0 Shares 446 Views

Lenovo က အရြယ္ႀကီး တန္ဖိုးနည္း K5 Note ကို ေၾကညာ

Jun 06, 2018
0 446

Lenovo K5 Note ဟာ ၂၀၁၆ ခုႏွစ္ ထုတ္ ဖုန္းရဲ႕ မ်ိဳးဆက္သစ္ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔မွာ ေခတ္ေပၚ ဒီဇိုင္းနဲ႔ ဟာ့ဒ္၀ဲမ်ားျဖင့္ အဆင့္ျမွင့္ထားပါတယ္။ ယခုေမာ္ဒယ္မွာ ရွည္လ်ားတဲ့ ၆ လက္မ IPS Display တပ္ဆင္ထားၿပီး အရည္အေသြးမွာ 720x1440p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ 3 or 4 GB RAM နဲ႔ 32 or 64GB Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။

အေနာက္ဘက္မွာ AI စြမ္းရည္ပါတဲ့ 16MP Camera နဲ႔ Depth Sensing အတြက္ 2MP Camera မ်ားထည့္သြင္းေပးထားပါတယ္။ အေရွ႕ဘက္မွာ Beautification စြမ္းရည္မ်ားပါတဲ့ 8MP Camera ပါပါတယ္။ အရြယ္အစား ႀကီးမားတဲ့ 3760mAh Battery ၊ Android 8.1 Oreo အေျချပဳ ZUI 4.0 မ်ား ထည့္သြင္းေပးထားပါတယ္။ Lenovo K5 Note ရဲ႕ 3GB/32GB Model ကို တရုတ္ ယြမ္ ၇၉၉ (၁၂၅ ေဒၚလာ) နဲ႔ 4GB/64GB Model ကို ယြမ္ ၉၉၉ ( ၁၅၆ ေဒၚလာ) သတ္မွတ္ထားပါတယ္။

Lenovo က Z5 , K5 Note မ်ား အျပင္ A5 ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ သူက K5 Note ထက္ေတာင္ ေစ်းသက္သာၿပီး ယြမ္ ၅၉၉ ( ၉၄ ေဒၚလာ) သတ္မွတ္ထားပါတယ္။ သူ႔မွာ MediaTek MT6739 SoC , 3GB RAM , 16/32GB Storage မ်ား ထည့္သြင္းထားပါတယ္။ ၅.၄၅ လက္မ HD+ Display ပါၿပီး 18:9 မ်က္ႏွာျပင္အခ်ိဳးျဖစ္ပါတယ္။ Android 8.1 Oreo အေျချပဳ ZUI 3.9 ထည့္သြင္းထားပါတယ္။

Ref : gsmarena

unicode

Lenovo က အရွယ်ကြီး တန်ဖိုးနည်း K5 Note ကို ကြေညာ

Lenovo K5 Note ဟာ ၂၀၁၆ ခုနှစ် ထုတ် ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ ခေတ်ပေါ် ဒီဇိုင်းနဲ့ ဟာ့ဒ်ဝဲများဖြင့် အဆင့်မြှင့်ထားပါတယ်။ ယခုမော်ဒယ်မှာ ရှည်လျားတဲ့ ၆ လက်မ IPS Display တပ်ဆင်ထားပြီး အရည်အသွေးမှာ 720x1440p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ 3 or 4 GB RAM နဲ့ 32 or 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ AI စွမ်းရည်ပါတဲ့ 16MP Camera နဲ့ Depth Sensing အတွက် 2MP Camera များထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက်မှာ Beautification စွမ်းရည်များပါတဲ့ 8MP Camera ပါပါတယ်။ အရွယ်အစား ကြီးမားတဲ့ 3760mAh Battery ၊ Android 8.1 Oreo အခြေပြု ZUI 4.0 များ ထည့်သွင်းပေးထားပါတယ်။ Lenovo K5 Note ရဲ့ 3GB/32GB Model ကို တရုတ် ယွမ် ၇၉၉ (၁၂၅ ဒေါ်လာ) နဲ့ 4GB/64GB Model ကို ယွမ် ၉၉၉ ( ၁၅၆ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Lenovo က Z5 , K5 Note များ အပြင် A5 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ သူက K5 Note ထက်တောင် ဈေးသက်သာပြီး ယွမ် ၅၉၉ ( ၉၄ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ သူ့မှာ MediaTek MT6739 SoC , 3GB RAM , 16/32GB Storage များ ထည့်သွင်းထားပါတယ်။ ၅.၄၅ လက်မ HD+ Display ပါပြီး 18:9 မျက်နှာပြင်အချိုးဖြစ်ပါတယ်။ Android 8.1 Oreo အခြေပြု ZUI 3.9 ထည့်သွင်းထားပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category