0 Shares 42 Views

တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္စာရင္း ထုတ္ျပန္ရက္တြင္ ဖုန္းေခၚဆိုမႈႏွင့္ ေဒတာ အသံုးျပဳမႈ ျမင့္တက္ခဲ့

Jun 06, 2018
0 42

[Zawgyi]

တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္စာရင္းမ်ားကို ႏိုင္ငံ တဝန္းရွိ ေက်ာင္း အသီးသီးႏွင့္ အြန္လိုင္းမွတဆင့္လည္းထုတ္ျပန္ေၾကညာခဲ့သျဖင့္ ေဒတာ အသံုးျပဳမႈႏွင့္ ဖုန္းေခၚဆိုမႈ ပမာဏ ျမင့္တက္ လာသည္ကို တယ္လီေနာ ကြန္ရက္တြင္ ေတြ႕ရွိခဲ့ရသည္။

တိုင္းတာခ်က္မ်ားအရ ၿပီးခဲ့သည့္ ေမလ ၂၆ ရက္ စေနေန႔ ႏွင့္ ႏိွႈင္းယွဥ္ပါက ဇြန္လ ၂ ရက္ စေနေန႔တြင္ ဖုန္းေခၚဆိုမႈ ပမာဏသည္ ၁၈ ရာခိုင္ႏွႈန္း နီးပါးတိုးတက္ခဲ့ၿပီး ေဒတာ အသံုးျပဳမႈပမာဏသည္ ၁ ရာခိုင္ႏႈန္း တိုးတက္ခဲ့ေၾကာင္း ေတြ႔ရွိ ရသည္။ ဇြန္လ ၂ ရက္ေန႕ အသံုးျပဳမႈသည္ ဇြန္လ ၁ ရက္ေန႔ႏွင့္ ႏွႈိင္းယွဥ္ပါက ဖုန္းေခၚဆိုမႈ ပမာဏ ၁၀ ရာခိုင္ႏႈန္းေက်ာ္ ႏွင့္ ေဒတာအသံုးျပဳမႈ ပမာဏ ၅ ရာခိုင္ႏႈန္းခန္႔ အသီးသီး တိုးတက္ခဲ့ေၾကာင္း ေတြ႔ရွိရသည္။

 “ျမန္မာလူမ်ဳိးေတြက သူတို႔ေတြရဲ႕ အေရးပါ အရာေရာက္တဲ့ အခ်ိန္ေတြမွာ သူငယ္ခ်င္း၊ မိသားစုေတြနဲ႔ မွ်ေဝ ရတာကို ႀကိဳက္နွစ္သက္ၾကပါတယ္။ ပြဲလမ္းသဘင္တို႔၊ အခမ္းအနားတို႔က်င္းပတဲ့ အခ်ိန္ ဒါမွမဟုတ္ အထိမ္းအမွတ္ပြဲေတြ က်င္းပ တဲ့အခ်ိန္မွာ ဖုန္းေခၚဆိုမႈနဲ႔ ေဒတာ အသံုးျပဳမႈ ျမင့္တက္မႈရွိတာကို ကၽြန္ေတာ္တို႕အေနနဲ႕ ေတြ႕ရွိေနရၿပီးလည္း ျဖစ္ပါ တယ္။ ဒီတကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္စာရင္း ေၾကညာမႈကလည္း အေရးပါတဲ့ အထိမ္းအမွတ္ တစ္ခု ျဖစ္ပါတယ္။ အရည္အေသြးျမင့္ ဖုန္းေခၚဆိုမႈအတြက္ လိုလားခ်က္က ျမင့္မားဆဲ ရွိေနၿပီး အြန္လိုင္းမွာ ေပးအပ္ႏိုင္တဲ့ ျပည္သူ႕ ဝန္ေဆာင္မႈလုပ္ငန္းေတြလည္း ဖံြ႕ၿဖိဳးတိုးတက္လာဖို႔ အခြင့္အေရးေတြ ရွိေနတာ ျဖစ္ပါတယ္။ တယ္လီေနာအေနနဲ႔ အလ်င္ျမန္ဆံုးနဲ႔ အတည္ၿငိမ္ဆံုး ေဒတာကြန္ရက္ကို တည္ေဆာက္ၿပီး ျဖစ္သလို ျမန္မာလူမ်ဳိးေတြအတြက္ ကြန္ရက္ ခ်ိတ္ဆက္မႈကေနရရွိႏိုင္တဲ့ အက်ဳိးေက်းဇူးေတြ အျပည့္အဝေပးအပ္သြားႏိုင္ဖို႔ ‘ဒစ္ဂ်စ္တယ္ ျမန္မာ’ ကို အေကာင္အထည္ ေဖာ္ဖို႕ရာအတြက္လည္း ဦးစားေပးလက္တြဲ ေဆာင္ရြက္ေနမွာလည္း ျဖစ္ပါတယ္” ဟု တယ္လီေနာျမန္မာ၏ ေကာ္ပိုရိတ္ေရးရာအရာရွိခ်ဳပ္ Hans Martin Hoegh Henrichsen က ေျပာၾကားသည္။

၂၀၁၇-၂၀၁၈ စာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲအား ျမန္မာႏိုင္ငံ၏ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးမွ ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း ၇၉၀,၀၀၀ နီးပါး ဝင္ေရာက္ေျဖဆိုခဲ့ၿပီး ဇြန္လ ၂ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည့္ ေအာင္စာရင္းရလဒ္မ်ားအရ ေအာင္ခ်က္ ရာခိုင္ႏႈန္း ၃၃ ရာခိုင္ႏႈန္း ရွိခဲ့သည္။ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑အတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ားကို လြန္ခဲ့သည့္  ၄ ႏွစ္ခန္႕က ျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္းတြင္ ပညာေရး ဝန္ႀကီးဌာနသည္ တကၠသိုလ္ ဝင္တန္း စာေမးပြဲေအာင္စာရင္းအား အြန္လိုင္းမွတဆင့္ ၾကည့္ရႈႏိုင္ေစရန္ ေဆာင္ရြက္ေပးလာခဲ့သည္။

တယ္လီေနာသည္ လက္ရွိတြင္ ဆုတံဆိပ္မ်ားဆြတ္ခူးရရွိထားသည့္ ၎၏ 3G ႏွင့္ 4G ကြန္ရက္ျဖင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးရွိ အသံုးျပဳသူေပါင္း ၁၉ သန္းေက်ာ္အား ဝန္ေဆာင္မႈမ်ား ေပးအပ္လ်က္ ရွိသည္။ ႏိုင္ငံတဝန္းရွိ ဆက္သြယ္ေရးတာဝါတိုင္ေပါင္း ၈၀၀၀ ေက်ာ္ႏွင့္အတူ တယ္လီေနာ ကြန္ရက္သည္ ျမန္မာႏိုင္ငံ လူဦးေရ စုစုေပါင္း၏ ၉၀ ရာခိုင္ႏႈန္းခန္႔အား လႊမ္းၿခံဳထားၿပီး ျဖစ္သည္။ တယ္လီေနာ၏ 4G ကြန္ရက္သည္ ၿမိဳ႕ႀကီးႏွင့္ ၿမိဳ႕နယ္ေပါင္း ၁၄၀ ေက်ာ္အား ေအာင္ျမင္စြာ လႊမ္းၿခံဳထားၿပီး ျဖစ္သည္။

PR/Telenor

[Unicode]

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို နိုင်ငံ တဝန်းရှိ ကျောင်း အသီးသီးနှင့် အွန်လိုင်းမှတဆင့်လည်းထုတ်ပြန်ကြေညာခဲ့သဖြင့် ဒေတာ အသုံးပြုမှုနှင့် ဖုန်းခေါ်ဆိုမှု ပမာဏ မြင့်တက် လာသည်ကို တယ်လီနော ကွန်ရက်တွင် တွေ့ရှိခဲ့ရသည်။

တိုင်းတာချက်များအရ ပြီးခဲ့သည့် မေလ ၂၆ ရက် စနေနေ့ နှင့် နှိှုင်းယှဉ်ပါက ဇွန်လ ၂ ရက် စနေနေ့တွင် ဖုန်းခေါ်ဆိုမှု ပမာဏသည် ၁၈ ရာခိုင်နှှုန်း နီးပါးတိုးတက်ခဲ့ပြီး ဒေတာ အသုံးပြုမှုပမာဏသည် ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တွေ့ရှိ ရသည်။ ဇွန်လ ၂ ရက်နေ့ အသုံးပြုမှုသည် ဇွန်လ ၁ ရက်နေ့နှင့် နှှိုင်းယှဉ်ပါက ဖုန်းခေါ်ဆိုမှု ပမာဏ ၁၀ ရာခိုင်နှုန်းကျော် နှင့် ဒေတာအသုံးပြုမှု ပမာဏ ၅ ရာခိုင်နှုန်းခန့် အသီးသီး တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။

 “မြန်မာလူမျိုးတွေက သူတို့တွေရဲ့ အရေးပါ အရာရောက်တဲ့ အချိန်တွေမှာ သူငယ်ချင်း၊ မိသားစုတွေနဲ့ မျှဝေ ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ပွဲလမ်းသဘင်တို့၊ အခမ်းအနားတို့ကျင်းပတဲ့ အချိန် ဒါမှမဟုတ် အထိမ်းအမှတ်ပွဲတွေ ကျင်းပ တဲ့အချိန်မှာ ဖုန်းခေါ်ဆိုမှုနဲ့ ဒေတာ အသုံးပြုမှု မြင့်တက်မှုရှိတာကို ကျွန်တော်တို့အနေနဲ့ တွေ့ရှိနေရပြီးလည်း ဖြစ်ပါ တယ်။ ဒီတက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာမှုကလည်း အရေးပါတဲ့ အထိမ်းအမှတ် တစ်ခု ဖြစ်ပါတယ်။ အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုအတွက် လိုလားချက်က မြင့်မားဆဲ ရှိနေပြီး အွန်လိုင်းမှာ ပေးအပ်နိုင်တဲ့ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာဖို့ အခွင့်အရေးတွေ ရှိနေတာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ အလျင်မြန်ဆုံးနဲ့ အတည်ငြိမ်ဆုံး ဒေတာကွန်ရက်ကို တည်ဆောက်ပြီး ဖြစ်သလို မြန်မာလူမျိုးတွေအတွက် ကွန်ရက် ချိတ်ဆက်မှုကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ အပြည့်အဝပေးအပ်သွားနိုင်ဖို့ ‘ဒစ်ဂျစ်တယ် မြန်မာ’ ကို အကောင်အထည် ဖော်ဖို့ရာအတွက်လည်း ဦးစားပေးလက်တွဲ ဆောင်ရွက်နေမှာလည်း ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် Hans Martin Hoegh Henrichsen က ပြောကြားသည်။

၂၀၁၇-၂၀၁၈ စာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၉၀,၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အောင်စာရင်းရလဒ်များအရ အောင်ချက် ရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်း ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွင်း ပြုပြင်ပြောင်းလဲမှုများကို လွန်ခဲ့သည့်  ၄ နှစ်ခန့်က ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ပညာရေး ဝန်ကြီးဌာနသည် တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်စာရင်းအား အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ပေးလာခဲ့သည်။

တယ်လီနောသည် လက်ရှိတွင် ဆုတံဆိပ်များဆွတ်ခူးရရှိထားသည့် ၎င်း၏ 3G နှင့် 4G ကွန်ရက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈၀၀၀ ကျော်နှင့်အတူ တယ်လီနော ကွန်ရက်သည် မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်အား လွှမ်းခြုံထားပြီး ဖြစ်သည်။ တယ်လီနော၏ 4G ကွန်ရက်သည် မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၄၀ ကျော်အား အောင်မြင်စွာ လွှမ်းခြုံထားပြီး ဖြစ်သည်။

PR/Telenor

You may be interested

ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ေက်ာ္၊ ခြ ၾကည့္လို႔ရမယ့္ TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ားကို ေက်ာ္၊ ခြ ၾကည့္လို႔ရမယ့္ TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န္ေဆာင္မႈမ်ားထဲမွာ နာမည္ႀကီးပါတယ္။ VPN မ်ားဟာ ႏိုင္ငံကန္႔သတ္ခ်က္ရွိတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ၾကည့္ရႈႏုိင္ေအာင္ ျပဳလုပ္ေပးႏုိင္ပ ါတယ္။ ျမန္မာႏုိင္ငံကေန ၾကည့္ရႈလို႔ မရတဲ့ ၀က္ဆိုက္မ်ား၊ ၀န္ေဆာင္မႈမ်ားကို သင္က ေက်ာ္ခြ၍…

Garmin က စမတ္နာရီ အသစ္မ်ားကို မိတ္ဆက္
NEWS, smartwatch
62 shares19 views

Garmin က စမတ္နာရီ အသစ္မ်ားကို မိတ္ဆက္

Ko Thuya - Jun 21, 2018

အေမရိကန္ နည္းပညာ ကုမၸဏီ Garmin က Fitness Tracker/ Smartwatch အသစ္မ်ားကို ျပသလိုက္ပါတယ္။ Fenix 5 Plus ၊ Fenix 5S Plus နဲ႔ Fenix 5X Plus တို႔ ျဖစ္ပါတယ္။…

သၾကၤန္ႏွစ္ကူးကံစမ္းမဲဆုခ်ီးျမွင့္ျခင္းနဲ့အတူ Samsung Myanmar ရဲ႕”Bring the Big Game Home” အစီအစဥ္
Local News
61 shares6 views

သၾကၤန္ႏွစ္ကူးကံစမ္းမဲဆုခ်ီးျမွင့္ျခင္းနဲ့အတူ Samsung Myanmar ရဲ႕”Bring the Big Game Home” အစီအစဥ္

Nwe Oo - Jun 21, 2018

[Zawgyi] ျမန္မာႏိုင္ငံတြင္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္လ်က္ရွိသည့္ Samsung Myanmar သည္ သၾကၤန္ပြဲေတာ္အထိမ္းအမွတ္ “Samsung Love Myanmar” ကံစမ္းမဲအထူးအစီအစဥ္၏ Suzuki Ciaz Car ကံထူးရွင္အပါအဝင္ အျခား ဆုမဲမ်ားေပါင္း ၁၆၀ ေက်ာ္ကို ကံထူးသြားသူမ်ားအား ဆုေပးအပ္ခ်ီးျမွင့္ျခင္း အခမ္းအနားကို…

Leave a Comment

Most from this category