1 Shares 40 Views

WWDC 2018 ပြဲမွာ Apple မိတ္ဆက္ခဲ့တဲ့ MacOS Mojave

Jun 05, 2018
1 40

[Zawgyi]

MacOS Mojave

ဒီ WWDC ပြဲမွာ MacOS Mojave ကိုလည္း ျပသြားခဲ့ျပီး တစ္ကုိယ္ရည္သံုး ပေရာ္ဖက္ရွင္နယ္သံုး ၂မ်ိဳးလံုးအတြက္ ေတာ္ေတာ္မိုက္တဲ့ feature update ေတြပါဝင္ပါတယ္။

MacBook showing icon layout on Apple desktop

ပထမဆံုး feature ကေတာ့ Desktop Stacks ပါ။ desktop ေပၚမွာ ပြစာၾကဲမေနေအာင္ icon ေတြ document ေတြအကုန္လံုးကို သူသတ္မွတ္ထားတဲ့ ဒါမွမဟုတ္ user ကိုယ္တုိင္သတ္မွတ္ထားတဲ့ folder ေတြထဲ MacOS က ေအာ္တုိထည့္သြင္းေပးသြားမွာပါ။

Image of the new Apple Voice Memos desktop widget

အရင္တုန္းက iOS နဲ႔ macOS ကိုေပါင္းမယ္လို႔ သတင္းေတြထြက္တုန္းက မျဖစ္ႏုိင္ဘူးလို႔ေျပာၾကေပမယ့္ အခုေတာ့ Apple ကိုယ္တိုင္ iOS apps ေတြကို MacOS မွာသံုးႏုိင္ေတာ့မယ္လို႔ အတည္ျပဳလုိက္ပါျပီ။ တစ္ခ်ိဳ႕ classic iOS apps ေတြ(Stocks, News, Home နဲ႔ Voice Memo တို႔) ဆိုရင္ MacOS မွာ ေနာက္ထပ္ feature အသစ္ေတြနဲ႔အတူ ေရာက္လာေတာ့မွာပါ။ Voice Memo ေတြကိုလည္း iCloud နဲ႔ sync လုပ္ေပးထားေတာ့ ကိုယ္သြင္းထားတဲ့အသံ recording ေတြကို လြယ္လြယ္ျပန္ဖြင့္ႏုိင္ပါလိမ့္မယ္။

Demo image of the new Mac App Store

Mac App Store ကိုလည္း ဒီဇုိင္းျပန္ျပင္ထားျပီး app ေတြရဲ႕ဗီဒီယိုေတြ recommendation ေတြ အျပင္ Office 365, Adobe Creative Cloud နဲ႔ တျခားနာမည္ၾကီးေတြပါ ပါဝင္လာမွာပါ။ လံုျခံဳေရးပိုင္းျမွင့္ဖို႔အတြက္ Safari မွာဆို ကုိယ္ရဲ႕ web မွာသံုးေနတဲ့လမ္းေၾကာင္းကို ေျခရာမခံႏုိင္ေအာင္ စျပီးေတာ့ ပိတ္ေပးေနျပီျဖစ္ျပီး user ကိုယ္တုိင္ခြင့္ျပဳမွာသာ tracking ကိုျပန္ဖြင့္ေပးမွာပါ။ ေဆာ့ဖ္ဝဲလ္ပုိင္းတင္မဟုတ္ဘဲ Macs ေတြမွာ ဂိမ္းေတြ app ေတြရဲ႕ စြမ္းေဆာင္ရည္ကိုျမွင့္ေပးႏုိင္ဖို႔ external GPU လည္းထပ္ထည့္လို႔ရႏုိင္ျပီျဖစ္ပါတယ္။

MacOS Mojave မွာေတာ့ Dark Mode, ေရာက္ေနတ့ဲအခ်ိန္ကိုၾကည့္ျပီး wallpaper ေျပာင္းေပးမယ့္ Dynamic Desktop အျပင္ အသံုးတည့္တဲ့ feature ေတာ္ေတာ္မ်ားမ်ားကိုအဆင့္ျမွင့္ေပးထားပါတယ္။

[Unicode]

MacOS Mojave

ဒီ WWDC ပွဲမှာ MacOS Mojave ကိုလည်း ပြသွားခဲ့ပြီး တစ်ကိုယ်ရည်သုံး ပရော်ဖက်ရှင်နယ်သုံး ၂မျိုးလုံးအတွက် တော်တော်မိုက်တဲ့ feature update တွေပါဝင်ပါတယ်။

MacBook showing icon layout on Apple desktop

ပထမဆုံး feature ကတော့ Desktop Stacks ပါ။ desktop ပေါ်မှာ ပွစာကြဲမနေအောင် icon တွေ document တွေအကုန်လုံးကို သူသတ်မှတ်ထားတဲ့ ဒါမှမဟုတ် user ကိုယ်တိုင်သတ်မှတ်ထားတဲ့ folder တွေထဲ MacOS က အော်တိုထည့်သွင်းပေးသွားမှာပါ။

Image of the new Apple Voice Memos desktop widget

အရင်တုန်းက iOS နဲ့ macOS ကိုပေါင်းမယ်လို့ သတင်းတွေထွက်တုန်းက မဖြစ်နိုင်ဘူးလို့ပြောကြပေမယ့် အခုတော့ Apple ကိုယ်တိုင် iOS apps တွေကို MacOS မှာသုံးနိုင်တော့မယ်လို့ အတည်ပြုလိုက်ပါပြီ။ တစ်ချို့ classic iOS apps တွေ(Stocks, News, Home နဲ့ Voice Memo တို့) ဆိုရင် MacOS မှာ နောက်ထပ် feature အသစ်တွေနဲ့အတူ ရောက်လာတော့မှာပါ။ Voice Memo တွေကိုလည်း iCloud နဲ့ sync လုပ်ပေးထားတော့ ကိုယ်သွင်းထားတဲ့အသံ recording တွေကို လွယ်လွယ်ပြန်ဖွင့်နိုင်ပါလိမ့်မယ်။

Demo image of the new Mac App Store

Mac App Store ကိုလည်း ဒီဇိုင်းပြန်ပြင်ထားပြီး app တွေရဲ့ဗီဒီယိုတွေ recommendation တွေ အပြင် Office 365, Adobe Creative Cloud နဲ့ တခြားနာမည်ကြီးတွေပါ ပါဝင်လာမှာပါ။ လုံခြုံရေးပိုင်းမြှင့်ဖို့အတွက် Safari မှာဆို ကိုယ်ရဲ့ web မှာသုံးနေတဲ့လမ်းကြောင်းကို ခြေရာမခံနိုင်အောင် စပြီးတော့ ပိတ်ပေးနေပြီဖြစ်ပြီး user ကိုယ်တိုင်ခွင့်ပြုမှာသာ tracking ကိုပြန်ဖွင့်ပေးမှာပါ။ ဆော့ဖ်ဝဲလ်ပိုင်းတင်မဟုတ်ဘဲ Macs တွေမှာ ဂိမ်းတွေ app တွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်ပေးနိုင်ဖို့ external GPU လည်းထပ်ထည့်လို့ရနိုင်ပြီဖြစ်ပါတယ်။

MacOS Mojave မှာတော့ Dark Mode, ရောက်နေတဲ့အချိန်ကိုကြည့်ပြီး wallpaper ပြောင်းပေးမယ့် Dynamic Desktop အပြင် အသုံးတည့်တဲ့ feature တော်တော်များများကိုအဆင့်မြှင့်ပေးထားပါတယ်။

You may be interested

ႀကိဳးမဲ့ အားသြင္းစက္ပါတဲ့ Asus Zen AiO 27 Desktop
ASUS, HUBS, NEWS
0 shares0 views

ႀကိဳးမဲ့ အားသြင္းစက္ပါတဲ့ Asus Zen AiO 27 Desktop

Ko Thuya - Oct 23, 2018

Asus က Zen AiO27 Desktop Computer ကို ေၾကညာလိုက္ပါတယ္။ All-in-one Desktop ျဖစ္ၿပီး ၂၇ လက္မ 4K Touchscreen ထည့္သြင္းထားပါတယ္။ Base မွာ 7.5W Qi Wireless Charger ထည့္သြင္းထားတဲ့…

ေနေရာင္ျခည္ စြမ္းအင္သံုး ေရသန္႔စင္စက္
Gadgets, NEWS, Tech Update
0 shares0 views

ေနေရာင္ျခည္ စြမ္းအင္သံုး ေရသန္႔စင္စက္

Ko Thuya - Oct 23, 2018

ကမာၻ အ၀န္းမွာ သန္႔ရွင္းတဲ့ ေသာက္ေရသန္႔ မရရွိတဲ့ ျပႆနာမ်ား ရွိေနပါေသးတယ္။ ကမာၻ႕ ေနရာမ်ားစြာမွာ မသန္႔ရွင္းတဲ့ ေရမ်ား၊ အဆိပ္အေတာက္မ်ား ပါတဲ့ ေရမ်ားကို ေသာက္သံုုးေနၾကရသူမ်ားစြာ ရွိေနပါေသးတယ္။ ေရမ်ားကို သန္႔ရွင္းေအာင္ က်ိဳခ်က္ ေသာက္သံုးေနရသူမ်ားစြာလည္း ရွိေနပါတယ္။ အခုေတာ့ WorldWater…

Amazon က ဆန္ဖရန္စစၥကိုမွာ Cashier မလိုဘဲ ေစ်း၀ယ္လို႔ရတဲ့ Go Store ကို ဖြင့္လွစ္
NEWS, Softwares & Application, Tech Update
0 shares0 views

Amazon က ဆန္ဖရန္စစၥကိုမွာ Cashier မလိုဘဲ ေစ်း၀ယ္လို႔ရတဲ့ Go Store ကို ဖြင့္လွစ္

Ko Thuya - Oct 23, 2018

အေမဇုန္က ဆန္ဖရန္စစၥကိုမွာ Cashier-less Go Store ကို ဖြင့္လွစ္လိုက္ပါတယ္။ ခ်ီကာဂိုနဲ႔ ဆီေယတယ္ ၿပီးေနာက္ Go Store ဖြင့္တဲ့ တတိယေျမာက္ ၿမိဳ႕ ျဖစ္လာပါတယ္။ စတိုးအသစ္ရဲ႕ ဒီဇိုင္းဟာ ယခင္ Go Store မ်ားနဲ႔ တူညီပါတယ္။…

Leave a Comment

Most from this category