0 Shares 77 Views

AAA ဓာတ်ခဲတစ်လုံးစာလောက်သာ ထူတဲ့ HP ရဲ့ ကမ္ဘာ့အပါးဆုံးလက်ပ်တော့

Apr 06, 2016
0 77

လက်ပ်တော့ထူထူကြီးတွေကို ကိုင်ဆောင်၊အသုံးပြုရတာ မနှစ်ခြိုက်တဲ့လူတွေအတွက် HP ရဲ့ ကမ္ဘာ့အပါးဆုံးလက်ပ်တော့ လာပါပြီ။

HP ရဲ့ နောက်ဆုံးထုတ် Spectre လက်ပ်တော့ဟာ တစ်လက်မရဲ့ ဆယ်ပုံလေးပုံလောက်သာ အထူရှိပြီး၊ အလေးချိန်ကလည်း နှစ်ပေါင်ခွဲတောင် မပြည့်ပါဘူး။ ဒီလက်ပ်တော့ဟာ ပါးလွန်းပါတယ်ဆိုတဲ့ ၁၃ လက်မအရွယ် Macbook Air ထက် ပိုပေါ့၊ ပိုပါးပြီး၊ ကမ္ဘာ့အပါးဆုံးလက်ပ်တော့စံချိန်ကို ရယူလိုက်ပါတယ်။

ဒီဇိုင်းပိုင်းမှာလည်း ကြေးနီရောင်တောက်တောက်နဲ့ လုံးဝအလန်းစားဖြစ်သလို၊ လက်ပ်တော့ စွမ်းဆောင်ရည်ကလည်း အမြင့်စားပါ။

Spectre လက်ပ်တော့မှာ Intel Core i7 ပရိုဆက်ဆာ၊ မမ်မိုရီ 8 GB ပါရှိပြီး၊ ဘက်ထရီကလည်း ၁၀ နာရီတောင် ခံပါတယ်။ လက်ပ်တော့မျက်နှာပြင် ၁၃.၃ လက်မအရွယ် Gorilla Glass ဖန်သားပြင်နဲ့ ဖြစ်ပြီး၊ resolution က 1080p ဖြစ်ပါတယ်။

Storage ပိုင်းအနေနဲ့ 512 GB SSD ပါဝင်ကာ၊ မြန်နှုန်းမြင့် USB Type-C အပေါက်သုံးပေါက်တိတိလည်း ပါရှိပါတယ်။

HP ရဲ့ ကမ္ဘာ့အပါးဆုံးလက်ပ်တော့ Spectre ကို ဧပြီလ ၂၅ ရက်နေ့က ကြိုတင်မှာယူနိုင်ကာ၊ ဈေကတော့ ဒေါ်လာ ၁၁၇၀ နဲ့ အထက် ဖြစ်ပါတယ်။

p1010314-1

Ref: CNN

You may be interested

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
0 shares0 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
0 shares0 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ
Android, Huawei, HUBS
188 shares64 views

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ

Ko Thuya - Nov 21, 2017

ပြီးခဲ့တဲ့လက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူကတော့ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး…

Leave a Comment

Most from this category