0 Shares 1959 Views

စမတ္ဖုန္းတစ္လံုးမွာ ပါဝင္တဲ့ sensor အမ်ဳိးအစားမ်ား

Jun 06, 2018
0 1959

[Zawgyi]

စမတ္ဖုန္းေတြဆိုတာ မတူညီတဲ့လုပ္ငန္းေဆာင္တာေတြကိုလုပ္ေဆာင္ႏုိင္တဲ့ မတူညီတဲ့ပစၥည္းေတြကို က်စ္က်စ္လ်စ္လ်စ္စုေပါင္းထားတဲ့ပစၥည္းတစ္မ်ိဳးလို႔ေတာင္ ေျပာရမလိုပါပဲ။ အျမင့္စားကင္မရာေတြကစလို႔ GPS ေထာက္လွမ္းႏုိင္တာေတြအထိ၊ screen အလင္းကိုေအာ္တိုခ်ိန္ညိွႏုိင္တာကစလို႔ ကိုယ့္က်န္းမာေရးကို ေစာင့္ၾကည့္ေပးႏုိင္တာေတြအထိ ဒီလို စံုစီနဖာလုပ္ငန္းေတြကိုလုပ္ေဆာင္ႏုိင္ဖို႔အတြက္ ပါးပါးေသးေသးစမတ္ဖုန္းထဲမွာ sensor ေတြအမ်ားၾကီးထည့္ထားရပါတယ္။ ဒီေန႔ေတာ့ စမတ္ဖုန္းတစ္လံုးမွာ ဘယ္လို sensor ေတြပါလဲ?? ဘာအတြက္ထည့္ထားတာလဲ စတဲ့အေၾကာင္းအရာေတြကို ေျပာျပသြားပါမယ္။

  1. Proximity Sensor

Proximity sensor ကေတာ့ စမတ္ဖုန္းအကုန္လံုးနီးနီးမွာ ပါတတ္တဲ့ sensor ပါပဲ။ အရာဝတၳဳတစ္ခုခုက proximity sensor ေရွ႕ကပ္လာျပီဆုိရင္ သူက အနီေအာက္ေရာင္ျခည္အလင္းကိုလႊတ္လိုက္ပါတယ္။ အလင္းျပန္လာရင္ေတာ့ ေရွ႕မွာအရာဝတၳဳရိွတယ္ဆိုတာ သိႏုိင္မွာပါ။ ဒီနည္းလမ္းနဲ႔ သူသတ္မွတ္ထားတဲ့အကြာအေဝးတစ္ခုအတြင္းမွာ အရာဝတၳဳတစ္ခုရိွမရိွသိႏုိင္ျပီး ရိွတယ္ဆိုရင္ေတာ့ ထုိက္သင့္သလိုဆက္လုပ္ေဆာင္သြားမွာပါ။ ဥပမာ ဖုန္းေျပာတဲ့အခါ နားနားကိုကပ္လုိက္ရင္ screen ေအာ္တုိပိတ္သြားတယ္ဆိုတာမ်ိဳးက ဒီ proximity sensor ေၾကာင့္ပါပဲ။

  1. Accelerometer နဲ႔ Gryoscope

Accelerometer ေတြကေတာ့ ဝင္ရိုးေတြေရြ႕လ်ားသြားတာကုိ တို္င္းတာတဲ့ sensor ေတြပါ။ မ်ားေသာအားျဖင့္ ဖုန္းေတြရဲ႕ fitness tracker ေတြမွာေတြ႔ရပါတယ္။ wearable ပစၥည္းတစ္ခု သက္သက္ဝယ္စရာေတာင္မလိုဘဲ ကိုယ္လွမ္းသမွ်ေျခလွမ္းတုိင္းကို ေျခရာခံႏုိင္တယ္ဆိုတာ ဒီ sensor ေတြေၾကာင့္ပါ။ နာမည္လိုပဲ အရိွန္တိုင္း sensor ဆိုေတာ့ အရိွန္ကုိတုိင္းတာမွာပါပဲ။ ဒီ sensor ထဲမွာပါဝင္တဲ့ အရမ္းအရမ္းကိုေသးငယ္တဲ့ပံုေဆာင္ခဲေလးေတြက အရိွန္နဲ႔အားတစ္ခုခုသက္ေရာက္လုိက္တာနဲ႔ stress ျဖစ္သြားျပီး ပံုေဆာင္ခဲေတြေပၚသက္ေရာက္လာတဲ့အားကို interpret လုပ္လိုက္တာနဲ႔ ဖုန္းက ဘယ္ေလာက္ျမန္ျမန္ေရြ႕သြားလဲ ဘယ္အရပ္ကိုဦးတည္သြားလဲဆိုတာသိရိွႏုိင္မွာျဖစ္ပါတယ္။

Accelerometer 2 .jpg

ဖုန္းကိုေဒါင္လုိက္ေထာင္သံုးေနရင္းက အလ်ားလုိက္ landscape mode ေျပာင္းလုိက္မယ္ဆိုရင္ သံုးေနတဲ့ app ကိုပါ အလ်ားလိုက္ေျပာင္းဖို႔ ဒီ sensor ေတြကတစ္ဆင့္သိရပါတယ္။ ကားေမာင္းတဲ့ဂိမ္းတစ္ခုေဆာ့တယ္ဆုိလည္း ဟိုဘက္ေစာင္း ဒီဘက္ေစာင္း ဘယ္ေလာက္ပမာဏေစာင္းသြားတယ္ဆိုတာကုိ ဒီ sensor ေတြက တိုင္းတာေပးပါလိမ့္မယ္။

Accelerometer.png

Accelerometer ေတြက အရိွန္ကိုတုိင္းတာတယ္ဆိုရင္ Gryoscope ေတြက လွည့္လုိက္တဲ့ ေထာင့္ရဲ႕ဒီဂရီကုိပါ တိုင္းရပါတယ္။ ဝင္ရိုးတစ္ခုကေန ဘယ္ဘက္ကိုဘယ္ေလာက္ဒီဂရီလွည့္သြားလဲဆိုတာကို တုိင္းတာေပးျပီး 360 ဒီဂရီပံုေတြကိုၾကည့္လိုက္ရင္ ရွင္းလိမ့္မယ္ထင္ပါတယ္။

Gyroscope sensor.jpg

  1. Biometric Sensor

Fingerprint sensor ဆုိတာကေတာ့ လူတုိင္းမသိတဲ့သူမရိွေလာက္တဲ့ sensor ျဖစ္မယ္ထင္ပါတယ္။ အျမင့္ပိုင္းဖုန္းေတြတင္မကေတာ့ပဲ mid-range ဖုန္းေတြမွာပါ ေတြ႔လာရတဲ့ sensor တစ္ခုပါ။ သာမန္လွ်ိဳ႕ဝွက္ကုဒ္ေတြထက္ ပိုစိတ္ခ်ရတဲ့ လံုျခံဳေရး sensor တစ္ခုလို႔ ေျပာရမွာပါ။

Fingerprint sensor.jpg

Fingerprint တင္မကဘဲ မ်က္ႏွာအတည္ျပဳစနစ္ေတြ 3D facial recognition ေတြ IRIS scanner ေတြဆိုလည္း ဒီ biometric sensor ေတြထဲမွာအက်ံဳးဝင္ပါတယ္။

  1. Heart Rate SensorHeart Rate Monitor.jpg

သူကေတာ့ နာမည္သိပ္မၾကီးေပမယ့္ ေျပာရရင္ ဖုန္းေတြမွာပါသင့္တ့ဲ sensor တစ္ခုလို႔ျမင္ပါတယ္။ သူ႔ရဲ႕အလုပ္လုပ္ပံုကေတာ့ ရိုးရွင္းပါတယ္။ user ရဲ႕လက္ေခ်ာင္းထဲက ေသြးေၾကာေတြရဲ႕ တစ္မိနစ္အတြင္းေသြးခုန္ႏႈန္းကို တုိင္းတာေပးျပီး က်န္းမာေရးကို  ဂရုတစိုက္ရိွတဲ့လူေတြအတြက္ေတာ့ ရိွသင့္တဲ့ sensor တစ္ခုပါပဲ။

  1. Pedometer

Pedometer 2.png

က်န္းမာေရးနဲ႔ sensor ေတြပတ္သတ္ပံုအေၾကာင္းေျပာေနေတာ့ Pedometer ေတြကိုလည္း ထည့္ေျပာရပါေတာ့မယ္။ က်န္းမာေရးလိုက္စားသူေတြအတြက္ေတာ့ Pedometer ဆုိတာ အ၇မ္းကိုအေရးပါတဲ့ app တစ္ခုပါ။ ဒီ sensor ေတြကေတာ့ user ရဲ႕လွမ္းလုိက္တဲ့ေျခလွမ္းအေရအတြက္ကို လုိက္ေရတြက္တုိင္းတာေပးေနမွာျဖစ္ပါတယ္။

Pedometer 3.png

ဒါဆို Google Fit တုိ႔ Gryoscope တုိ႔လို app ေတြမွာ ဒီ sensor မပါလည္းအလုပ္လုပ္ႏုိင္တာပဲလို႔ေတြးေကာင္းေတြးပါလိ့မ္မယ္။ မွန္ပါတယ္ အေပၚမွာေျပာခဲ့ဖူးသလို ေျခလွမ္းေရတြက္ဖို႔အတြက္ေလာက္ကေတာ့ accelerator ကိုသံုးလည္းရေနလို႔ပါ။ ဒါေပမယ့္ Pedometer နဲ႔ဆိုရင္ေတာ့ ပိုလည္းတိက်ျပီး အားကုန္လည္းပိုသက္သာပါတယ္။

6. Barometer

Barometer.jpg

ဒီ sensor ေတြကေတာ့ ေလဖိအားကိုတုိင္းတာေပးျပီး ရလာတဲ့ေဒတာေတြကေန ပင္လယ္ေရမ်က္ႏွာျပင္အထက္ ဘယ္ေလာက္အျမင့္မွာေရာက္ေနျပီဆိုတာသိႏုိင္ပါတယ္။ ေနာက္ျပီး GPS စနစ္ကိုလည္း ပိုတိက်ေစပါတယ္

7. Temperature Sensor

သူကေတာ့ ဖုန္းရဲ႕ အတြင္းေရာအျပင္ေရာမွာရိွေနတဲ့ အပူခ်ိန္ပမာဏကုိတုိင္းတာေပးပါတယ္။ ခုေခတ္ဆို စမတ္ဖုန္းအမ်ားစုမွာ ဖုန္းအတြင္းပိုင္းနဲ႔ ဘက္ထရီအပူခ်ိန္ကိုတုိင္းတာတဲ့ sensor နဲ႔ အျပင္ပတ္ဝန္းက်င္ရဲ႕အပူခ်ိန္ကိုတုိင္းတာတဲ့ sensor ဆိုျပီး sensor ၂ခုပါလာၾကပါျပီ။ ဖုန္းက အပူလြန္ကဲေနျပီဆိုရင္ ဒီ sensor ေတြကသိႏုိင္ျပီး အဲဒီအခ်ိန္မွာ system က performance ေလွ်ာ့တာျဖစ္ျဖစ္ ေအာ္တုိ shutdown ခ်ပစ္တာပဲျဖစ္ျဖစ္လုပ္ရပါတယ္

8. Light Sensor

သူကေတာ့ အလင္းပမာဏကိုတုိင္းတာတဲ့ sensor တစ္ခုပါ။ ပတ္ဝန္းက်င္မွာရိွတဲ့အလင္းပမာဏကို အာရံုခံႏုိင္ျပီး ရလာတဲ့ေဒတာကိုသံုးျပီးမွ ေဆာ့ဖဲဝဲလ္ကတစ္ဆင့္ ဖုန္းရဲ႕ brightness ကိုခ်ိန္ညိွေပးပါတယ္။ ဥပမာ ေနေရာင္ေအာက္မွာလိုမ်ိဳး အလင္းအရမ္းမ်ားတဲ့ေနရာမ်ိဳးမွာ ဖုန္းရဲ႕ screen အလင္းကုိျမွင့္လုိက္ျပီး ေမွာင္တဲ့ညေန ညခင္းအခ်ိန္မ်ိဳး အလင္းအားနည္းတဲ့ေနရာမ်ိဳးမွာေတာ့ ဖုန္းရဲ႕ brightness ကို သင့္သလိုေလွ်ာ့ေပးပါတယ္။ ဖုန္းေတြမွာပါတဲ့ Auto brightness ဆိုတာက ဒီ sensor ေတြကိုသံုးျပီးလုပ္သြားတာပါ။

9. Magnetometer

သူကေတာ့ ပတ္ဝန္းက်င္မွာရိွတဲ့ သံလုိက္စက္ကြင္းကို ဝင္ရိုး၃ခုနဲ႔တုိင္းတာပါတယ္။ ကမာၻ႔ရဲ႕သံလိုက္ဆြဲအားကိုၾကည့္ျပီးမွ ကိုယ္က ဘယ္အရပ္ကိုမ်က္ႏွာမူထားလဲ ေျမာက္ဘက္လား ေတာင္ဘက္လားဆိုတာကို သိႏုိင္မွာျဖစ္ပါတယ္။ စြန္႔စားခန္းခရီးေတြသြားတဲ့အခါေတာ့ ေတာ္ေတာ္အသံုးတည့္တဲ့ sensor ေလးပါ။

Magnetometer.jpg

ကင္မရာ sensor ေတြအေၾကာင္းကေတာ့ နည္းနည္းက်ယ္ျပန္႔တာမို႔ က်န္ေသးတဲ့ sensor ေတြနဲ႔အတူ တစ္ရက္သက္သက္အက်ယ္ေဖာ္ျပေပးပါ့မယ္။ အခုေဖာ္ျပခဲ့တာေတြကေတာ့ စမတ္ဖုန္းေတြမွာ ပါတတ္တဲ့ sensor ေတြအေၾကာင္းျဖစ္ျပီး သူတို႔ဘယ္လုိအလုပ္လုပ္သလဲ ဘာအတြက္အသံုးဝင္လဲဆိုတာေတြပါ။

 

[Unicode]

စမတ်ဖုန်းတွေဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်နိုင်တဲ့ မတူညီတဲ့ပစ္စည်းတွေကို ကျစ်ကျစ်လျစ်လျစ်စုပေါင်းထားတဲ့ပစ္စည်းတစ်မျိုးလို့တောင် ပြောရမလိုပါပဲ။ အမြင့်စားကင်မရာတွေကစလို့ GPS ထောက်လှမ်းနိုင်တာတွေအထိ၊ screen အလင်းကိုအော်တိုချိန်ညှိနိုင်တာကစလို့ ကိုယ့်ကျန်းမာရေးကို စောင့်ကြည့်ပေးနိုင်တာတွေအထိ ဒီလို စုံစီနဖာလုပ်ငန်းတွေကိုလုပ်ဆောင်နိုင်ဖို့အတွက် ပါးပါးသေးသေးစမတ်ဖုန်းထဲမှာ sensor တွေအများကြီးထည့်ထားရပါတယ်။ ဒီနေ့တော့ စမတ်ဖုန်းတစ်လုံးမှာ ဘယ်လို sensor တွေပါလဲ?? ဘာအတွက်ထည့်ထားတာလဲ စတဲ့အကြောင်းအရာတွေကို ပြောပြသွားပါမယ်။

  1. Proximity Sensor

Proximity sensor ကတော့ စမတ်ဖုန်းအကုန်လုံးနီးနီးမှာ ပါတတ်တဲ့ sensor ပါပဲ။ အရာဝတ္ထုတစ်ခုခုက proximity sensor ရှေ့ကပ်လာပြီဆိုရင် သူက အနီအောက်ရောင်ခြည်အလင်းကိုလွှတ်လိုက်ပါတယ်။ အလင်းပြန်လာရင်တော့ ရှေ့မှာအရာဝတ္ထုရှိတယ်ဆိုတာ သိနိုင်မှာပါ။ ဒီနည်းလမ်းနဲ့ သူသတ်မှတ်ထားတဲ့အကွာအဝေးတစ်ခုအတွင်းမှာ အရာဝတ္ထုတစ်ခုရှိမရှိသိနိုင်ပြီး ရှိတယ်ဆိုရင်တော့ ထိုက်သင့်သလိုဆက်လုပ်ဆောင်သွားမှာပါ။ ဥပမာ ဖုန်းပြောတဲ့အခါ နားနားကိုကပ်လိုက်ရင် screen အော်တိုပိတ်သွားတယ်ဆိုတာမျိုးက ဒီ proximity sensor ကြောင့်ပါပဲ။

  1. Accelerometer နဲ့ Gryoscope

Accelerometer တွေကတော့ ဝင်ရိုးတွေရွေ့လျားသွားတာကို တိုင်းတာတဲ့ sensor တွေပါ။ များသောအားဖြင့် ဖုန်းတွေရဲ့ fitness tracker တွေမှာတွေ့ရပါတယ်။ wearable ပစ္စည်းတစ်ခု သက်သက်ဝယ်စရာတောင်မလိုဘဲ ကိုယ်လှမ်းသမျှခြေလှမ်းတိုင်းကို ခြေရာခံနိုင်တယ်ဆိုတာ ဒီ sensor တွေကြောင့်ပါ။ နာမည်လိုပဲ အရှိန်တိုင်း sensor ဆိုတော့ အရှိန်ကိုတိုင်းတာမှာပါပဲ။ ဒီ sensor ထဲမှာပါဝင်တဲ့ အရမ်းအရမ်းကိုသေးငယ်တဲ့ပုံဆောင်ခဲလေးတွေက အရှိန်နဲ့အားတစ်ခုခုသက်ရောက်လိုက်တာနဲ့ stress ဖြစ်သွားပြီး ပုံဆောင်ခဲတွေပေါ်သက်ရောက်လာတဲ့အားကို interpret လုပ်လိုက်တာနဲ့ ဖုန်းက ဘယ်လောက်မြန်မြန်ရွေ့သွားလဲ ဘယ်အရပ်ကိုဦးတည်သွားလဲဆိုတာသိရှိနိုင်မှာဖြစ်ပါတယ်။

Accelerometer 2 .jpg

ဖုန်းကိုဒေါင်လိုက်ထောင်သုံးနေရင်းက အလျားလိုက် landscape mode ပြောင်းလိုက်မယ်ဆိုရင် သုံးနေတဲ့ app ကိုပါ အလျားလိုက်ပြောင်းဖို့ ဒီ sensor တွေကတစ်ဆင့်သိရပါတယ်။ ကားမောင်းတဲ့ဂိမ်းတစ်ခုဆော့တယ်ဆိုလည်း ဟိုဘက်စောင်း ဒီဘက်စောင်း ဘယ်လောက်ပမာဏစောင်းသွားတယ်ဆိုတာကို ဒီ sensor တွေက တိုင်းတာပေးပါလိမ့်မယ်။

Accelerometer.png

Accelerometer တွေက အရှိန်ကိုတိုင်းတာတယ်ဆိုရင် Gryoscope တွေက လှည့်လိုက်တဲ့ ထောင့်ရဲ့ဒီဂရီကိုပါ တိုင်းရပါတယ်။ ဝင်ရိုးတစ်ခုကနေ ဘယ်ဘက်ကိုဘယ်လောက်ဒီဂရီလှည့်သွားလဲဆိုတာကို တိုင်းတာပေးပြီး 360 ဒီဂရီပုံတွေကိုကြည့်လိုက်ရင် ရှင်းလိမ့်မယ်ထင်ပါတယ်။

Gyroscope sensor.jpg

  1. Biometric Sensor

Fingerprint sensor ဆိုတာကတော့ လူတိုင်းမသိတဲ့သူမရှိလောက်တဲ့ sensor ဖြစ်မယ်ထင်ပါတယ်။ အမြင့်ပိုင်းဖုန်းတွေတင်မကတော့ပဲ mid-range ဖုန်းတွေမှာပါ တွေ့လာရတဲ့ sensor တစ်ခုပါ။ သာမန်လျှို့ဝှက်ကုဒ်တွေထက် ပိုစိတ်ချရတဲ့ လုံခြုံရေး sensor တစ်ခုလို့ ပြောရမှာပါ။

Fingerprint sensor.jpg

Fingerprint တင်မကဘဲ မျက်နှာအတည်ပြုစနစ်တွေ 3D facial recognition တွေ IRIS scanner တွေဆိုလည်း ဒီ biometric sensor တွေထဲမှာအကျုံးဝင်ပါတယ်။

  1. Heart Rate SensorHeart Rate Monitor.jpg

သူကတော့ နာမည်သိပ်မကြီးပေမယ့် ပြောရရင် ဖုန်းတွေမှာပါသင့်တဲ့ sensor တစ်ခုလို့မြင်ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်။ user ရဲ့လက်ချောင်းထဲက သွေးကြောတွေရဲ့ တစ်မိနစ်အတွင်းသွေးခုန်နှုန်းကို တိုင်းတာပေးပြီး ကျန်းမာရေးကို  ဂရုတစိုက်ရှိတဲ့လူတွေအတွက်တော့ ရှိသင့်တဲ့ sensor တစ်ခုပါပဲ။

  1. Pedometer

Pedometer 2.png

ကျန်းမာရေးနဲ့ sensor တွေပတ်သတ်ပုံအကြောင်းပြောနေတော့ Pedometer တွေကိုလည်း ထည့်ပြောရပါတော့မယ်။ ကျန်းမာရေးလိုက်စားသူတွေအတွက်တော့ Pedometer ဆိုတာ အ၇မ်းကိုအရေးပါတဲ့ app တစ်ခုပါ။ ဒီ sensor တွေကတော့ user ရဲ့လှမ်းလိုက်တဲ့ခြေလှမ်းအရေအတွက်ကို လိုက်ရေတွက်တိုင်းတာပေးနေမှာဖြစ်ပါတယ်။

Pedometer 3.png

ဒါဆို Google Fit တို့ Gryoscope တို့လို app တွေမှာ ဒီ sensor မပါလည်းအလုပ်လုပ်နိုင်တာပဲလို့တွေးကောင်းတွေးပါလိ့မ်မယ်။ မှန်ပါတယ် အပေါ်မှာပြောခဲ့ဖူးသလို ခြေလှမ်းရေတွက်ဖို့အတွက်လောက်ကတော့ accelerator ကိုသုံးလည်းရနေလို့ပါ။ ဒါပေမယ့် Pedometer နဲ့ဆိုရင်တော့ ပိုလည်းတိကျပြီး အားကုန်လည်းပိုသက်သာပါတယ်။

6. Barometer

Barometer.jpg

ဒီ sensor တွေကတော့ လေဖိအားကိုတိုင်းတာပေးပြီး ရလာတဲ့ဒေတာတွေကနေ ပင်လယ်ရေမျက်နှာပြင်အထက် ဘယ်လောက်အမြင့်မှာရောက်နေပြီဆိုတာသိနိုင်ပါတယ်။ နောက်ပြီး GPS စနစ်ကိုလည်း ပိုတိကျစေပါတယ်

7. Temperature Sensor

သူကတော့ ဖုန်းရဲ့ အတွင်းရောအပြင်ရောမှာရှိနေတဲ့ အပူချိန်ပမာဏကိုတိုင်းတာပေးပါတယ်။ ခုခေတ်ဆို စမတ်ဖုန်းအများစုမှာ ဖုန်းအတွင်းပိုင်းနဲ့ ဘက်ထရီအပူချိန်ကိုတိုင်းတာတဲ့ sensor နဲ့ အပြင်ပတ်ဝန်းကျင်ရဲ့အပူချိန်ကိုတိုင်းတာတဲ့ sensor ဆိုပြီး sensor ၂ခုပါလာကြပါပြီ။ ဖုန်းက အပူလွန်ကဲနေပြီဆိုရင် ဒီ sensor တွေကသိနိုင်ပြီး အဲဒီအချိန်မှာ system က performance လျှော့တာဖြစ်ဖြစ် အော်တို shutdown ချပစ်တာပဲဖြစ်ဖြစ်လုပ်ရပါတယ်

8. Light Sensor

သူကတော့ အလင်းပမာဏကိုတိုင်းတာတဲ့ sensor တစ်ခုပါ။ ပတ်ဝန်းကျင်မှာရှိတဲ့အလင်းပမာဏကို အာရုံခံနိုင်ပြီး ရလာတဲ့ဒေတာကိုသုံးပြီးမှ ဆော့ဖဲဝဲလ်ကတစ်ဆင့် ဖုန်းရဲ့ brightness ကိုချိန်ညှိပေးပါတယ်။ ဥပမာ နေရောင်အောက်မှာလိုမျိုး အလင်းအရမ်းများတဲ့နေရာမျိုးမှာ ဖုန်းရဲ့ screen အလင်းကိုမြှင့်လိုက်ပြီး မှောင်တဲ့ညနေ ညခင်းအချိန်မျိုး အလင်းအားနည်းတဲ့နေရာမျိုးမှာတော့ ဖုန်းရဲ့ brightness ကို သင့်သလိုလျှော့ပေးပါတယ်။ ဖုန်းတွေမှာပါတဲ့ Auto brightness ဆိုတာက ဒီ sensor တွေကိုသုံးပြီးလုပ်သွားတာပါ။

9. Magnetometer

သူကတော့ ပတ်ဝန်းကျင်မှာရှိတဲ့ သံလိုက်စက်ကွင်းကို ဝင်ရိုး၃ခုနဲ့တိုင်းတာပါတယ်။ ကမ္ဘာ့ရဲ့သံလိုက်ဆွဲအားကိုကြည့်ပြီးမှ ကိုယ်က ဘယ်အရပ်ကိုမျက်နှာမူထားလဲ မြောက်ဘက်လား တောင်ဘက်လားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ စွန့်စားခန်းခရီးတွေသွားတဲ့အခါတော့ တော်တော်အသုံးတည့်တဲ့ sensor လေးပါ။

Magnetometer.jpg

ကင်မရာ sensor တွေအကြောင်းကတော့ နည်းနည်းကျယ်ပြန့်တာမို့ ကျန်သေးတဲ့ sensor တွေနဲ့အတူ တစ်ရက်သက်သက်အကျယ်ဖော်ပြပေးပါ့မယ်။ အခုဖော်ပြခဲ့တာတွေကတော့ စမတ်ဖုန်းတွေမှာ ပါတတ်တဲ့ sensor တွေအကြောင်းဖြစ်ပြီး သူတို့ဘယ်လိုအလုပ်လုပ်သလဲ ဘာအတွက်အသုံးဝင်လဲဆိုတာတွေပါ။

 

You may be interested

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ
Android, Huawei, HUBS
0 shares0 views

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ

Ko Thuya - May 22, 2019

Honor က အလန္းစား ကင္မရာမ်ား ပါတဲ့ Honor 20 Pro ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ 48MP Main Camera ဟာ လက္ရွိဖုန္းေတြထဲမွာ အျမန္ဆံုး Aperture ကို ပိုင္ဆိုင္ထားပါတယ္။ OIS နဲ႔ EIS…

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ
Android, Huawei, HUBS
0 shares16 views

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးျခားဆန္းသစ္ေအာင္ျပဳလုပ္ေနပါတယ္။ အခုေတာ့ သူ႔ရဲ႕ ဘရန္းခြဲ Honor ကလည္း ဒီလမ္းစဥ္ကိုလိုက္လာပါတယ္။ ကုမၸဏီက အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 နဲ႔ Honor 20 Pro တို႔ကို ေၾကညာလိုက္ပါတယ္။…

Android Q Beta ရသြားတဲ့ OnePlus 7 နဲ႔ One Plus 7 Pro
Android, HUBS, Mobiles & Tablets
0 shares21 views

Android Q Beta ရသြားတဲ့ OnePlus 7 နဲ႔ One Plus 7 Pro

Ko Thuya - May 21, 2019

OnePlus 7 Pro အတြက္ Kernel Source Code ကို မၾကာခင္က ျဖန္႔ခ်ီၿပီးေနာက္မွာ OnePlus က OnePlus 7 နဲ႔ OnePlus 7 Pro အတြက္ Android Q Beta ကို…

Leave a Comment

Most from this category