5404 Shares 2210 Views

Apple iOS 12 ရဲ႕ feature အသစ္အမိုက္စားေတြ

Jun 05, 2018
5404 2210

[Zawgyi]

WWDC ပြဲအေၾကာင္းမွာေတာ့ iOS 12 ရဲ႕ feature ေတြကို အက်ဥ္းခ်ံဳးပဲေျပာထားခဲ့ပါတယ္။ ဒီေဆာင္းပါးမွာေတာ့ iOS 12 မွာပါဝင္လာတဲ့ feature ေတြကိုအေသးစိတ္ျပန္ရွင္းရေအာင္…

iOS 12 မွာေတာ့ feature အသစ္ေတြအမ်ားၾကီးပါလာတာမဟုတ္ဘဲ ရိွျပီးသား feature ေတြကို ပိုျပီးစြမ္းေဆာင္ရည္ျမင့္ေအာင္ bugs ေတြမရိွေအာင္ၾကိဳးစားထားတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။ ပထမဆံုး performance ပါ။

Performance

Image result for ios 12 performance

iOS ကိုျမန္သထက္ပုိပုိျမန္ေအာင္လုပ္တတ္တာ Apple ရဲ႕ထံုးစံဆိုတဲ့အတုိင္း အခုလည္း ဟုိးအရင္က iPhone, iPad အေဟာင္းေတြကိုပါ ပိုျမန္လာေအာင္ ေထာက္ပံ့ေပးလာပါျပီ။ iOS 12 ကို iPhone 6 Plus မွာစမ္းၾကည့္တဲ့အခါ app ေတြကိုဖြင့္တဲ့အျမန္ႏႈန္းက ၄၀% ပိုျမန္လာျပီး system ကီးဘုတ္ကလည္း ၅၀% ပိုျမန္လာပါတယ္။ ကင္မရာကိုဖြင့္တဲ့ၾကာခ်ိန္ကေတာ့ ၇၀%ေလာက္ေတာင္ျမန္လာျပီး ဘယ္ဖုန္း ဘယ္ device မွာမဆို ျမန္ေအာင္ iOS 12 က ေထာက္ပံ့ေပးႏုိင္ပါတယ္။ ထုံးစံအတုိင္း အ၇မ္းေလးတဲ့အလုပ္ေတြလုပ္ခ်ိန္မွာ ဘက္ထရီသက္တမ္းၾကာရွည္ခံဖို႔ပဲဂရုစိုက္တယ္ဆုိရင္ေတာ့ အေကာင္းဆံုးဆိုတဲ့စြမ္းေဆာင္ရည္မ်ိဳးကို လက္ေလွ်ာ့ထား၇မွာပါပဲ။

Screen Time

Google လုိပဲ iOS 12 ရဲ႕ Screen Time feature ကလည္း ကိုယ့္ဖုန္းကိုသံုးတာ ဘယ္ေလာက္ၾကာေနျပီလဲ ဘယ္ app ေတြကိုေတာ့ ဘယ္ေလာက္ထိသံုးေနမိလဲဆိုတဲ့ အေသးစိတ္ေတြကိုေဖာ္ျပေပးမယ့္ feature ပါ။ app ေတြအသံုးျပဳမႈကို category နဲ႔ (ဥပမာ- Games, Social media စသျဖင့္) ခြဲထားမွာျဖစ္ျပီး အပတ္စဥ္ ကုိယ္ဘာေတြ ဘယ္ေလာက္ၾကာၾကာသံုးလိုက္မိလဲဆိုတာကို summary ထုတ္ျပပါလိ့မ္မယ္။

Android P မွာလို app တစ္ခုခ်င္းစီအတြက္ အခ်ိန္ကန္႔သတ္ေပးထားႏုိင္ျပီး အခ်ိန္ျပည့္သြားျပီဆိုရင္ iOS ကေန “time’s up” ဆိုတဲ့ မက္ေဆ့ခ်္ေလးနဲ႔ ေအာ္တုိသတိေပးလာမွာပါ။ ဒါကိုမွဆက္သံုးခ်င္ေသးရင္ေတာ့ အခ်ိန္ထပ္တိုးေပးလို႔ရပါတယ္။ ဒီ feature ေလးကို မိဘေတြအေနနဲ႔ သူတို႔ကေလးေတြ အခ်ိန္အၾကာၾကီး screen မၾကည့္ေစခ်င္ရင္ အၾကာၾကီးမသံုးေစခ်င္တဲ့ app ေတြရိွရင္ ထိန္းခ်ဳပ္ႏုိင္ဖို႔လည္း ခြင့္ျပဳေပးထားပါေသးတယ္။

Grouped Notification

iOS 12 မွာေတာ့ notification ေတြ ပြစာၾကဲမေနေအာင္လို႔ grouped notification လုပ္ေပးလိုက္ပါျပီ။ app တစ္ခုတည္းကေန တစ္ျပိဳင္နက္တက္လာတဲ့ noti အမ်ားၾကီးကို group ဖြဲ႔ျပလိုက္မွာျဖစ္ျပီး ေနာက္ feature တစ္ခုက ဘယ္ app ေတြကိုေတာ့ vibration နဲ႔ noti ပို႔ခြင့္ျပဳမလဲဆိုတာ user ေတြေရြးလို႔ရႏုိင္တဲ့ feature ေလးပါ။ vibrate မဟုတ္တဲ့ quiet noti ေတြကေတာ့ Notification Center မွာေပၚလာမွာျဖစ္ျပီး lock screen မွာေတာ့ မေပၚတာေၾကာင့္ သိပ္စိတ္ရႈပ္ရမွာမဟုတ္ပါဘူး။

Memoji

iOS 12 မွာ Samsung ရဲ႕ AREmoji လိုမ်ိဳး Memoji ဆုိတာေလးလည္း ပါဝင္လာပါျပီ။ ကိုယ့္ရုပ္သြင္ အသားအေရာင္ ဆံပင္ပံုစံ ေတြေရြးႏုိင္တဲ့အျပင္ accessory ေတြနဲ႔ပါ အလွဆင္ျပီး ကုိယ့္ရုပ္ပံုနဲ႔ Memoji ေလးေတြလုပ္လို႔ရႏုိင္ပါျပီ။

Group FaceTime

iOS 12 မွာေတာ့ group FaceTime ပါ ပါဝင္လာျပီး အမ်ားဆံုး လူ ၃၂ေယာက္ထိဆံ့ပါတယ္။ iOS နဲ႔ macOS ၂ခုလံုးမွာေထာက္ပံ့ေပးႏုိင္ျပီး လူေတြအမ်ားၾကီးေျပာေနတဲ့အခ်ိန္ ေျပာတဲ့သူရဲ႕ window က ၾကီးလာမွာျဖစ္ျပီး စကားမေျပာတဲ့အခ်ိန္မွာေတာ့ window ေလးကို ခ်ံဳ႕ေပးမွာပါ။ အပ်င္းေျပရေအာင္ group chat ေျပာေနခ်ိန္မွာလည္း Animoji ေတြ Memoji ေတြသံုးလို႔ရႏုိင္ဦးမွာျဖစ္ပါတယ္။

AR Experience

Image result for AR Experience wwdc 2018

Apple က Pixar န႔ဲလက္တြဲပီး AR application ေတြအတြက္ သီးသန္႔ဖုိင္ format တစ္ခုကို ဖန္တီးခဲ့ပါတယ္။ USDZ လို႔ေခၚျပီး Adobe, Autodesk နဲ႔ Sketchfab လိုကုမၸဏီၾကီးေတြကလည္း app ေတြဖန္တီးတဲ့အခါ ဒီဖုိင္ format ကိုေထာက္ပ့ံေပးလာေတာ့မွာပါ။

Measure App

Image result for MEASURE APP wwdc 2018

iOS 12 မွာအရာဝတၳဳေတြကို AR နဲ႔တုိင္းတာႏုိင္တဲ့ “Measure” ဆိုတဲ့ app ေလးပါဝင္လာပါျပိ။ နာမည္အတုိင္း အရာဝတၳဳေတြရဲ႕အရြယ္အစားေတြကုိ တုိင္းတာႏုိင္ျပီး ကင္မရာရဲ႕ျမင္ကြင္း frame ကေန အရာဝတၳဳကိုခ်ိန္ အစအဆံုးကုိေထာက္မွတ္လုိက္တာနဲ႔ တုိင္းတာေပးမွာျဖစ္ပါတယ္။ အရင္ကေတာ့ third-party app ေတြက ARKit ကုိသံုးျပီး ဒီ function ကိုလုပ္ေဆာင္လို႔ရခဲ့ေပမယ့္ အခုေတာ့ Apple ကိုယ္တုိင္သူ႔ရဲ႕ iOS ဗားရွင္းသစ္မွာ build-in ထည့္သြင္းေပးလာေတာ့ ေတာ္ေတာ္အဆင္ေျပလာတယ္ေျပာရမွာပါ။

ARKit 2

မႏွစ္က iOS 11 မွာတုန္းက ARKit ကိုမိတ္ဆက္ခဲ့ျပီး ဒီတစ္ေခါက္မွာေတာ့ စြမ္းေဆာင္ရည္ပိုျမင့္လာတဲ့ ARKit 2.0 ကိုမိတ္ဆက္လိုက္ပါျပီ။ အသစ္မိတ္ဆက္လိုက္တဲ့ Lego app ကေတာ့ ဖန္တီးထားတဲ့ environment တစ္ခုထဲကုိ ဇာတ္ေကာင္ေတြထည့္သြင္းခြင့္ျပဳေပးထားျပီး တစ္ေနရာထဲမွာပဲ user ေပါင္းမ်ားစြာ ဝင္ခြင့္ျပဳေပးထားပါတယ္။ ဥပမာ- iPhone ၄လံုး user ၄ေယာက္ run ထားတဲ့ AR app ကလည္း တူတူပဲဆိုရင္ ၄ေယာက္လံုး AR scene တစ္ခုထဲကို တူတူဝင္လုိ႔ရႏုိင္မွာပါ။

Photos

iOS 12 ရဲ႕ Photo app မွာေတာ့ search suggestion ေတြေအာ္တိုျပေပးပါလိမ့္မယ္။ “For You” ဆိုတဲ့ tab ေလးတစ္ခုပါလာျပီး သူကေတာ့ ကိုယ္ရိုက္လိုက္တဲ့ပံုမွာ ထည့္ခ်င္တဲ့ filter ေတြ effects ေတြကို အၾကံျပဳေပးမွာျဖစ္ျပါတယ္။ ဒီ photo app မွာပါလာတဲ့ feature အသစ္ေတြကေတာ့ ေျပာရရင္ Google Photo နဲ႔တူေနသေယာင္ေယာင္ပါပဲ။

Siri to more apps

ios 12 features release date siri shortcut app 2

Siri ဆိုတာ ဒီေခတ္မွာေတာ္ေတာ္နာမည္ၾကီးတဲ့ assistant ျဖစ္တာေၾကာင့္ iOS 12 က developer ေတြအတြက္ စိတ္ေက်နပ္စရာျဖစ္လာပါလိမ့္မယ္။ Apple က developer ေတြအေနနဲ႔ သူတို႔ရဲ႕ third-party app ေတြအတြက္ပါ Siri ကိုသံုးႏုိင္ဖို႔ ခြင့္ျပဳလုိက္တဲ့အတြက္ပါ။ ဥပမာ tracking device တစ္ခုအတြက္ short cut အေနနဲ႔ “Hey Siri, I lost my keys” လို႔ထားထားရင္ ကိုယ္က shortcut ကိုေျပာလိုက္တာနဲ႔ Siri က app ထဲကိုဝင္ျပီး လုပ္ေဆာင္ေပးသြားႏိုင္တာမ်ိဳးပါ။ user သက္သာေအာင္ developer ေတြကိုခြင့္ျပဳေပးထားလိုက္တာျဖစ္ပါလိမ့္မယ္။

Shortcuts App

ios 12 features release date siri shortcut app

ခုနကေျပာခဲ့တဲ့ Siri request ေတြမွာ ဘယ္ request က ဘယ္အလုပ္ကိုလုပ္မယ္ဆိုတာ သတ္မွတ္ဖို႔အတြက္ပါ။ user ေတြအေနနဲ႔ Siri request နဲ႔လုပ္ေဆာင္ရမယ့္အလုပ္တြကို shortcuts app မွာသြင္းရမွာျဖစ္ပါတယ္။

Carplay

Apple က သူ႔ရဲ႕ ကားတြင္းသံုး platform ျဖစ္တဲ့ CarPlay မွာ နာမည္ၾကီးေတြျဖစ္တဲ့ Google Maps နဲ႔ Waze တို႔ကိုပါေထာက္ပံ့ေပးလာႏုိင္ေတာ့မွာပါ။

Stock App

ပထမဆံုးအေနနဲ႔ Apple က iPhone မွာပါတဲ့ Stock app ကိုဒီဇုိင္းျပင္လိုက္ပါျပီ။ တစ္နာရီျခားတစ္ခါ စေတာ့ေစ်းႏႈန္းေတြကို ေဖာျ္ပေပးမွာျဖစ္ျပီး ကိုယ့္ရဲ႕လက္ရိွရင္းႏွီးျမွဳပ္ႏွံထားတဲ့ေစ်းကြက္ ဒါမွမဟုတ္ ေစ်းကြက္လႊမ္းမိုးမႈနဲ႔ ပတ္သတ္တဲ့ Apple News က သတင္းေတြပါ ပါဝင္လာမွာျဖစ္ပါတယ္။

ios 12 features release date ibooks

Voice Memos

Voice Memo app ကေလးကိုလည္း ဒီဇုိင္းျပင္လိုက္ျပီး iOS 12 န႔ဲအတူ iPad ေတြဆီေရာက္လာေတာ့မွာပါ။ iCloud မွာ sync လုပ္လို႔ရႏုိင္တဲ့အတြက္ Device တုိင္းကေန ကိုယ့္ရဲ႕ recording ေတြကို ရႏုိင္မွာျဖစ္ပါတယ္။

iBook ကေန Apple Books အျဖစ္ေျပာင္းသြားျခင္း

Apple က သူ႔ရဲ႕ ebook app ျဖစ္တဲ့ iBooks ကို Apple Books လို႔နာမည္ေျပာင္းလိုက္ပါတယ္။ နာမည္လည္းေျပာင္း ဒီဇုိင္းကိုလည္း အသစ္ေတြေျပာင္းလိုက္ျပီး Book Store ဆိုတဲ့ tab အသစ္မွာ ထိပ္တန္းစာအုပ္ေတြ စုစည္းမႈေတြ စာအုပ္အသစ္ေတြကို အလြယ္တကူရွာေဖြႏုိင္မွာျဖစ္ပါတယ္။

 

 

[Unicode]

WWDC ပွဲအကြောင်းမှာတော့ iOS 12 ရဲ့ feature တွေကို အကျဉ်းချုံးပဲပြောထားခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ iOS 12 မှာပါဝင်လာတဲ့ feature တွေကိုအသေးစိတ်ပြန်ရှင်းရအောင်…

iOS 12 မှာတော့ feature အသစ်တွေအများကြီးပါလာတာမဟုတ်ဘဲ ရှိပြီးသား feature တွေကို ပိုပြီးစွမ်းဆောင်ရည်မြင့်အောင် bugs တွေမရှိအောင်ကြိုးစားထားတယ်လို့တော့ ပြောလို့ရပါတယ်။ ပထမဆုံး performance ပါ။

Performance

Image result for ios 12 performance

iOS ကိုမြန်သထက်ပိုပိုမြန်အောင်လုပ်တတ်တာ Apple ရဲ့ထုံးစံဆိုတဲ့အတိုင်း အခုလည်း ဟိုးအရင်က iPhone, iPad အဟောင်းတွေကိုပါ ပိုမြန်လာအောင် ထောက်ပံ့ပေးလာပါပြီ။ iOS 12 ကို iPhone 6 Plus မှာစမ်းကြည့်တဲ့အခါ app တွေကိုဖွင့်တဲ့အမြန်နှုန်းက ၄၀% ပိုမြန်လာပြီး system ကီးဘုတ်ကလည်း ၅၀% ပိုမြန်လာပါတယ်။ ကင်မရာကိုဖွင့်တဲ့ကြာချိန်ကတော့ ၇၀%လောက်တောင်မြန်လာပြီး ဘယ်ဖုန်း ဘယ် device မှာမဆို မြန်အောင် iOS 12 က ထောက်ပံ့ပေးနိုင်ပါတယ်။ ထုံးစံအတိုင်း အ၇မ်းလေးတဲ့အလုပ်တွေလုပ်ချိန်မှာ ဘက်ထရီသက်တမ်းကြာရှည်ခံဖို့ပဲဂရုစိုက်တယ်ဆိုရင်တော့ အကောင်းဆုံးဆိုတဲ့စွမ်းဆောင်ရည်မျိုးကို လက်လျှော့ထား၇မှာပါပဲ။

Screen Time

Google လိုပဲ iOS 12 ရဲ့ Screen Time feature ကလည်း ကိုယ့်ဖုန်းကိုသုံးတာ ဘယ်လောက်ကြာနေပြီလဲ ဘယ် app တွေကိုတော့ ဘယ်လောက်ထိသုံးနေမိလဲဆိုတဲ့ အသေးစိတ်တွေကိုဖော်ပြပေးမယ့် feature ပါ။ app တွေအသုံးပြုမှုကို category နဲ့ (ဥပမာ- Games, Social media စသဖြင့်) ခွဲထားမှာဖြစ်ပြီး အပတ်စဉ် ကိုယ်ဘာတွေ ဘယ်လောက်ကြာကြာသုံးလိုက်မိလဲဆိုတာကို summary ထုတ်ပြပါလိ့မ်မယ်။

Android P မှာလို app တစ်ခုချင်းစီအတွက် အချိန်ကန့်သတ်ပေးထားနိုင်ပြီး အချိန်ပြည့်သွားပြီဆိုရင် iOS ကနေ “time’s up” ဆိုတဲ့ မက်ဆေ့ချ်လေးနဲ့ အော်တိုသတိပေးလာမှာပါ။ ဒါကိုမှဆက်သုံးချင်သေးရင်တော့ အချိန်ထပ်တိုးပေးလို့ရပါတယ်။ ဒီ feature လေးကို မိဘတွေအနေနဲ့ သူတို့ကလေးတွေ အချိန်အကြာကြီး screen မကြည့်စေချင်ရင် အကြာကြီးမသုံးစေချင်တဲ့ app တွေရှိရင် ထိန်းချုပ်နိုင်ဖို့လည်း ခွင့်ပြုပေးထားပါသေးတယ်။

Grouped Notification

iOS 12 မှာတော့ notification တွေ ပွစာကြဲမနေအောင်လို့ grouped notification လုပ်ပေးလိုက်ပါပြီ။ app တစ်ခုတည်းကနေ တစ်ပြိုင်နက်တက်လာတဲ့ noti အများကြီးကို group ဖွဲ့ပြလိုက်မှာဖြစ်ပြီး နောက် feature တစ်ခုက ဘယ် app တွေကိုတော့ vibration နဲ့ noti ပို့ခွင့်ပြုမလဲဆိုတာ user တွေရွေးလို့ရနိုင်တဲ့ feature လေးပါ။ vibrate မဟုတ်တဲ့ quiet noti တွေကတော့ Notification Center မှာပေါ်လာမှာဖြစ်ပြီး lock screen မှာတော့ မပေါ်တာကြောင့် သိပ်စိတ်ရှုပ်ရမှာမဟုတ်ပါဘူး။

Memoji

iOS 12 မှာ Samsung ရဲ့ AREmoji လိုမျိုး Memoji ဆိုတာလေးလည်း ပါဝင်လာပါပြီ။ ကိုယ့်ရုပ်သွင် အသားအရောင် ဆံပင်ပုံစံ တွေရွေးနိုင်တဲ့အပြင် accessory တွေနဲ့ပါ အလှဆင်ပြီး ကိုယ့်ရုပ်ပုံနဲ့ Memoji လေးတွေလုပ်လို့ရနိုင်ပါပြီ။

Group FaceTime

iOS 12 မှာတော့ group FaceTime ပါ ပါဝင်လာပြီး အများဆုံး လူ ၃၂ယောက်ထိဆံ့ပါတယ်။ iOS နဲ့ macOS ၂ခုလုံးမှာထောက်ပံ့ပေးနိုင်ပြီး လူတွေအများကြီးပြောနေတဲ့အချိန် ပြောတဲ့သူရဲ့ window က ကြီးလာမှာဖြစ်ပြီး စကားမပြောတဲ့အချိန်မှာတော့ window လေးကို ချုံ့ပေးမှာပါ။ အပျင်းပြေရအောင် group chat ပြောနေချိန်မှာလည်း Animoji တွေ Memoji တွေသုံးလို့ရနိုင်ဦးမှာဖြစ်ပါတယ်။

AR Experience

Image result for AR Experience wwdc 2018

Apple က Pixar နဲ့လက်တွဲပီး AR application တွေအတွက် သီးသန့်ဖိုင် format တစ်ခုကို ဖန်တီးခဲ့ပါတယ်။ USDZ လို့ခေါ်ပြီး Adobe, Autodesk နဲ့ Sketchfab လိုကုမ္ပဏီကြီးတွေကလည်း app တွေဖန်တီးတဲ့အခါ ဒီဖိုင် format ကိုထောက်ပံ့ပေးလာတော့မှာပါ။

Measure App

Image result for MEASURE APP wwdc 2018

iOS 12 မှာအရာဝတ္ထုတွေကို AR နဲ့တိုင်းတာနိုင်တဲ့ “Measure” ဆိုတဲ့ app လေးပါဝင်လာပါပြိ။ နာမည်အတိုင်း အရာဝတ္ထုတွေရဲ့အရွယ်အစားတွေကို တိုင်းတာနိုင်ပြီး ကင်မရာရဲ့မြင်ကွင်း frame ကနေ အရာဝတ္ထုကိုချိန် အစအဆုံးကိုထောက်မှတ်လိုက်တာနဲ့ တိုင်းတာပေးမှာဖြစ်ပါတယ်။ အရင်ကတော့ third-party app တွေက ARKit ကိုသုံးပြီး ဒီ function ကိုလုပ်ဆောင်လို့ရခဲ့ပေမယ့် အခုတော့ Apple ကိုယ်တိုင်သူ့ရဲ့ iOS ဗားရှင်းသစ်မှာ build-in ထည့်သွင်းပေးလာတော့ တော်တော်အဆင်ပြေလာတယ်ပြောရမှာပါ။

ARKit 2

မနှစ်က iOS 11 မှာတုန်းက ARKit ကိုမိတ်ဆက်ခဲ့ပြီး ဒီတစ်ခေါက်မှာတော့ စွမ်းဆောင်ရည်ပိုမြင့်လာတဲ့ ARKit 2.0 ကိုမိတ်ဆက်လိုက်ပါပြီ။ အသစ်မိတ်ဆက်လိုက်တဲ့ Lego app ကတော့ ဖန်တီးထားတဲ့ environment တစ်ခုထဲကို ဇာတ်ကောင်တွေထည့်သွင်းခွင့်ပြုပေးထားပြီး တစ်နေရာထဲမှာပဲ user ပေါင်းများစွာ ဝင်ခွင့်ပြုပေးထားပါတယ်။ ဥပမာ- iPhone ၄လုံး user ၄ယောက် run ထားတဲ့ AR app ကလည်း တူတူပဲဆိုရင် ၄ယောက်လုံး AR scene တစ်ခုထဲကို တူတူဝင်လို့ရနိုင်မှာပါ။

Photos

iOS 12 ရဲ့ Photo app မှာတော့ search suggestion တွေအော်တိုပြပေးပါလိမ့်မယ်။ “For You” ဆိုတဲ့ tab လေးတစ်ခုပါလာပြီး သူကတော့ ကိုယ်ရိုက်လိုက်တဲ့ပုံမှာ ထည့်ချင်တဲ့ filter တွေ effects တွေကို အကြံပြုပေးမှာဖြစ်ပြါတယ်။ ဒီ photo app မှာပါလာတဲ့ feature အသစ်တွေကတော့ ပြောရရင် Google Photo နဲ့တူနေသယောင်ယောင်ပါပဲ။

Siri to more apps

ios 12 features release date siri shortcut app 2

Siri ဆိုတာ ဒီခေတ်မှာတော်တော်နာမည်ကြီးတဲ့ assistant ဖြစ်တာကြောင့် iOS 12 က developer တွေအတွက် စိတ်ကျေနပ်စရာဖြစ်လာပါလိမ့်မယ်။ Apple က developer တွေအနေနဲ့ သူတို့ရဲ့ third-party app တွေအတွက်ပါ Siri ကိုသုံးနိုင်ဖို့ ခွင့်ပြုလိုက်တဲ့အတွက်ပါ။ ဥပမာ tracking device တစ်ခုအတွက် short cut အနေနဲ့ “Hey Siri, I lost my keys” လို့ထားထားရင် ကိုယ်က shortcut ကိုပြောလိုက်တာနဲ့ Siri က app ထဲကိုဝင်ပြီး လုပ်ဆောင်ပေးသွားနိုင်တာမျိုးပါ။ user သက်သာအောင် developer တွေကိုခွင့်ပြုပေးထားလိုက်တာဖြစ်ပါလိမ့်မယ်။

Shortcuts App

ios 12 features release date siri shortcut app

ခုနကပြောခဲ့တဲ့ Siri request တွေမှာ ဘယ် request က ဘယ်အလုပ်ကိုလုပ်မယ်ဆိုတာ သတ်မှတ်ဖို့အတွက်ပါ။ user တွေအနေနဲ့ Siri request နဲ့လုပ်ဆောင်ရမယ့်အလုပ်တွကို shortcuts app မှာသွင်းရမှာဖြစ်ပါတယ်။

Carplay

Apple က သူ့ရဲ့ ကားတွင်းသုံး platform ဖြစ်တဲ့ CarPlay မှာ နာမည်ကြီးတွေဖြစ်တဲ့ Google Maps နဲ့ Waze တို့ကိုပါထောက်ပံ့ပေးလာနိုင်တော့မှာပါ။

Stock App

ပထမဆုံးအနေနဲ့ Apple က iPhone မှာပါတဲ့ Stock app ကိုဒီဇိုင်းပြင်လိုက်ပါပြီ။ တစ်နာရီခြားတစ်ခါ စတော့ဈေးနှုန်းတွေကို ဖောြ်ပပေးမှာဖြစ်ပြီး ကိုယ့်ရဲ့လက်ရှိရင်းနှီးမြှုပ်နှံထားတဲ့ဈေးကွက် ဒါမှမဟုတ် ဈေးကွက်လွှမ်းမိုးမှုနဲ့ ပတ်သတ်တဲ့ Apple News က သတင်းတွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

ios 12 features release date ibooks

Voice Memos

Voice Memo app ကလေးကိုလည်း ဒီဇိုင်းပြင်လိုက်ပြီး iOS 12 နဲ့အတူ iPad တွေဆီရောက်လာတော့မှာပါ။ iCloud မှာ sync လုပ်လို့ရနိုင်တဲ့အတွက် Device တိုင်းကနေ ကိုယ့်ရဲ့ recording တွေကို ရနိုင်မှာဖြစ်ပါတယ်။

iBook ကနေ Apple Books အဖြစ်ပြောင်းသွားခြင်း

Apple က သူ့ရဲ့ ebook app ဖြစ်တဲ့ iBooks ကို Apple Books လို့နာမည်ပြောင်းလိုက်ပါတယ်။ နာမည်လည်းပြောင်း ဒီဇိုင်းကိုလည်း အသစ်တွေပြောင်းလိုက်ပြီး Book Store ဆိုတဲ့ tab အသစ်မှာ ထိပ်တန်းစာအုပ်တွေ စုစည်းမှုတွေ စာအုပ်အသစ်တွေကို အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။

 

 

You may be interested

ႀကိဳးမဲ့ အားသြင္းစက္ပါတဲ့ Asus Zen AiO 27 Desktop
ASUS, HUBS, NEWS
0 shares0 views

ႀကိဳးမဲ့ အားသြင္းစက္ပါတဲ့ Asus Zen AiO 27 Desktop

Ko Thuya - Oct 23, 2018

Asus က Zen AiO27 Desktop Computer ကို ေၾကညာလိုက္ပါတယ္။ All-in-one Desktop ျဖစ္ၿပီး ၂၇ လက္မ 4K Touchscreen ထည့္သြင္းထားပါတယ္။ Base မွာ 7.5W Qi Wireless Charger ထည့္သြင္းထားတဲ့…

ေနေရာင္ျခည္ စြမ္းအင္သံုး ေရသန္႔စင္စက္
Gadgets, NEWS, Tech Update
0 shares0 views

ေနေရာင္ျခည္ စြမ္းအင္သံုး ေရသန္႔စင္စက္

Ko Thuya - Oct 23, 2018

ကမာၻ အ၀န္းမွာ သန္႔ရွင္းတဲ့ ေသာက္ေရသန္႔ မရရွိတဲ့ ျပႆနာမ်ား ရွိေနပါေသးတယ္။ ကမာၻ႕ ေနရာမ်ားစြာမွာ မသန္႔ရွင္းတဲ့ ေရမ်ား၊ အဆိပ္အေတာက္မ်ား ပါတဲ့ ေရမ်ားကို ေသာက္သံုုးေနၾကရသူမ်ားစြာ ရွိေနပါေသးတယ္။ ေရမ်ားကို သန္႔ရွင္းေအာင္ က်ိဳခ်က္ ေသာက္သံုးေနရသူမ်ားစြာလည္း ရွိေနပါတယ္။ အခုေတာ့ WorldWater…

Amazon က ဆန္ဖရန္စစၥကိုမွာ Cashier မလိုဘဲ ေစ်း၀ယ္လို႔ရတဲ့ Go Store ကို ဖြင့္လွစ္
NEWS, Softwares & Application, Tech Update
0 shares0 views

Amazon က ဆန္ဖရန္စစၥကိုမွာ Cashier မလိုဘဲ ေစ်း၀ယ္လို႔ရတဲ့ Go Store ကို ဖြင့္လွစ္

Ko Thuya - Oct 23, 2018

အေမဇုန္က ဆန္ဖရန္စစၥကိုမွာ Cashier-less Go Store ကို ဖြင့္လွစ္လိုက္ပါတယ္။ ခ်ီကာဂိုနဲ႔ ဆီေယတယ္ ၿပီးေနာက္ Go Store ဖြင့္တဲ့ တတိယေျမာက္ ၿမိဳ႕ ျဖစ္လာပါတယ္။ စတိုးအသစ္ရဲ႕ ဒီဇိုင္းဟာ ယခင္ Go Store မ်ားနဲ႔ တူညီပါတယ္။…

Leave a Comment

Most from this category