0 Shares 126 Views

လူငယ္တို႔ရဲ႕ရင္ထဲထိရွခဲ့ရတဲ့ Shawn Mendes ရဲ႕ သီခ်င္းတစ္ပုဒ္ “Youth”

Jun 08, 2018
0 126

[Zawgyi]

ဒီေန႔ေခတ္လူငယ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကိုတြန္းအားေပးေနတဲ့သီခ်င္းတစ္ပုဒ္အေနနဲ႔ Shawn Mendes ရဲ႕ “Youth” ဆိုတဲ့သီခ်င္းေလးထြက္ရိွခဲ့ပါျပီ။ Shawn Mendes နဲ႔ Khalid တို႔ တြဲဖက္သီဆိုထားတာျဖစ္ျပီး ရင္ထဲေတာ္ေတာ္ထိရွခဲ့ရတဲ့ သီခ်င္းတစ္ပုဒ္လို႔ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။

Image result for shawn mendes khalid youth

ဒီသီခ်င္းေလးေပၚေပါက္လာပံုအေၾကာင္းရင္းေလးကေတာ့ ၂၀၁၇ မန္ခ်က္စတာမွာျပဳလုပ္ခဲ့တဲ့ Ariana Grande ရဲ႕ပြဲမွာ အၾကမ္းဖက္သမားေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့တာကေနစခဲ့တာပါ။ ၂၂ေယာက္ေသဆံုးခဲ့ျပီး လူ ၁၀၀ ေလာက္ထိခုိက္ဒဏ္ရာရခဲ့တဲ့ အၾကမ္းဖက္မႈတစ္ခုပါ။ အၾကမ္းဖက္မႈျဖစ္ေနတဲ့အခ်ိန္မွာ Shawn Mendes ကေတာ့ လန္ဒန္မွာေရာက္ေနခဲ့ျပီး လူအစုအေဝးထဲမွာအၾကမ္းဖက္တုိက္ခိုက္တာမ်ိဳးေတြ ထပ္ရိွလာမွာစိုးတဲ့အတြက္ အၾကမ္းဖက္မႈျဖစ္ျပီးေနာက္တစ္ရက္ ပဲရစ္စ္ျမိဳ႕မွာက်င္းပမယ့္ပြဲကို ဖ်က္ျပီး Khalid နဲ႔အတူ သီခ်င္းတစ္ပုဒ္ဖန္တီးဖုိ႔ တုိင္ပင္ခဲ့ပါတယ္။

ဒီလိုေသဆံုးမႈေတြေၾကာင့္ ေသနတ္ကိုင္ေဆာင္ခြင့္ဥပေဒကုိ တင္းတင္းက်ပ္က်ပ္ျပဳလုပ္ဖို႔ လူငယ္ေတြဦးေဆာင္ဆႏၵျပမႈေတြျမင့္တက္လာေနတဲ့အခ်ိန္ Mendes ရဲ႕သီခ်င္းစာသားေတြက ဒီလူငယ္ထုကို ေမွ်ာ္လင့္ခ်က္ေတြေရွ႕ဆက္တုိးႏုိင္ေစခဲ့ပါတယ္။

“အျပင္ေလာကၾကီးမွာဘာေတြျဖစ္ပ်က္ေနတယ္ဆိုတာ သိလုိက္ရတ့ဲအခ်ိန္မွာ ညအိပ္ေပ်ာ္ဖို႔အတြက္ေတာင္ခက္ခဲတယ္။ ေမွ်ာ္လင့္ခ်က္သိပ္မရိွဘူးလို႔ခံစားမိေပမယ့္လည္း ေရွ႕ဆက္တုိးရမွာပဲ”

အၾကိဳက္မိဆံုး စာသားေလးကေတာ့

“Pain, But I won’t let it turn into

Hate, No I won’t let it change me,

You can’t take my youth away,…….”

အစကတည္းက အရမ္းအဓိပၸာယ္ရိွ အရမ္းကိုထိရွေစတဲ့စာသားေတြက Billboard Music Award ပြဲမွာ special performance ေတြနဲ႔အတူ အားလံုးရဲ႕ရင္ထဲကိုခံစားခ်က္တစ္ခ်ိဳ႕ထည့္သြင္းႏုိင္ခဲ့ျပန္ပါတယ္။ ဆြံ႔အသြားေစႏုိင္တဲ့ performance လို႔လည္း ေျပာလို႔ရပါလိမ့္မယ္။ ဆုေပးပြဲမွာ ဒီ youth သီခ်င္းမထြက္ခ်င္ ၂လေလာက္အလိုတုန္းက ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ Marjory Stoneman Douglas အထက္တန္းေက်ာင္းက ကေလးေတြနဲ႔အတူ ဒီသီခ်င္းကိုစင္ျမင့္ထက္မွာသရုပ္ေဖာ္ခဲ့ပါတယ္။ ေအာက္မွာေဖာ္ျပလုိက္တဲ့ BBMA တုန္းက သရုပ္ေဖာ္ဗီဒီယိုေလးကိုၾကည့္ျပီး ရင္ထဲတစ္ခုခုမခံစားမိဘူးဆိုရင္ေတာ့ ၾကိဳက္သလိုသာေျပာပါေတာ့..

ေအာက္မွာေတာ့ Shawn Mendes န႔ဲ Khalid တို႔ရဲ႕ “Youth” သီခ်င္းေလးကို အျပည့္အဝခံံစားလုိက္ပါဦး….

Ref: Billboard, ShawnMendes YouTube Channel

[Unicode]

ဒီနေ့ခေတ်လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကိုတွန်းအားပေးနေတဲ့သီချင်းတစ်ပုဒ်အနေနဲ့ Shawn Mendes ရဲ့ “Youth” ဆိုတဲ့သီချင်းလေးထွက်ရှိခဲ့ပါပြီ။ Shawn Mendes နဲ့ Khalid တို့ တွဲဖက်သီဆိုထားတာဖြစ်ပြီး ရင်ထဲတော်တော်ထိရှခဲ့ရတဲ့ သီချင်းတစ်ပုဒ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။

Image result for shawn mendes khalid youth

ဒီသီချင်းလေးပေါ်ပေါက်လာပုံအကြောင်းရင်းလေးကတော့ ၂၀၁၇ မန်ချက်စတာမှာပြုလုပ်ခဲ့တဲ့ Ariana Grande ရဲ့ပွဲမှာ အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေစခဲ့တာပါ။ ၂၂ယောက်သေဆုံးခဲ့ပြီး လူ ၁၀၀ လောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်မှုတစ်ခုပါ။ အကြမ်းဖက်မှုဖြစ်နေတဲ့အချိန်မှာ Shawn Mendes ကတော့ လန်ဒန်မှာရောက်နေခဲ့ပြီး လူအစုအဝေးထဲမှာအကြမ်းဖက်တိုက်ခိုက်တာမျိုးတွေ ထပ်ရှိလာမှာစိုးတဲ့အတွက် အကြမ်းဖက်မှုဖြစ်ပြီးနောက်တစ်ရက် ပဲရစ်စ်မြို့မှာကျင်းပမယ့်ပွဲကို ဖျက်ပြီး Khalid နဲ့အတူ သီချင်းတစ်ပုဒ်ဖန်တီးဖို့ တိုင်ပင်ခဲ့ပါတယ်။

ဒီလိုသေဆုံးမှုတွေကြောင့် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို တင်းတင်းကျပ်ကျပ်ပြုလုပ်ဖို့ လူငယ်တွေဦးဆောင်ဆန္ဒပြမှုတွေမြင့်တက်လာနေတဲ့အချိန် Mendes ရဲ့သီချင်းစာသားတွေက ဒီလူငယ်ထုကို မျှော်လင့်ချက်တွေရှေ့ဆက်တိုးနိုင်စေခဲ့ပါတယ်။

“အပြင်လောကကြီးမှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ညအိပ်ပျော်ဖို့အတွက်တောင်ခက်ခဲတယ်။ မျှော်လင့်ချက်သိပ်မရှိဘူးလို့ခံစားမိပေမယ့်လည်း ရှေ့ဆက်တိုးရမှာပဲ”

အကြိုက်မိဆုံး စာသားလေးကတော့

“Pain, But I won’t let it turn into

Hate, No I won’t let it change me,

You can’t take my youth away,…….”

အစကတည်းက အရမ်းအဓိပ္ပာယ်ရှိ အရမ်းကိုထိရှစေတဲ့စာသားတွေက Billboard Music Award ပွဲမှာ special performance တွေနဲ့အတူ အားလုံးရဲ့ရင်ထဲကိုခံစားချက်တစ်ချို့ထည့်သွင်းနိုင်ခဲ့ပြန်ပါတယ်။ ဆွံ့အသွားစေနိုင်တဲ့ performance လို့လည်း ပြောလို့ရပါလိမ့်မယ်။ ဆုပေးပွဲမှာ ဒီ youth သီချင်းမထွက်ချင် ၂လလောက်အလိုတုန်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Marjory Stoneman Douglas အထက်တန်းကျောင်းက ကလေးတွေနဲ့အတူ ဒီသီချင်းကိုစင်မြင့်ထက်မှာသရုပ်ဖော်ခဲ့ပါတယ်။ အောက်မှာဖော်ပြလိုက်တဲ့ BBMA တုန်းက သရုပ်ဖော်ဗီဒီယိုလေးကိုကြည့်ပြီး ရင်ထဲတစ်ခုခုမခံစားမိဘူးဆိုရင်တော့ ကြိုက်သလိုသာပြောပါတော့..

အောက်မှာတော့ Shawn Mendes နဲ့ Khalid တို့ရဲ့ “Youth” သီချင်းလေးကို အပြည့်အဝခံံစားလိုက်ပါဦး….

Ref: Billboard, ShawnMendes YouTube Channel

You may be interested

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္
Android, Huawei, HUBS
0 shares0 views

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္

Ko Thuya - May 22, 2019

Huawei ရဲ႕ စီးပြားေရး လုပ္ငန္းစုမွ စီအီးအို ျဖစ္သူ Richard Yu က ကုမၸဏီရဲ႕ ကိုယ္ပိုင္ Mobile OS ကို ေဆာင္းရာသီ မတိုင္ခင္မွာ ျဖန္႔ခ်ီေပးမယ္လို႔ ေျပာေၾကာင္း သတင္းထြက္လာပါတယ္။ ဟြာေ၀းကေတာ့ OS ကို ျဖန္႔ခ်ီမယ့္…

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ
Android, Huawei, HUBS
0 shares0 views

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ

Ko Thuya - May 22, 2019

Honor က အလန္းစား ကင္မရာမ်ား ပါတဲ့ Honor 20 Pro ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ 48MP Main Camera ဟာ လက္ရွိဖုန္းေတြထဲမွာ အျမန္ဆံုး Aperture ကို ပိုင္ဆိုင္ထားပါတယ္။ OIS နဲ႔ EIS…

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ
Android, Huawei, HUBS
0 shares16 views

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးျခားဆန္းသစ္ေအာင္ျပဳလုပ္ေနပါတယ္။ အခုေတာ့ သူ႔ရဲ႕ ဘရန္းခြဲ Honor ကလည္း ဒီလမ္းစဥ္ကိုလိုက္လာပါတယ္။ ကုမၸဏီက အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 နဲ႔ Honor 20 Pro တို႔ကို ေၾကညာလိုက္ပါတယ္။…

Leave a Comment

Most from this category