3405 Shares 287 Views

စိတ်တိုစိတ်ရှုပ်လွယ်တဲ့သူတွေ စိတ်ကြိုက်ထုနိုင်မယ့် အကြီးစား “Enter Key”

Jun 07, 2018
3405 287

[Zawgyi]



big enter button





[Unicode]

စနေ တနင်္ဂနွေမှာ အားရပါးရ အနားယူခဲ့သမျှ တနင်္လာနေ့ရောက်တာနဲ့ လုပ်စရာတစ်ပုံတစ်ပင်နဲ့အတူ အလုပ်ထဲရောက်လာကြပြန်ရော…

အေးဆေးသမားတွေကတော့ ဘယ်လို force တွေ stress တွေပဲလာလာ ကိစ္စသိပ်မရှိပေမယ့် စိတ်တို စိတ်ရှုပ်လွယ်တတ်တဲ့ stress များတတ်တဲ့သူတွေအတွက်ကျတော့ complain တွေ ဂဂျိုးဂဂျောင်အလုပ်တွေ အချိန်တိုအတွင်းမပြီးနိုင်တဲ့အလုပ်တွေပေးလာတဲ့အခါ stress တွေပိလာပါလိ့မ်မယ်။ လုပ်သမျှတစ်ခုချင်းစီတိုင်းကိုစိတ်မရှည်တော့တဲ့အခါ သူ့ကို အကူအညီပေးနိုင်မယ့်သူက ဘယ်သူဖြစ်မလဲ??

big enter button

ဒီလို stress များတတ်တဲ့သူတွေအတွက် ကွန်ပျူတာသုံးတဲ့အခါ စိတ်တိုစိတ်ရှုပ်လာတိုင်း ဝုန်းဖို့ အကြီးစား “Enter Key” ကြီးရောက်လာပါပြီ။ ဂဂျိုးဂဂျောင်မေးလ်တွေပို့လာသလား Enter key ကိုထု၊ ကွန်ပျူတာကြောင်သွားသလား Enter Key ကိုထု၊ ဂိမ်းဆော့မလား စိတ်တိုလာတိုင်း Enter Key ကိုထု၊ နောက်ဆုံး စိတ်မတိုရင်တောင် စာရေးတိုင်း Enter ကို တဗျောင်းဗျောင်းနှိပ်တတ်တဲ့ ကိုယ်လိုလူမျိုးတွေအတွက်ကတော့ သဘောတွေ့ချင်စရာကြီးပါပဲ။ အဓိကကတော့ စိတ်တိုလွယ်တတ်တဲ့သူတွေအတွက် စိတ်ဖြေလျှော့ရာတစ်ခုပေါ့။

big punchable enter key

အရွယ်အစားကတော့ 14 x 20 cm ရှိပြီး ၂၀၀ ဂရမ်ရှိပါတယ်။ သုံးဖို့ကတော့ ပါတဲ့ USB ကြိုးလေးကို ကွန်ပျူတာမှာ တပ်လိုက်ရုံပဲဆိုတော့ ဘာမှသိပ်မခက်ခဲပါဘူး။ ပျော့ပျော့အိအိရေမြှုပ်ဖော့တုံးနဲ့ လုပ်ထားတာဖြစ်လို့ နှိပ်ရတာ သက်တောင့်သက်သာဖြစ်သလို ပင်ပန်းတဲ့အခါလည်း ခေါင်းအုံးအိပ်လို့ရပါလိမ့်မယ်။ stress တွေများလာတိုင်း ကီးဘုတ်ကိုတဗျောင်းဗျောင်းရိုက်စရာမလိုဘဲ ဒါကြီးကိုသာ တဒုန်းဒုန်းထုနေလိုက်ရင် စိတ်သက်သာသွားပါလိမ့်မယ်။ 😉 ဈေးနှုန်းကတော့ ၁၇ဒေါ်လာလောက်ပဲရှိပါတယ်။

Enter ခလုတ်တစ်ဗျောင်းဗျောင်းရိုက်တတ်တဲ့ ကိုယ့်လိုဘဝတူသမားတွေများရှိရင်….. 😉

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
0 shares0 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares79 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Leave a Comment

Most from this category