459 Shares 296 Views
Jun 08, 2018
459 296
[Zawgyi]
Ref: gadgets.ndtv
[Unicode]
16MP AI Camera ပါဝင်တဲ့ တန်ဖိုးနည်း စမတ်ဖုန်း Redmi Y2 ကို Xiaomi မိတ်ဆက်
Xiaomi အနေနဲ့ တန်ဖိုးနည်း စမတ်ဖုန်း Redmi Y2 ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi Y2 ဟာ Aperture f/2.0 ရှိတဲ့ 16MP Camera ကို ရှေ့မျက်နှာပြင်မှာ တပ်ဆင်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး AI Camera လုပ်ဆောင်ချက်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Selfie LED Light, Auto HDR, AI Portrait Selfie နဲ့ Beautify Mode များလည်း ပါဝင်ပါသေးတယ်။ နောက်ကျောဘက်မှာတော့ 12MP (f/2.2, PDAF) နဲ့ 5MP (gyro-EIS) တို့ကို တွဲလျက် တပ်ဆင်ထားမှာပါ။
Redmi Y2 ရဲ့ မျက်နှာပြင်ဟာ ၅.၉၉ လက်မ အကျယ်ရှိပြီး Resolution ကတော့ 720 x 1440 pixels ဖြစ်ပါတယ်။ Pixel density က 269 ppi ရှိပြီး Screen-to-body ration ကတော့ 74.5% ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 625 SoC ကို အသုံးပြုထားပြီး Adreno 506 GPU ပါဝင်မှာပါ။ Xiaomi ကတော့ Redmi Y2 ရဲ့ Performace က Y1 ရဲ့ Performace ထက် 37% ထိ ပိုမိုကောင်းမွန်လာတယ်လို့ ပြောကြားထားပါတယ်။ Redmi Y2 ကို RAM 3GB/ ROM 32GB နဲ့ RAM 4GB/ ROM 64GB ဆိုပြီး ၂မျိူး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ MicroSD ကိုတော့ 256GB ထိ ထပ်စိုက်နိုင်မှာပါ။
Redmi Y2 ဟာ Android 8.1 Oreo ကို Customize ပြုလုပ်ထားတဲ့ MIUI 9.5 နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းပြောင်းလဲမှုများနဲ့ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားတဲ့ MIUI 10 ကိုလည်း Upgrade ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ Security အပိုင်းအတွက် AI-based Face Unlock လုံခြုရေးစနစ်ကို အသုံးပြုနိုင်သလို Fingerprint Sensor ကိုလည်း အသုံးပြုနိုင်မှာပါ။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3080mAh ပါဝင်ပြီး အလေးချိန်ကတော့ 170 grams ရှိပါမယ်။
Redmi Y2 ကို အရောင်တွေ အနေနဲ့ Gold, Dark Grey နဲ့ Rose Gold ဆိုပြီး အရောင် ၃မျိူး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းတွေ အနေနဲ့ RAM 3GB/ ROM 32GB ကို အိန္ဒိယငွေ ၉၉၉၉ ရူပီး (မြန်မာငွေ ၂သိန်း ဝန်းကျင်) နဲ့ RAM 4GB/ ROM 64GB ကို အိန္ဒိယငွေ ၁၂၉၉၉ ရူပီး (မြန်မာငွေ ၂သိန်းခွဲ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Redmi Y2 ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများမှာ ရောင်းချခဲ့တဲ့ Redmi S2 ကို ပြန်လည် ကင်ပွန်းတပ်ထားတာ ဖြစ်ပါတယ်။
Ref: gadgets.ndtv
You may be interested
OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views
OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Nigma - Dec 12, 2018
(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…
Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views
Dual Camera ပါတဲ့ Huawei P Smart (2019)
Ko Thuya - Dec 12, 2018
Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Ko Thuya - Dec 12, 2018
Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…
Leave a Comment
Most from this category