0 Shares 165 Views


Jun 06, 2018
0 165





Ref : gsmarena

unicode

Asus က သွေးပေါင်ချိန် တိုင်းတာပေးနိုင်တဲ့ စမတ်နာရီကို မိတ်ဆက်

Asus က VivoWatch BP အမည်ရ စမတ်နာရီကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ Sports Smartwatch အမျိုးအစား ဖြစ်ပြီး စွမ်းရည်များစွာ ပါလာပါတယ်။ အထူးခြားဆုံးက သွေးပေါင်ချိန် တိုင်းတာပေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ဆန်ဆာများစွာ ထည့်သွင်းထားတဲ့အတွက် ထူထဲပြီး လှပတဲ့ စမတ်နာရီတစ်လုံးတော့ မဟုတ်ပါဘူး။ Electrocardiographic (ECG) နဲ့ Photoplethysmographic (PPG) Sensors များက တိကျစွာ သွေးပေါင်ချိန် တိုင်းပေးပါတယ်။ သွေးပေါင်ချိန်တိုင်းဖို့အတွက် လက်ချောင်းထိပ်ကို အရှေ့မှ ECG Sensor ပေါ်မှာ ၁၅ ကနေ ၂၀ စက္ကန့်အထိ တင်ထားပေးရမှာပါ။

သူက နှလုံးခုန်နှုန်း၊ အိပ်စက်မှု အခြေအနေ၊ စိတ်ဖိစီးမှုနဲ့ အခြား ကိုယ်လက်လှုပ်ရှားမှုများလို သင့် ကျန်းမာရေးအတွက် အဓိကကျတဲ့ သတင်းအချက်အလက်များကို တိုင်းတာပေးပါတယ်။ အဲဒီ သတင်းအချက်အလက်များကို Android App ထဲမှာ သိမ်းထားပေးပြီး HealthAI Algorithm က သင့်ကျန်းမာရေးအတွက် အကြံပြုမှုများကို ပံ့ပိုးပေးပါတယ်။ ဥပမာအားဖြင့် သင် ဒီနေ့ လမ်းလျှေက်သင့်တဲ့ အကွာအဝေး၊ အိပ်စက်သင့်တဲ့ နာရီများကို ပြသပေးပါတယ်။

ဒါ့အပြင် သူ့မှာ GPS ပါပြီး သင့် တည်နေရာကို သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါတယ်။ သာမာန်သာ သုံးရင် ဘက်ထရီဟာ ၂၈ ရက်တောင် အသုံးခံပါတယ်။ ဘက်ထရီ သက်တမ်းဟာ ယခင်မော်ဒယ်ထက် ၂ ဆ ပိုမို တိုးတက်လာပါတယ်။

အမေရိကန်မှာတော့ လာမယ့်နှစ် ဧပြီလနဲ့ စက်တင်ဘာလအကြားမှာ ရောင်းချမှာပါ။ အာရှမှာတော့ ယခုနှစ် ဇူလိုင်လကုန်နဲ့ ဥရောပမှာတော့ ယခုနှစ် သြဂုတ်လထဲမှာ ရောင်းချမှာပါ။ ၁၆၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category