုက်ပါတယ်။ Windows 10 Device များမှာ သုံးနိုင်မှာ ဖြစ်ပြီး Always Connected PC များအတွက် စွမ်းရည်၊ ကြာရှည် အသုံးခံမှုနဲ့ ကြိုးမဲ့ ဆက်သွယ်မှုများမှာ ကောင်းမွန်ပါတယ်။

Ref : techradar

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares363 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category