7345 Shares 3097 Views

Xiaomi Mi 8 မ်ား တစ္မိနစ္အတြင္း ေရာင္းကုန္သြား

Jun 06, 2018
7345 3097

Xiaomi Mi 8 ကို တရုတ္မွာ ၅ ရက္ေန႔က ေရာင္းခ်ေပးခဲ့ၿပီး တစ္မိနစ္အတြင္းမွာ ပစၥည္းျပတ္သြားပါတယ္။ အတိအက်အားျဖင့္ ၃၇ စကၠန္႔ေလာက္အတြင္းမွာ ေရာင္းကုန္သြားတယ္လို႔ ေရွာင္မီက တရား၀င္ ထုတ္ျပန္ေၾကပါတယ္။ ယခု ပထမအသုတ္မွာ ဖုန္း အေရအတြက္ ဘယ္ေလာက္ ေရာင္းေပးခဲ့သလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ ေနာက္ထပ္ တစ္သုတ္ကို ဇြန္လ ၁၂ ရက္ေန႔မွာ တရုတ္တြင္ ေရာင္းမွာပါ။ သူဟာ လက္ရွိမွာ Snapdragon 845 ထည့္သြင္းထားတဲ့ ေစ်းအသက္သာဆံုး ဖုန္းပါ။

သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ သူ႔မွာ Notch ပါရွိၿပီး ခလုတ္တစ္ခ်က္ႏွိပ္ရံုနဲ႔ Notch ကို ေဖ်ာက္ေပးတဲ့စြမ္းရည္လည္း ပါပါတယ္။ Notch မွာ 3D Face Unlock အတြက္ အေမွာင္ထဲမွာေတာင္ အလုပ္လုပ္တဲ့ အနီေအာက္ ေရာင္ျခည္ ကင္မရာကို တပ္ဆင္ထားပါတယ္။ သူ႔မွာ ၆.၂၁ လက္မ AMOLED Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18.7:9 ျဖစ္ပါတယ္။ Full HD+ (2248×1080 ) အရည္အေသြး ျဖစ္ပါတယ္။ Dual GPS ထည့္သြင္းထားတဲ့အတြက္ တည္ေနရာ လမ္းညႊန္မႈမ်ားဟာ အလြန္ တိက်လာမွာပါ။ 6/64GB Version ကို ၄၂၀ ေဒၚလာ နဲ႔ 6/128GB Version ကို ၅၁၅ ေဒၚလာ ၀န္းက်င္ သတ္မွတ္ထားပါတယ္။ Explorer Edition မွာ 8GB/128GB ထည့္သြင္းထားၿပီး ေဒၚလာ ၆၀၀ ၀န္းက်င္ က်သင့္မွာပါ။

Mi 8 ရဲ႕ Explorer Edition ကိုလည္း ထုတ္လုပ္ေပးထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားပါတယ္။ ဒါ့အျပင္ ေဖာက္ထြင္းျမင္ရတဲ့ အေနာက္ ကာဗာ ထည့္သြင္းထားတဲ့အတြက္ ဖုန္းရဲ႕ အတြင္းပိုင္း အစိတ္အပိုင္းမ်ားကို ျမင္ရပါတယ္။ ေရွာင္မီရဲ႕ စီအီးအို လီဂြ်န္က ပြဲမွာ သူ႔ကို မိတ္ ဆက္ခဲ့ၿပီး အေနာက္ဘက္မွာ 12MP+12MP Camera ႏွစ္လံုး တပ္ဆင္ထားတယ္လို႔ ေျပာပါတယ္။ ကင္မရာမ်ားမွာ ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားၿပီး ရႈခင္း ၂၀၀ ေက်ာ္ကို ပိုမို လွပစြာ ရိုက္ကူးေပးႏိုင္တဲ့ စြမ္းရည္ပါလာပါတယ္။ အလင္းေရာင္နည္းပါးတဲ့ အေျခအေနမ်ားမွာလည္း လွပတဲ့ ဓါတ္ပံုမ်ား ဖမ္းယူေပးႏုိင္တဲ့ 4 in 1 Pixel Binning နည္းပညာထည့္သြင္းထားပါတယ္။

xOMark ရဲ႕ ကင္မရာ စစ္ေဆးမႈရလဒ္မွာ သူဟာ ၉၉ မွတ္ေတာင္ရရွိထားတယ္လုိ႔ စီအီးအိုက ဂုဏ္ယူစြာ ေျပာပါတယ္။ ဒါဟာ Mi Mix 2 နဲ iPhone X ရဲ႕ ၉၇ မွတ္ထက္မ်ားျပားေနတာပါ။ သူ႔မွာ iPhone X မွာလို ဥာဏ္ရည္တု နည္းပညာက ေထာက္ပံ့တဲ့ Portrait စြမ္းရည္လည္း ပါလာပါတယ္။ အေရွ႕ဘက္မွာ 20MP Camera ထည့္သြင္းထားၿပီး AI Portrait Selfies နဲ႔ AI Beautify မ်ား ပါပါတယ္။ မ်က္ႏွာကို အာရံုခံတဲ့ ကင္မရာကို သီးျခား တပ္ဆင္ထားၿပီး ဓါတ္ပံုရိုက္ဖို႔အတြက္ သူ႔ကို မသံုးပါဘူး။

ref : gsmarena

unicode

Xiaomi Mi 8 များ တစ်မိနစ်အတွင်း ရောင်းကုန်သွား

Xiaomi Mi 8 ကို တရုတ်မှာ ၅ ရက်နေ့က ရောင်းချပေးခဲ့ပြီး တစ်မိနစ်အတွင်းမှာ ပစ္စည်းပြတ်သွားပါတယ်။ အတိအကျအားဖြင့် ၃၇ စက္ကန့်လောက်အတွင်းမှာ ရောင်းကုန်သွားတယ်လို့ ရှောင်မီက တရားဝင် ထုတ်ပြန်ကြေပါတယ်။ ယခု ပထမအသုတ်မှာ ဖုန်း အရေအတွက် ဘယ်လောက် ရောင်းပေးခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ နောက်ထပ် တစ်သုတ်ကို ဇွန်လ ၁၂ ရက်နေ့မှာ တရုတ်တွင် ရောင်းမှာပါ။ သူဟာ လက်ရှိမှာ Snapdragon 845 ထည့်သွင်းထားတဲ့ ဈေးအသက်သာဆုံး ဖုန်းပါ။

သူ့ရဲ့ Specs များကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူ့မှာ Notch ပါရှိပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Notch ကို ဖျောက်ပေးတဲ့စွမ်းရည်လည်း ပါပါတယ်။ Notch မှာ 3D Face Unlock အတွက် အမှောင်ထဲမှာတောင် အလုပ်လုပ်တဲ့ အနီအောက် ရောင်ခြည် ကင်မရာကို တပ်ဆင်ထားပါတယ်။ သူ့မှာ ၆.၂၁ လက်မ AMOLED Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18.7:9 ဖြစ်ပါတယ်။ Full HD+ (2248×1080 ) အရည်အသွေး ဖြစ်ပါတယ်။ Dual GPS ထည့်သွင်းထားတဲ့အတွက် တည်နေရာ လမ်းညွှန်မှုများဟာ အလွန် တိကျလာမှာပါ။ 6/64GB Version ကို ၄၂၀ ဒေါ်လာ နဲ့ 6/128GB Version ကို ၅၁၅ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပါတယ်။ Explorer Edition မှာ 8GB/128GB ထည့်သွင်းထားပြီး ဒေါ်လာ ၆၀၀ ဝန်းကျင် ကျသင့်မှာပါ။

Mi 8 ရဲ့ Explorer Edition ကိုလည်း ထုတ်လုပ်ပေးထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ဖောက်ထွင်းမြင်ရတဲ့ အနောက် ကာဗာ ထည့်သွင်းထားတဲ့အတွက် ဖုန်းရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများကို မြင်ရပါတယ်။ ရှောင်မီရဲ့ စီအီးအို လီဂျွန်က ပွဲမှာ သူ့ကို မိတ် ဆက်ခဲ့ပြီး အနောက်ဘက်မှာ 12MP+12MP Camera နှစ်လုံး တပ်ဆင်ထားတယ်လို့ ပြောပါတယ်။ ကင်မရာများမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး ရှုခင်း ၂၀၀ ကျော်ကို ပိုမို လှပစွာ ရိုက်ကူးပေးနိုင်တဲ့ စွမ်းရည်ပါလာပါတယ်။ အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာလည်း လှပတဲ့ ဓါတ်ပုံများ ဖမ်းယူပေးနိုင်တဲ့ 4 in 1 Pixel Binning နည်းပညာထည့်သွင်းထားပါတယ်။

xOMark ရဲ့ ကင်မရာ စစ်ဆေးမှုရလဒ်မှာ သူဟာ ၉၉ မှတ်တောင်ရရှိထားတယ်လို့ စီအီးအိုက ဂုဏ်ယူစွာ ပြောပါတယ်။ ဒါဟာ Mi Mix 2 နဲ iPhone X ရဲ့ ၉၇ မှတ်ထက်များပြားနေတာပါ။ သူ့မှာ iPhone X မှာလို ဉာဏ်ရည်တု နည်းပညာက ထောက်ပံ့တဲ့ Portrait စွမ်းရည်လည်း ပါလာပါတယ်။ အရှေ့ဘက်မှာ 20MP Camera ထည့်သွင်းထားပြီး AI Portrait Selfies နဲ့ AI Beautify များ ပါပါတယ်။ မျက်နှာကို အာရုံခံတဲ့ ကင်မရာကို သီးခြား တပ်ဆင်ထားပြီး ဓါတ်ပုံရိုက်ဖို့အတွက် သူ့ကို မသုံးပါဘူး။

ref : gsmarena

You may be interested

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ႔ iPhone 8 Plus တို႔အတြက္ အသံုး၀င္ Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ႔ iPhone 8 Plus တို႔ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ Apple ရဲ႕ iPhone အသစ္မ်ားကို ပိုင္ဆိုင္ထားသူမ်ားအတြက္ အေကာင္းဆံုး အသံုးခ်ႏုိင္မယ့္ Tips & Tricks (၅) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။…

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မွာ GPU Turbo နည္းပညာ ရၿပီ

Ko Thuya - Jun 25, 2018

ဟြာေ၀းက Honor Play မွာ GPU Turbo နည္းပညာကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒီနည္းပညာက Chipset ရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အဲဒီနည္းပညာဟာ Honor…

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?
NEWS, Vivo
296 shares383 views

Vivo NEX စမတ္ဖုန္းကို တစ္စစီျဖဳတ္ၾကည့္တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန္းတစ္လံုးကို တစ္စစီျဖဳတ္ၾကည့္ရတဲ့ ရည္ရြယ္ခ်က္ကိုက ဒီဖုန္းဟာ ဘယ္ေလာက္ဖြင့္ရခက္လဲ ျပင္ဖို႔ေရာလြယ္ရဲ႕လားဆိုတာကို သိႏုိင္ဖို႔ပါ။ ဒီလိုတစ္စစီျဖဳတ္ၾကည့္တဲ့အခါမ်ိဳးမွာ ထူးထူးဆန္းဆန္းပစၥည္းေတြဆို ပိုေတာင္စိတ္ဝင္စားဖို႔ေကာင္းပါေသးတယ္။ ဥပမာ- Vivo NEX စမတ္ဖုန္းဆိုရင္ ရိုက္မယ့္အခ်ိန္မွ ကင္မရာေလးထြက္လာတဲ့ ပထမဆံုးဖုန္းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category