12127 Shares 18601 Views
User ၁၄သန်းရဲ့ private post တွေကို public အနေနဲ့မှားတင်လိုက်မိတဲ့ ဖေ့စ်ဘွတ်ခ်
Jun 08, 2018
12127 18601
[Zawgyi]
Source: TheNextWeb
[Unicode]
ဒီနေ့ဖြစ်သွားတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့အမှားတစ်ခုက နဂိုကတည်းက မလုံခြုံလို့ပြဿနာတက်နေတဲ့အပေါ် ထပ်ပြီးမီးခဲချလိုက်သလိုပါပဲ။ ကိစ္စကတော့ ဖေ့စ်ဘွတ်ခ် user ၁၄သန်းရဲ့ private အနေနဲ့တင်ထားတဲ့ပို့စ်တွေကို public အနေနဲ့ share လိုက်တာပါပဲ။
Developer တွေက user တွေရဲ့ profile အတွက် feature တစ်ခုကိုစမ်းရင်းနဲ့ user တွေ private အနေနဲ့တင်ထားတဲ့ပို့စ်တွေကို public အနေနဲ့ဖော်လိုက်တဲ့ bug တစ်ခုပါသွားပါတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ user တွေအနေနဲ့ ပုံတွေ တခြား content တွေကို highlight လုပ်ဖို့အတွက် “featured items” ဆိုတဲ့ option အသစ်ကလေးကို စမ်းရင်းနဲ့ အမှားအယွင်းဖြစ်သွားတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
အကောင့်အသစ်တွေတို့ ဒါမှမဟုတ် ပို့စ် setting ကိုမချိန်းတဲ့သူတို့အတွက်တော့ ဖေ့စ်ဘွတ်က public ကို default အနေနဲ့ထားပေးထားပါတယ်။ ဒါပေမယ့် တစ်ချို့ user တွေကတော့ သူငယ်ချင်းတွေ (friends Only) တို့ ဒါမှမဟုတ် ဘယ်သူမှလွဲ၍တို့ (post except from…) လိုမျိုး setting ကိုပြောင်းပြီးတင်လေ့ရှိကြပါတယ်။ ဒီလိုတင်တဲ့ထဲက တစ်ချို့user တွေရဲ့ပို့စ်တွေကတော့ ဒီစမ်းသပ်မှုမှာပါသွားပြီး public ဖြစ်သွားခဲ့ရပါတယ်။
ဒီသတင်းကိုဖောက်သည်ချလိုက်သူက CNN ဖြစ်ပြီး ဒါ အရင်လကတည်းကဖြစ်ခဲ့တဲ့ကိစ္စ ကိုယ်တွေတောင်မသိလိုက်ရတဲ့ကိစ္စပါ။ ဒီ bug ကို မေလ ၁၈ရက်နေ့ကတွေ့ပြီး မေလ ၂၂ရက်နေ့မှ ပထမဆုံး ပြန်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကြားထဲ ၄ရက်လုံးဒီတိုင်းပဲဖြစ်နေပြီး ၂၂ရက်နေ့မှ ၁၄သန်းလုံးရဲ့ပို့စ်တွေကို private ပြန်ပြောင်းနိုင်ခဲ့တာပါ။ မေလ ၂၇ရက်နေ့မှာတော့ ဒုတိယ update နဲ့အတူ ကျန်တဲ့ပြဿနာတွေကို အားလုံးဖြေရှင်းပြီးခဲ့ပါတယ်။
၁၄သန်းထဲမှာပါသွားတဲ့သူတွေကိုတော့ ဖေ့စ်ဘွတ်ခ်က “Please Review Your Posts” ဆိုပြီးမက်ဆေ့ချ်စပြပေးနေပါပြီ။ အဲ့မှာ လင့်ခ်ကလေးတစ်ခုပါပြီး ဖေ့စ်ဘွတ်ခ်က “bug” ကိုမဖြေရှင်းနိုင်ခင်က public share လိုက်မိတဲ့ပို့စ်တွေကိုဖော်ပြပေးပါလိမ့်မယ်။
ဖေ့စ်ဘွတ်ခ်က ဆက်ရပ်တည်နိုင်ပါဦးမလားဆိုတာတော့ စိတ်ပူစရာရှိမယ်မထင်ပါဘူး။ Cambridge Analytica ဖြစ်တဲ့တစ်လမှာတော့ စတော့တွေထိုးကျသွားပေမယ့် အခုတော့ ထိပ်ဆုံးကိုပြန်လည်ထောင်တက်နေတဲ့အတွက် မတည်မြဲမှာတော့ စိတ်ပူစရာမရှိပါဘူး။ တည်မြဲနေသရွေ့ ကိုယ့်မှာ serious ဒေတာတွေမရှိသေးသရွေ့ကတော့ ဖေ့စ်ဘွတ်ခ်ဆိုတာ လူတော်တော်များများဆက်သုံးကြဦးမယ့် ဆိုရှယ်မီဒီယာတစ်ခု ဆက်ဖြစ်နေပါလိမ့်မယ်။
Source: TheNextWeb
You may be interested
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Android, FEATURES, HUBS
115 shares31 views
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Ko Thuya - Nov 19, 2018
Android ပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ Update တစ်ခုထွက်တိုင်းမှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အချို့ လုပ်ဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ဒီပို့စ်မှာ အန်းဒရွိုက်ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ၁။ App များအတွက် သီးခြား Shortcuts…
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
56 shares10 views
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Ko Thuya - Nov 19, 2018
Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
86 shares25 views
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
Ko Thuya - Nov 19, 2018
ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…
Leave a Comment
Most from this category