512 Shares 205 Views
Jun 07, 2018
512 205
Ref : gsmarena
unicode
19:9 Display , Dual Camera များပါတဲ့ တန်ဖိုးသင့် Honor Play
ဟွာဝေးက ဂိမ်းကစားဖို့အတွက် အလွန်ကောင်းတဲ့ Honor Play ကို ကြေညာလိုက်ပါတယ်။ ၃၁၀ ဒေါ်လာသာ ရှိပြီး Kirin 970 Chipset ထည့်ပေးထားတာက အရမ်းတန်နေတာပါ။ စွမ်းဆောင်ရည်မြှင့်တင်ဖို့ GPU Turbo ကိုလည်း ထည့်ပေးထားပါတယ်။ ၆.၃ လက်မ 1080x2280p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ 3D Game Sound များနဲ့ 7.1 Channel Virtualization ကို ထောက်ပံ့တဲ့ Huawei Histen အသံနည်းပညာ ထည့်သွင်းထားပါတယ်။
4GB RAM/64GB Storage ပါတဲ့ အခြေခံ မော်ဒယ်ကို ၃၁၀ ဒေါ်လာနဲ့ 6GB RAM မော်ဒယ်ကို ၃၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီမော်ဒယ်ရဲ့ Storage ကို မသိရသေးပေမယ့် တန်ဖိုးနည်း မော်ဒယ်ထက် ပိုမိုများပြားမှာပါ။
အရွယ်ကြီးမားတဲ့ 3750mAh Battery ထည့်သွင်းထားပါတယ်။ သူဟာ Android 8.1 Oreo အခြေပြု EMUI 8.2 ကို ထည့်သွင်းထားတဲ့ ပထမဆုံး Honor Phone ဖြစ်ပါတယ်။ 16MP+2MP Dual Rear Camera တပ်ဆင်ထားပြီး ရှုခင်းပေါင်း ၅၀၀ ကျော်ကို အာရုံခံနိုင်ပါတယ်။ ကင်မရာမှာ Kirin က ထောက်ပံ့တဲ့ ဉာဏ်ရည်တု နည်းပညာ ပါပါတယ်။ အရှေ့ဘက်မှာ 16MP Camera ပါပြီး အိုင်ဖုန်းမှာလို 3D Portrait Lighting ကို ထောက်ပံ့ပါတယ်။
သူ့ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့မှာ ရောင်းချမှာပါ။ အနက်၊ ခရမ်း အပြင် အထူးထုတ် အနက်နဲ့ အနီရောင်များ ရွေးချယ်နိုင်ပါတယ်။
Ref : gsmarena
You may be interested
တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views
တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Ko Thuya - Aug 22, 2018
Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Ko Thuya - Aug 21, 2018
Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Creepy Tyler - Aug 21, 2018
[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…
Leave a Comment
Most from this category