67 Shares 45 Views

ျပဳလုပ္ရမယ့္ အလုပ္မ်ား၊ ေစ်း၀ယ္စာရင္းမ်ား မွတ္သားႏုိင္မယ့္ Wunderlist

Jun 07, 2018
67 45

Wunderlist ဟာ စိတ္ကူးအေတြးမ်ား၊ ျပဳလုပ္ရမယ့္ အလုပ္မ်ား ၊ ေစ်း၀ယ္ရမယ့္ စာရင္းမ်ား၊ ခရီးသြားခ်င္တဲ့ ေနရာမ်ား စတဲ့ အရာမ်ားကို မွတ္သားထားႏုိင္တဲ့ Android App ျဖစ္ပါတယ္။ မွတ္သားထားတဲ့ အရာမ်ားအတြက္ App က သင့္ကို Reminder ျဖင့္ သတိေပးႏုိင္ပါတယ္။ Reminder ကို သင္ႏွစ္သက္တဲ့ အခ်ိန္မွာ ရယူဖို႔ သတ္မွတ္ထားႏိုင္ပါတယ္။ ဒါ့အျပင္ အလုပ္ကိစၥမ်ား၊ ေစ်း၀ယ္စာရင္းမ်ားကိုလည္း လုပ္ေဖာ္ကိုင္ဖက္မ်ား၊ မိသားစု၀င္မ်ားနဲ႔ ပူးေပါင္း ျပဳလုပ္ႏုိင္ပါတယ္။ ပူးေပါင္းလုပ္ေဆာင္ဖို႔အတြက္ Chat စြမ္းေဆာင္ခ်က္ကိုလည္း ထည့္သြင္းေပးထားပါတယ္။ Chat မွာ ဓါတ္ပံုမ်ား၊ PDFs မ်ားနဲ႔ Presentations မ်ားကို ထည့္သြင္းႏုိင္ပါတယ္။ စာရင္းမ်ားကို Sync လုပ္ေပးထားတဲ့အတြက္ ဖုန္း၊ တက္ဘလက္၊ ကြန္ျပဴတာမ်ားကေန စာရင္းမ်ားကို ဖတ္ရႈႏိုင္ပါတယ္။ Wunderlist ကို အခမဲ့ အသံုးျပဳႏုိင္ေပမယ့္ Pro Version ၀ယ္ယူအသံုးျပဳရင္ေတာ့ ဖုိင္မ်ား အကန္႔အသတ္မရွိ သိမ္းဆည္းႏိုင္ၿပီး Subtasks မ်ားကိုလည္း ထည့္သြင္းႏုိင္မွာပါ။ တစ္လလွ်င္ ၄.၉၉ ေဒၚလာ၊ တစ္ႏွစ္လွ်င္ ၄၉.၉၉ ေဒၚလာနဲ႔ ၀ယ္ယူႏုိင္ပါတယ္။ သာမာန္အသံုးျပဳသူမ်ားအတြက္ အခမဲ့ ဗားရွင္းက အဆင္ေျပတဲ့အတြက္ အခု User Guide မွာေတာ့ အခမဲ့ ဗားရွင္း အသံုးျပဳနည္းကို ေရးသားေပးလိုက္ပါတယ္။

ပထမဆံုး Facebook , Microsoft , Google အေကာင့္နဲ႔ Signup လုပ္ေပးရမွာပါ။ ဒါမွမဟုတ္ သင့္ အီးေမးတစ္ခုနဲ႔ Signup လုပ္ႏုိင္ပါတယ္။ အမည္၊ အီးေမးနဲ႔ Password ကိုထည့္ေပးပါ။ Sign Up ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာ List အမ်ိဳးအစားမ်ားကို ေရြးခ်ယ္ေပးပါ။ ေနာက္ပိုင္းမွာလည္း ျပန္လည္ေရြးခ်ယ္ႏုိင္ပါတယ္။ ၿပီးရင္ Continue ကို ႏွိပ္ပါ။

App က ပထမဆံုး To-Do List တစ္ခုကို ျပဳလုပ္ခုိင္းမွာပါ။ Add a to-do ကို တစ္ခ်က္ႏွိပ္ၿပီး လုပ္စရာအလုပ္တစ္ခု သို႔မဟုတ္ အလုပ္မ်ားကို ထည့္ေပးပါ။ ၿပီးရင္ ထိပ္မွ Add Button ကို ႏွိပ္ပါ။

ျပဳလုပ္ထားတဲ့ အလုပ္တစ္ခုကို ဖိထားၿပီး ထိပ္မွ ကလင္ဒါအိုုင္ကြန္ကို ႏွိပ္ရင္ Due Date ေခၚ အလုပ္ၿပီးေျမာက္ရမယ့္ ေန႔ ကို သတ္မွတ္ႏုိင္ပါတယ္။ ေန႔ရက္တစ္ခုကို ႏွိပ္ပါ။

ေအာက္မွ Reminder ကို တစ္ခ်က္ႏွိပ္ၿပီး အလုပ္လုပ္ဖို႔ သတိေပးရမယ့္ အခ်ိန္ကို သတ္မွတ္ပါ။

Never repeat ကို ႏွိပ္ၿပီး ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္၊ ႏွစ္စဥ္ ျပဳလုပ္ရမယ့္ အလုပ္ဆိုရင္ Every day, Every week, Every month, Every year တို႔ကို ေရြးခ်ယ္ႏုိင္ပါတယ္။ တစ္ရက္ထဲအတြက္ဆိုရင္ေတာ့ Never repeat ကို ႏွိပ္ပါ။

ၿပီးရင္ ထိပ္မွ မွ်ားေအာက္စိုက္ေနတဲ့ အိုင္ကြန္ကို ႏွိပ္ပါ။ အဲဒီမွာ List ကို ေရြးခ်ယ္ႏုိင္ပါတယ္။

Back Key ကို ႏွစ္ခ်က္ႏွိပ္ရင္ Home Screen ကို ေရာက္ရွိမွာပါ။ Work မွာ List တစ္ခုျပဳလုပ္ထားတဲ့အတြက္ နံပါတ္တစ္ကို ျပသထားပါတယ္။ ၾကည့္ခ်င္တဲ့ ရုပ္ရွင္မ်ား၊ ေစ်း၀ယ္စာရင္းမ်ား၊ အလုပ္ကိစၥမ်ား၊ ကိုယ္ေရးကိုယ္တာမ်ားကို မွတ္သားႏုိင္ပါတယ္။ ေအာက္ေျခမွ အေပါင္း ခလုတ္ သို႔မဟုတ္ Create List ကို ႏွိပ္ၿပီး အျခား List မ်ားကိုလည္း ဖန္တီးႏုိင္ပါတယ္။ Work ထဲသြားၿပီး ထိပ္မွ လူအုုိင္ကြန္ကို ႏွိပ္ပါ။ List ကို အတူတကြ ျပဳလုပ္ခ်င္တဲ့ လုပ္ေဖာ္ကိုင္ဖက္ သို႔မဟုတ္ မိသားစု၀င္ရဲ႕ အီးေမးကို ရိုက္ထည့္ၿပီး Invite လုပ္ႏုိင္ပါတယ္။

Home Screen ရဲ႕ ထိပ္မွ ေခါင္းေလာင္းပံုကို ႏွိပ္ရင္ သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္၊ မိသားစု၀င္က List မွာ ထည့္သြင္းျခင္း၊ ျပင္ဆင္ျခင္း၊ Message ေပးပို႔ျခင္း စတဲ့ Activity မ်ားကို ျပသေပးထားပါတယ္။ Message Icon ထဲမွာေတာ့ Chat ျပဳလုပ္ႏိုင္ပါတယ္။ Search Icon ကေတာ့ List မ်ားကို ရွာေဖြဖို႔အတြက္ပါ။

သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 16MB ရွိၿပီး Android 4.1 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

unicode

ပြုလုပ်ရမယ့် အလုပ်များ၊ ဈေးဝယ်စာရင်းများ မှတ်သားနိုင်မယ့် Wunderlist
Wunderlist ဟာ စိတ်ကူးအတွေးများ၊ ပြုလုပ်ရမယ့် အလုပ်များ ၊ ဈေးဝယ်ရမယ့် စာရင်းများ၊ ခရီးသွားချင်တဲ့ နေရာများ စတဲ့ အရာများကို မှတ်သားထားနိုင်တဲ့ Android App ဖြစ်ပါတယ်။ မှတ်သားထားတဲ့ အရာများအတွက် App က သင့်ကို Reminder ဖြင့် သတိပေးနိုင်ပါတယ်။ Reminder ကို သင်နှစ်သက်တဲ့ အချိန်မှာ ရယူဖို့ သတ်မှတ်ထားနိုင်ပါတယ်။ ဒါ့အပြင် အလုပ်ကိစ္စများ၊ ဈေးဝယ်စာရင်းများကိုလည်း လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များနဲ့ ပူးပေါင်း ပြုလုပ်နိုင်ပါတယ်။ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် Chat စွမ်းဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Chat မှာ ဓါတ်ပုံများ၊ PDFs များနဲ့ Presentations များကို ထည့်သွင်းနိုင်ပါတယ်။ စာရင်းများကို Sync လုပ်ပေးထားတဲ့အတွက် ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာများကနေ စာရင်းများကို ဖတ်ရှုနိုင်ပါတယ်။ Wunderlist ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် Pro Version ဝယ်ယူအသုံးပြုရင်တော့ ဖိုင်များ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ပြီး Subtasks များကိုလည်း ထည့်သွင်းနိုင်မှာပါ။ တစ်လလျှင် ၄.၉၉ ဒေါ်လာ၊ တစ်နှစ်လျှင် ၄၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။ သာမာန်အသုံးပြုသူများအတွက် အခမဲ့ ဗားရှင်းက အဆင်ပြေတဲ့အတွက် အခု User Guide မှာတော့ အခမဲ့ ဗားရှင်း အသုံးပြုနည်းကို ရေးသားပေးလိုက်ပါတယ်။

ပထမဆုံး Facebook , Microsoft , Google အကောင့်နဲ့ Signup လုပ်ပေးရမှာပါ။ ဒါမှမဟုတ် သင့် အီးမေးတစ်ခုနဲ့ Signup လုပ်နိုင်ပါတယ်။ အမည်၊ အီးမေးနဲ့ Password ကိုထည့်ပေးပါ။ Sign Up ကို နှိပ်ပါ။

နောက်အဆင့်မှာ List အမျိုးအစားများကို ရွေးချယ်ပေးပါ။ နောက်ပိုင်းမှာလည်း ပြန်လည်ရွေးချယ်နိုင်ပါတယ်။ ပြီးရင် Continue ကို နှိပ်ပါ။

App က ပထမဆုံး To-Do List တစ်ခုကို ပြုလုပ်ခိုင်းမှာပါ။ Add a to-do ကို တစ်ချက်နှိပ်ပြီး လုပ်စရာအလုပ်တစ်ခု သို့မဟုတ် အလုပ်များကို ထည့်ပေးပါ။ ပြီးရင် ထိပ်မှ Add Button ကို နှိပ်ပါ။

ပြုလုပ်ထားတဲ့ အလုပ်တစ်ခုကို ဖိထားပြီး ထိပ်မှ ကလင်ဒါအိုုင်ကွန်ကို နှိပ်ရင် Due Date ခေါ် အလုပ်ပြီးမြောက်ရမယ့် နေ့ ကို သတ်မှတ်နိုင်ပါတယ်။ နေ့ရက်တစ်ခုကို နှိပ်ပါ။

အောက်မှ Reminder ကို တစ်ချက်နှိပ်ပြီး အလုပ်လုပ်ဖို့ သတိပေးရမယ့် အချိန်ကို သတ်မှတ်ပါ။

Never repeat ကို နှိပ်ပြီး နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် ပြုလုပ်ရမယ့် အလုပ်ဆိုရင် Every day, Every week, Every month, Every year တို့ကို ရွေးချယ်နိုင်ပါတယ်။ တစ်ရက်ထဲအတွက်ဆိုရင်တော့ Never repeat ကို နှိပ်ပါ။

ပြီးရင် ထိပ်မှ မျှားအောက်စိုက်နေတဲ့ အိုင်ကွန်ကို နှိပ်ပါ။ အဲဒီမှာ List ကို ရွေးချယ်နိုင်ပါတယ်။

Back Key ကို နှစ်ချက်နှိပ်ရင် Home Screen ကို ရောက်ရှိမှာပါ။ Work မှာ List တစ်ခုပြုလုပ်ထားတဲ့အတွက် နံပါတ်တစ်ကို ပြသထားပါတယ်။ ကြည့်ချင်တဲ့ ရုပ်ရှင်များ၊ ဈေးဝယ်စာရင်းများ၊ အလုပ်ကိစ္စများ၊ ကိုယ်ရေးကိုယ်တာများကို မှတ်သားနိုင်ပါတယ်။ အောက်ခြေမှ အပေါင်း ခလုတ် သို့မဟုတ် Create List ကို နှိပ်ပြီး အခြား List များကိုလည်း ဖန်တီးနိုင်ပါတယ်။ Work ထဲသွားပြီး ထိပ်မှ လူအိုုင်ကွန်ကို နှိပ်ပါ။ List ကို အတူတကွ ပြုလုပ်ချင်တဲ့ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိသားစုဝင်ရဲ့ အီးမေးကို ရိုက်ထည့်ပြီး Invite လုပ်နိုင်ပါတယ်။

Home Screen ရဲ့ ထိပ်မှ ခေါင်းလောင်းပုံကို နှိပ်ရင် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်က List မှာ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ Message ပေးပို့ခြင်း စတဲ့ Activity များကို ပြသပေးထားပါတယ်။ Message Icon ထဲမှာတော့ Chat ပြုလုပ်နိုင်ပါတယ်။ Search Icon ကတော့ List များကို ရှာဖွေဖို့အတွက်ပါ။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 16MB ရှိပြီး Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

You may be interested

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro သင္႔ရဲ႕တစ္ေန႔တာ လုပ္ေဆာင္ခ်က္ေတြထဲမွာ စိတ္ရႈပ္ရျပီး အေႏွာင့္အယွက္ေပးတာ တစ္ခုကိုေျပာပါဆိုရင္ ညမအိပ္ခင္ ဖုန္းအားသြင္းရတာမ်ိုဳး၊ စိတ္မခ်ရလို႔ မအိပ္ခင္ အားသြင္းထားတဲ့မီး ျပန္ပိတ္ရတာမ်ိဳး၊ ဖုန္းအားျပည္႔ေအာင္ ေစာင္႔ျပီးမွအိပ္ရတာမ်ိဳး၊ မနက္မိုးလင္းလို႔ အျပင္မသြားခင္…

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္
HUBS, LG, NEWS
0 shares0 views

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္

Ko Thuya - Dec 18, 2018

LG က CES 2018 မွာ စကၠဴလို ေခါက္လိပ္ႏုိင္တဲ့ တီဗီ နမူနာ ေမာ္ဒယ္ကို ျပသခဲ့ပါတယ္။ အခုေတာ့ Bloomberg ရဲ႕ သတင္းအရင္းအျမစ္တစ္ခုက အဲဒီ တီဗီကို လာမယ့္ႏွစ္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ၆၅ လက္မ OLED…

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့
Android, Apple, HUBS
81 shares30 views

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့

Ko Thuya - Dec 18, 2018

စမတ္ဖုန္းမ်ားမွာ ေဒတာမ်ားကို ကာကြယ္ဖို႔ အတြက္ လက္ေဗြရာ အာရံုခံ နည္းပညာမ်ား ထည့္သြင္းလာၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ ပိုမို စိတ္ခ်ရတဲ့ မ်က္ႏွာ အာရံုခံ နည္းပညာမ်ားကို အသံုးျပဳလာၾကပါတယ္။ အဆင့္ျမင့္ မ်က္ႏွာအာရံုခံ နည္းပညာကို ပထမဆံုး အသံုးျပဳႏုိင္တဲ့ ကုမၸဏီက Apple ျဖစ္ပါတယ္။…

Leave a Comment

Most from this category