141 Shares 112 Views

Android မွာ Screenshot အရွည္မ်ားကို ဘယ္လို ရိုက္မလဲ ?

Jun 06, 2018
141 112







ref : androidpit

unicode

Android မှာ Screenshot အရှည်များကို ဘယ်လို ရိုက်မလဲ ?

Samsung Galaxy S9 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တစ်ခုမှာ ဝက်ဆိုက် စာမျက်နှာတစ်ခုလုံးကို Scroll ပြုလုပ်၍ Screenshot ရိုက်ကူးပေးနိုင်တဲ့ Scroll Capture ဖြစ်ပါတယ်။ သင့်ဖုန်းမှာ အဲဒီလို စွမ်းဆောင်ချက်မျိုး မပါရင် ဝက်စာမျက်နှာတစ်ခုကို ရိုက်ကူးထားတဲ့ စကရင်ရှော့များကို တစ်ပုံထဲအဖြစ် ပေါင်းစည်းပေးတဲ့ Apps များစွာ ရှိပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင် ပေါင်းစည်းပေးရတဲ့အတွက် အလုပ်ပိုပါတယ်။ ဒီ Tutorial မှာတော့ Galaxy S9 ရဲ့ Scroll Capture လို စွမ်းဆောင်ချက်မျိုးကို သင့် Android မှာ သုံးနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Samsung က Note 5 မှာကတည်းက ဝက်စာမျက်နှာတစ်ခုကို Scroll ပြုလုပ်၍ စကရင်ရှော့ ရိုက်ကူးပေးနိုင်တဲ့ Capture More စွမ်းဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ဒီစွမ်းဆောင်ချက်မျိုးကို Samsung Galaxy S9 မှာ ပြန်လည် ထည့်သွင်းပေးလိုက်ပါတယ်။ ဒီလို စွမ်းဆောင်ချက်မျိုးကို ရှောင်မီနဲ့ အခြား စမတ်ဖုန်း ထုတ်လုပ်သူများရဲ့ ဖုန်းမှာလည်း ထည့်သွင်းပေးထားတတ်ကြပါတယ်။ သင့်ဖုန်းမှာ ဒီလို စွမ်းဆောင်ချက်မျိုး မရှိရင်တော့ Stitch & Share App ကို သုံးနိုင်ပါတယ်။

Download Stitch & Share : big screenshot

သူက စကရင်ရှော့များကို သာမာန်အတိုင်း ရိုက်ကူးပေးနိုင်တဲ့ အပြင် စကရင်ရှော့များ ပေါင်းစပ်တဲ့ အလုပ်ကို အလိုအလျှောက် လုပ်ပေးနိုင်ပါတယ်။ အခြား သူ့လို App များမှာတော့ ကိုယ်တိုင် ပေါင်းစပ်ပေးရတာ ဖြစ်ပါတယ်။ သူက ဝက်စာမျက်နှာတစ်ခုလုံး၊ ရှည်လျားတဲ့ သတင်း၊ ဆောင်းပါး တစ်ခုလုံးကို စကရင်ရှော့ ရိုက်ကူးပေးနိုင်ပါတယ်။ သူ့ကို Google Play Store ကနေ အခမဲ့ အင်စတောလုပ်နိုင်ပါတယ်။ အင်စတောလုပ်ပြီးရင် သူ့ကို ဖွင့်ပါ။ Automatic capturing ထဲမှာ လိုအပ်တဲ့ Permissions များကို Enable လုပ်ပေးပါ။

Scroll Screenshot ရိုက်ကူးဖို့အတွက် Automatic capturing ကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင် စကရင်ပေါ်မှာ Floating Icon လေးပေါ်လာမှာ ဖြစ်ပါတယ်။ ဘရောက်စာ သို့မဟုတ် App တစ်ခုကို ဖွင့်ပါ။ Floating Icon ကို နှိပ်၍ ဝက်စာမျက်နှာရဲ့ ထိပ်ဆုံးကို စကရင်ရှော့ ရိုက်ပါ။ ရိုက်ထားတဲ့ စကရင်ရှော့ကို စကရင်ရဲ့ ဘယ်ဘက်မှာ Floating Image အဖြစ် ပြသပေးထားမှာပါ။ အဲဒီနောက် နည်းနည်းချင်းစီ အောက်ဘက်ကို Scroll လုပ်ပေးပါ။ Scroll တစ်ခါလုပ်ပြီးတိုင်း ခနစောင့်ပေးပါ။ Floating Image မှာ တိုးတက်လာမှ Scroll ထပ်လုပ်ပါ။ ပြီးရင်တော့ Save Icon ကို နှိပ်၍ ရိုက်ကူးထားတဲ့ စကရင်ရှော့များကို သိမ်းဆည်းနိုင်ပါတယ်။

သူ့မှာ အားနည်းချက် အနည်းငယ်တော့ ရှိပါတယ်။ သူကနေ ဖန်တီးထားတဲ့ စကရင်ရှော့များရဲ့ အောက်ခြေမှာ Watermark လေးကို ထည့်သွင်းထားပါတယ်။ အခပေး အသုံးပြုမှသာ Watermark မပါရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ Scroll Screenshot စွမ်းဆောင်ချက် ရလဒ်များဟာ တစ်ခါတစ်လေမှာ ပြည့်စုံကောင်းမွန်ခြင်း မရှိပါဘူး။ ဒါပေမယ့် Samsung Galaxy S8 မှာပါတဲ့ Scroll Capture လို စွမ်းဆောင်ချက်မျိုးကို သင့်ဖုန်းမှာ အသုံးပြုချင်ရင်တော့ သူ့ကို အသုံးပြုနိုင်ပါတယ်။

ref : androidpit

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category