601 Shares 235 Views

တန္ဖိုးနည္းဖုန္း ဝယ္ဖို႔အတြက္ ေ႐ြးခ်ယ္စရာ ျဖစ္လာတဲ့ Meizu M6 Note (Budgeteer)

Jun 07, 2018
601 235

[Zawgyi]

ဒီတပတ္ Budgeteer က႑အတြက္ ေ႐ြးခ်ယ္ေပးခ်င္တဲ့ စမတ္ဖုန္းကေတာ့ Meizu M6 Note ဘဲ ျဖစ္ပါတယ္။ M6 Note က ၂၀၁၇ခုႏွစ္ စက္တင္ဘာလတုန္းက ထြက္ရွိခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ အဲ့ဒီ အခ်ိန္တုန္းကေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ ေစ်းကြက္မွာ ၂၇၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ခဲ့ၿပီး ယခုအခါမွာေတာ့ ၂၄၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ ၂၀၁၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့ စမတ္ဖုန္း ျဖစ္တဲ့အတြက္ လတ္တေလာ ေရပန္းစားေနတဲ့ ဖုန္းမ်ားလို 18:9 Display အမ်ိဴးအစား မဟုတ္ဘဲ 16:9 Display အမ်ိဴးအစားနဲ႔ ျဖစ္ပါတယ္။ ဒါ့အျပင္ Fingerprint ထည့္သြင္းထားတဲ့ Home Button လည္း ပါဝင္ဦးမွာပါ။

Meizu M6 Note ကို Budgeteer စမတ္ဖုန္းအျဖစ္ ေ႐ြးခ်ယ္ေပးရတဲ့ အေၾကာင္းအရင္းကေတာ့ အသုံးျပဳထားတဲ့ Display နဲ႔ Processor၊ ထည့္သြင္းေပးထားတဲ့ Battery ပမာဏေတြကို သေဘာက်မိလို႔ ျဖစ္ပါတယ္။

M6 Note ရဲ႕ Display အပိုင္းအတြက္ ၅.၅ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ IPS LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 1920 pixels ရွိပါမယ္။ M6 Note နဲ႔ ေစ်းသိပ္မကြာတဲ့ Redmi S2 (Official) အလုံးမွာေတာင္ 720 x 1440 pixels ဘဲ ရွိပါတယ္။ ဒါ့အျပင္ Redmi S2 မွာက ၅.၉၉ လက္မ မ်က္ႏွာျပင္ကို ဘက္ထရီ ပမာဏ 3080mAh သာ ထည့္သြင္းထားၿပီး M6 Note မွာေတာ့ 4000mAh ဘက္ထရီ ပါဝင္မွာ ျဖစ္ပါတယ္။ ၅.၅ လက္မ Display ကို 4000mAh ထည့္သြင္းေပးထားတဲ့အျပင္ 18w mCharge အျမန္အားသြင္းစနစ္လည္း ပါဝင္ဦးမွာပါ။ ဒါဟာ M6 Note ရဲ႕ အားသာခ်က္ေတြထဲက တစ္ခုပါဘဲ။

Processor အပိုင္းမွာလည္း Qualcomm ရဲ႕ Snapdragon 625 SoC ကို အသုံးျပဳထားပါတယ္။ ၅သိန္း ဝန္းက်င္ ေပးရတဲ့ Samsung Galaxy A6+ ရဲ႕ Processor ထက္ အမ်ားႀကီး သာသလို ၄သိန္း ဝန္းက်င္ ေပးရတဲ့ Vivo V9 ရဲ႕ Processor နဲ႔လည္း သိပ္မကြာပါဘူး။

Meizu M6 Note ဟာ Android 7.1.2 Nougat ကို Cutomize လုပ္ထားတဲ့ Flyme 6.0 နဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာ 12MP+5MP Dual Camera Setup ကို တပ္ဆင္ထားၿပီး ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ 16MP Camera ကို တပ္ဆင္ထားပါတယ္။ အေလးခ်ိန္က 173g ရွိၿပီး အထူကေတာ့ 8.35mm ရွိပါ့မယ္။ RAM အေနနဲ႔ 3GB ပါဝင္ၿပီး ROM ကေတာ့ 32GB ပါဝင္မွာပါ။ RAM 4GB/ ROM 64GB ပါဝင္တဲ့ ေမာ္ဒယ္ကိုေတာ့ ၂၉၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။Storage မေလာက္ဘူး ဆိုရင္လည္း MicroSD 128GB ထိ ထပ္စိုက္ႏိုင္မွာ ျဖစ္ပါတယ္။

 

အခ်ဴပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ Meizu M6 Note ဟာ 18:9 FullView Display မဟုတ္တာက လြဲၿပီး က်န္တဲ့ Specification ေတြမွာ ၂သိန္းခြဲ ေပးရတာနဲ႔ တန္တဲ့ စမတ္ဖုန္း တစ္လုံးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီတစ္ပတ္ရဲ႕ Budgeteer က႑အတြက္ Meizu M6 Note ကို ေ႐ြးခ်ယ္ေပးလိုက္ရျခင္း ျဖစ္ပါတယ္။

[Unicode]

တန်ဖိုးနည်းဖုန်း ဝယ်ဖို့အတွက် ရွေးချယ်စရာ ဖြစ်လာတဲ့ Meizu M6 Note (Budgeteer)

ဒီတပတ် Budgeteer ကဏ္ဍအတွက် ရွေးချယ်ပေးချင်တဲ့ စမတ်ဖုန်းကတော့ Meizu M6 Note ဘဲ ဖြစ်ပါတယ်။ M6 Note က ၂၀၁၇ခုနှစ် စက်တင်ဘာလတုန်းက ထွက်ရှိခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ စျေးကွက်မှာ ၂၇၉,၀၀၀ ကျပ်နဲ့ ရောင်းချခဲ့ပြီး ယခုအခါမှာတော့ ၂၄၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ စမတ်ဖုန်း ဖြစ်တဲ့အတွက် လတ်တလော ရေပန်းစားနေတဲ့ ဖုန်းများလို 18:9 Display အမျိူးအစား မဟုတ်ဘဲ 16:9 Display အမျိူးအစားနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် Fingerprint ထည့်သွင်းထားတဲ့ Home Button လည်း ပါဝင်ဦးမှာပါ။

Meizu M6 Note ကို Budgeteer စမတ်ဖုန်းအဖြစ် ရွေးချယ်ပေးရတဲ့ အကြောင်းအရင်းကတော့ အသုံးပြုထားတဲ့ Display နဲ့ Processor၊ ထည့်သွင်းပေးထားတဲ့ Battery ပမာဏတွေကို သဘောကျမိလို့ ဖြစ်ပါတယ်။

M6 Note ရဲ့ Display အပိုင်းအတွက် ၅.၅ လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 1920 pixels ရှိပါမယ်။ M6 Note နဲ့ စျေးသိပ်မကွာတဲ့ Redmi S2 (Official) အလုံးမှာတောင် 720 x 1440 pixels ဘဲ ရှိပါတယ်။ ဒါ့အပြင် Redmi S2 မှာက ၅.၉၉ လက်မ မျက်နှာပြင်ကို ဘက်ထရီ ပမာဏ 3080mAh သာ ထည့်သွင်းထားပြီး M6 Note မှာတော့ 4000mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပါတယ်။ ၅.၅ လက်မ Display ကို 4000mAh ထည့်သွင်းပေးထားတဲ့အပြင် 18w mCharge အမြန်အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ ဒါဟာ M6 Note ရဲ့ အားသာချက်တွေထဲက တစ်ခုပါဘဲ။

Processor အပိုင်းမှာလည်း Qualcomm ရဲ့ Snapdragon 625 SoC ကို အသုံးပြုထားပါတယ်။ ၅သိန်း ဝန်းကျင် ပေးရတဲ့ Samsung Galaxy A6+ ရဲ့ Processor ထက် အများကြီး သာသလို ၄သိန်း ဝန်းကျင် ပေးရတဲ့ Vivo V9 ရဲ့ Processor နဲ့လည်း သိပ်မကွာပါဘူး။

Meizu M6 Note ဟာ Android 7.1.2 Nougat ကို Cutomize လုပ်ထားတဲ့ Flyme 6.0 နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ နောက်ကျောဘက်မှာ 12MP+5MP Dual Camera Setup ကို တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 16MP Camera ကို တပ်ဆင်ထားပါတယ်။ အလေးချိန်က 173g ရှိပြီး အထူကတော့ 8.35mm ရှိပါ့မယ်။ RAM အနေနဲ့ 3GB ပါဝင်ပြီး ROM ကတော့ 32GB ပါဝင်မှာပါ။ RAM 4GB/ ROM 64GB ပါဝင်တဲ့ မော်ဒယ်ကိုတော့ ၂၉၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ Storage မလောက်ဘူး ဆိုရင်လည်း MicroSD 128GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

အချူပ်အနေနဲ့ ပြောရမယ်ဆိုရင် Meizu M6 Note ဟာ 18:9 FullView Display မဟုတ်တာက လွဲပြီး ကျန်တဲ့ Specification တွေမှာ ၂သိန်းခွဲ ပေးရတာနဲ့ တန်တဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်ရဲ့ Budgeteer ကဏ္ဍအတွက် Meizu M6 Note ကို ရွေးချယ်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category