726 Shares 290 Views
Jun 06, 2018
726 290
[Zawgyi]
Ref: gadgets.ndtv
[Unicode]
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ Lenovo Z5
Lenovo Z5 ကို မနေ့က Beijing မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Z5 နဲ့အတူ Lenovo A5 နဲ့ K5 Note တို့ကိုလည်း ထပ်မံ မိတ်ဆက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ မေလတုန်းက Lenovo ရဲ့ Vice President ဖြစ်သူ Chang Cheng ဟာ Lenovo Z5 လို့ ထင်ယောင် ထင်မှား ဖြစ်စေတဲ့ ဓာတ်ပုံ တစ်ပုံကို Weibo မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံမှာ Notch မပါဝင်သလို Screen-to-body ratio ကလည်း 95% ထိ ရှိနိုင်ပါတယ်။ အဲ့ဒီ အချိန်တုန်းကတော့ Lenovo Z5 က ဒီဇိုင်းအလန်းကြီးနဲ့ ထွက်လာတော့မယ် ဆိုပြီး ယုန်ထင် ကြောင်ထင် ဖြစ်နေကြပါတယ်။ အခုတော့ Lenovo Z5 ဟာ Notch ပါဝင်သလို Screen-to-body ratio ကလည့်း 90% ရှိတာကြောင့် Lenovo ချစ်ပရိတ်သတ်ကြီးကတော့ တော်တော်တင်းနေပုံ ရပါတယ်။ ဒါ့ကြောင့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ Lenovo Z5 ရဲ့ Specification တွေကို ဖော်ပြပေးလိုက်ပါတယ်။
Lenovo Z5 Specification
Operating System အပိုင်းမှာ Android 8.1 Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ ZUI 3.9 နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ၆.၂ လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2246 pixels ရှိပါမယ်။ Qualcomm ရဲ့ Snapdragon 636 SoC ကို အသုံးပြုထားပြီး RAM 6GB ပါဝင်မှာ ဖြစ်ပါတယ်။ Memory Storage အနေနဲ့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ရောင်းချမှာ ဖြစ်သလို MicroSD ကလည်း 256GB ထိ ထပ်စိုက်နိုင်မှာပါ။
AI လုပ်ဆောင်ချက်များ ပါဝင်ပြီး 4K ဗီဒီယိုများ ရိုက်ကူးနိုင်တဲ့ 16MP+8MP Dual Camera Setup ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 ရှိတဲ့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3300mAh ထည့်သွင်းထားပြီး 15W အမြန်အားသွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ထည့်သွင်းထားပြီး Connectivity အပိုင်းအတွက် USB Type-C ကိုတပ်ဆင်ပေးထားပါတယ်။ Lenovo Z5 ရဲ့ အလေးချိန်ကတော့ 165 grams ရှိပါမယ်။
Lenovo Z5 ကို RAM 6GB/ ROM 64GB အတွက် တရုတ်ငွေ ၁၂၉၉ ယွမ် (မြန်မာငွေ ၂၇၅၀၀၀ ကျပ် ဝန်းကျင်) နဲ့ RAM 6GB/ ROM 128GB အတွက် တရုတ်ငွေ ၁၇၉၉ ယွမ် (မြန်မာငွေ ၃၈၀,၀၀၀ ကျပ် ဝန်းကျင်) နဲ့ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့အပြားကို ဖြန့်ချီမယ့်နေ့နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် နေ့ကိုတော့ အတိအကျ မသိရသေးပါဘူး။
Ref:gadgets.ndtv
You may be interested
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views
iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
Ko Thuya - Jun 25, 2018
Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views
Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Ko Thuya - Jun 25, 2018
ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
296 shares383 views
Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
Nwe Oo - Jun 25, 2018
[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…
Leave a Comment
Most from this category