233 Shares 111 Views


Jun 06, 2018
233 111




တင်မယ် သေချာသွားရင်တော့ ပထမဆုံး ဒီပေ့ခ်ျ (samhenri.com/ios12) ကို iOS device ရဲ့ Safari browser မှာဖွင့်လိုက်ပါ။ ပြီးရင် ပေ့ခ်ျရဲ့အောက်နားက “Download iOS 12” ကိုနှိပ်လိုက်တာနဲ့ install လုပ်ရမယ့်လမ်းကြောင်းဆီပို့ပေးပြီး reboot ချလိုက်ပါလိမ့်မယ်။



Ref : tnw

iPhone , iPad တွေမှာ iOS 12 beta ဗားရှင်း ဘယ်လိုတင်မလဲ??

WWDC 2018 ပွဲမှာတော့ Apple က သူ့ရဲ့အဓိက feature အသစ်တွေနဲ့အတူ iOS 12 ကိုမိတ်ဆက်ခဲ့ပါတယ်။ iOS 12 ကို တင်လိုမရသေးဘူးလား ဘာညာမေးနေသူများအတွက် iOS 12 ကို iPhone, iPad တွေမှာ ဘယ်လိုတင်မလဲဆိုတဲ့နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

iOS 12 ကို အခုချက်ချင်းတင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက Apple ရဲ့ Developer Program ကို Sign Up လုပ်ဖို့ပါပဲ။ public beta က လကုန်လောက်မှရမှာဆိုတော့ မစောင့်နိုင်ဘူး စမ်းချင်နေပြီဆိုရင်တော့ ခုနကပြောတဲ့အတိုင်း Sign Up သာလုပ်လိုက်ပါ။

beta ဗားရှင်းဖြစ်လို့ Stable မဖြစ်သေးတဲ့အတွက် တစ်ခုသတိထားရမှာက မတင်ခင် ဒေတာတွေကို back up လုပ်ထားဖို့ပါ။ နောက်ပြီး ဒီ beta ဗားရှင်းမှာ WWDC ပွဲတုန်းက မိတ်ဆက်ခဲ့တဲ့ feature အကုန်လုံးလည်း မပါသေးပါဘူး။

တင်မယ် သေချာသွားရင်တော့ ပထမဆုံး ဒီပေ့ချ် (samhenri.com/ios12) ကို iOS device ရဲ့ Safari browser မှာဖွင့်လိုက်ပါ။ ပြီးရင် ပေ့ချ်ရဲ့အောက်နားက “Download iOS 12” ကိုနှိပ်လိုက်တာနဲ့ install လုပ်ရမယ့်လမ်းကြောင်းဆီပို့ပေးပြီး reboot ချလိုက်ပါလိမ့်မယ်။

ပြီးရင်တော့ Setting ကိုသွားပြီး Software Update စလုပ်လိုက်ပါ။ ပြီးသွားတာနဲ့ ကိုယ့် iPhone, iPad မှာ iOS 12 ကိုတင်ပြီးသားဖြစ်သွားပါပြီ။ တစ်ယောက်ကတော့ iPhone X မှာ iOS 12 ကိုတင်တာ ၁၀မိနစ်ပဲကြာပါတယ်တဲ့။ ဒါဆို ဒီ iOS 12 တင်လို့ရမယ့် device အမျိုးအစားတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

မနေ့ကဖော်ပြခဲ့ဖူးတဲ့အတိုင်း ဒီ iOS ဗားရှင်းအသစ်မှာ လူ ၃၂ယောက်လောက် တစ်ပြိုင်နက်ဗီဒီယိုပြောလို့ရမယ့် Group FaceTime call၊ စိတ်ကြိုက်ပြင်နိုင်တဲ့ Animoji၊ notification နဲ့ Screen Time ကိုစီမံနိုင်မယ့် feature တွေအပြင် ဓာတ်ပုံတွေအတွက် suggestion တွေ Siri Shortcut အတွက် အသံခိုင်းစေမှုတွေ စတဲ့ feature စုံလည်းပါဝင်လာပါတယ်။ အသုံးဝင်တဲ့ feature လေးတွေဖြစ်မဖြစ် သုံးကြည့်ပြီး အသိပေးခဲ့ပါဦး…. 😉

Ref : tnw

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ

Ko Thuya - Mar 25, 2019

ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်
Apple, Gadgets, NEWS
40 shares24 views

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်

Nigma - Mar 25, 2019

Apple ပိုင်တဲ့ Beats က ကြိုးလုံးဝမပါတော့မယ့် Powerbeats earbuds နားကြပ်အသစ်ကို ဧပြီလအတွင်း မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ အရင် Powerbeats Wireless တွေတုန်းကလည်း ကြိုးမဲ့နားကြပ်ဆိုပေမယ့် နားကြပ်နှစ်ဖက်ကို ချိတ်ဆက်ထားတော့ ကြိုးတော့ ပါရှိပါသေးတယ်။ အသစ်ထွက်မယ့် Powerbeats က…

Leave a Comment

Most from this category