207 Shares 79 Views

Physical Keyboard ပါတဲ့ BlackBerry Key2 ကို ေၾကညာ

Jun 08, 2018
207 79

BlackBerry က Key2 ကို ေၾကညာလိုက္ၿပီး သူဟာ ယခင္မ်ိဳးဆက္ Keyone နဲ႔ ဒီိဇို္င္းအပိုင္းမွာ အမ်ားစု တူညီပါတယ္။ ေလးေထာင့္က်တဲ့ ဒီဇိုင္းကို သံုးထားၿပီး Physical Keyboard ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္မွာ 3:2 အခ်ိဳး ျဖစ္ပါတယ္။ အေနာက္ဘက္မွာေတာ့ BlackBerry က ပထမဆံုး အေနနဲ႔ ကင္မရာ ႏွစ္လံုး ထည့္သြင္းထားပါတယ္။

ကင္မရာမ်ားမွာ 12MP ႏွစ္လံုး ျဖစ္ၿပီး Optical Zooming နဲ႔ Portrait Photos မ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ ၄.၅ လက္မ 1080x1620p IPS LCD Display တပ္ဆင္ထားပါတယ္။ Chipset ကေတာ့ Snapdragon 660 ျဖစ္ပါတယ္။ 6GB RAM ပါပါတယ္။ အေနာက္ဘက္ကို Series 7 Aluminium ျဖင့္ ဖံုးအုပ္ထားၿပီး အနက္နဲ႔ ေငြေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ စိန္ပံုသ႑ာန္ အကြက္မ်ားကို အေနာက္ဘက္မွာ ထြင္းထုထားပါတယ္။

ကီးဘုတ္ရဲ႕ အျမင့္ကို ၂၀ ရာခုိင္ႏႈန္း တိုးျမွင့္ထားၿပီး စာရိုက္ရတာ သက္ေတာင့္ သက္သာရွိသလို ပိုမို တိက်လာတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Space Key မွာ လက္ေဗြရာ ကိရိယာကို ျမွပ္ႏွံထားပါတယ္။ App မ်ားကို လွ်င္ျမန္စြာ ဖြင့္ႏုိင္ဖို႔ Speed Key အသစ္ပါလာပါတယ္။

သင္ စာရိုက္တဲ့ အေလ့အထမ်ားကို ေလ့လာၿပီး သင့္ကို စကားလံုးမ်ား အၾကံျပဳေပးတဲ့ စြမ္းရည္လည္း ပါလာပါတယ္။ ကီးဘုတ္ကို Trackpad အေနနဲ႔လည္း သံုးႏုိင္တဲ့အတြက္ Scroll ျပဳလုပ္လို႔ ရပါတယ္။ Android P ကို ထည့္သြင္းေပးထားမွာပါ။ ဒီလထဲမွာ ၆၄၉ ေဒၚလာျဖင့္ ေရာင္းေပးမွာပါ။

Ref : gsmarena

unicode

Physical Keyboard ပါတဲ့ BlackBerry Key2 ကို ကြေညာ

BlackBerry က Key2 ကို ကြေညာလိုက်ပြီး သူဟာ ယခင်မျိုးဆက် Keyone နဲ့ ဒီဇိုင်းအပိုင်းမှာ အများစု တူညီပါတယ်။ လေးထောင့်ကျတဲ့ ဒီဇိုင်းကို သုံးထားပြီး Physical Keyboard ထည့်သွင်းထားပါတယ်။ မျက်နှာပြင်မှာ 3:2 အချိုး ဖြစ်ပါတယ်။ အနောက်ဘက်မှာတော့ BlackBerry က ပထမဆုံး အနေနဲ့ ကင်မရာ နှစ်လုံး ထည့်သွင်းထားပါတယ်။

ကင်မရာများမှာ 12MP နှစ်လုံး ဖြစ်ပြီး Optical Zooming နဲ့ Portrait Photos များကို ဖန်တီးပေးနိုင်ပါတယ်။ ၄.၅ လက်မ 1080x1620p IPS LCD Display တပ်ဆင်ထားပါတယ်။ Chipset ကတော့ Snapdragon 660 ဖြစ်ပါတယ်။ 6GB RAM ပါပါတယ်။ အနောက်ဘက်ကို Series 7 Aluminium ဖြင့် ဖုံးအုပ်ထားပြီး အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ စိန်ပုံသဏ္ဍာန် အကွက်များကို အနောက်ဘက်မှာ ထွင်းထုထားပါတယ်။

ကီးဘုတ်ရဲ့ အမြင့်ကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ထားပြီး စာရိုက်ရတာ သက်တောင့် သက်သာရှိသလို ပိုမို တိကျလာတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Space Key မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားပါတယ်။ App များကို လျှင်မြန်စွာ ဖွင့်နိုင်ဖို့ Speed Key အသစ်ပါလာပါတယ်။

သင် စာရိုက်တဲ့ အလေ့အထများကို လေ့လာပြီး သင့်ကို စကားလုံးများ အကြံပြုပေးတဲ့ စွမ်းရည်လည်း ပါလာပါတယ်။ ကီးဘုတ်ကို Trackpad အနေနဲ့လည်း သုံးနိုင်တဲ့အတွက် Scroll ပြုလုပ်လို့ ရပါတယ်။ Android P ကို ထည့်သွင်းပေးထားမှာပါ။ ဒီလထဲမှာ ၆၄၉ ဒေါ်လာဖြင့် ရောင်းပေးမှာပါ။

Ref : gsmarena

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category