303 Shares 180 Views

WWDC 2018 ပွဲမှာ Apple က ဘာတွေမိတ်ဆက်ခဲ့သလဲ??

Jun 05, 2018
303 180

[Zawgyi]


iOS 12





(iOS 12 အကြောင်းအပြည့်အစုံ) <—-


WWDC 2018 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Apple ARKit 2.0

[Unicode]

နှစ်စဉ်ဇွန်လရောက်တိုင်းကျင်းပလေ့ရှိတဲ့ Apple ရဲ့ World Wide Developer Conference (WWDC) ပွဲမှာ Apple က သူ့ရဲ့ iOS, macOS, Siri, Apple TV နဲ့ WatchOS တွေနဲ့ပတ်သတ်လို့ နောက်ဆုံး latest တွေကို မိတ်ဆက်လေ့ရှိပါတယ်။ ၂၀၁၈ မှာလည်း မနေ့က ဇွန်လ ၄ရက်နေ့မှာ WWDC ပွဲကိုကျင်းပသွားတာဖြစ်ပြီး ဒီပွဲမှာ ဘာတွေ ဘယ်လိုမိတ်ဆက်သွားလဲဆိုတာ တစ်ချက်သွားကြည့်လိုက်ရအောင်။

iOS 12

Craig-Federighi-ios-12-wwdc-2018

iOS 12 ကတော့ WWDC ပွဲမှာပဲတရားဝင်ထွက်လာခဲ့ပါပြီ။ iOS နောက်ဆုံးဗားရှင်းသစ်က WWDC ရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်သလို Apple အနေနဲ့လည်း ဒီအပေါ် အချိန်တွေအများကြီး ပေးထားခဲ့ရတာလည်းဖြစ်ပါတယ်။ iOS 11 မှာတုန်းက Control Center, App Store စတာတွေကို လုံးဝဒီဇိုင်းပြောင်းလိုက်တဲ့အတွက် သုံးရပိုလွယ်ကူသွားသလို ဒီ iOS 12 မှာလည်း iOS device တွေအကုန်လုံးရဲ့စွမ်းဆောင်ရည်ကို ထိပ်ဆုံးထိမြင့်အောင် ဖန်တီးပေးထားပါတယ်။

စွမ်းဆောင်ရည်တင်မြင့်လာတာမဟုတ်ဘဲ ပိုအဆင့်မြှင့်ထားတဲ့ Do Not Disturb mode, ဖုန်းအသုံးပြုတဲ့အချိန်ကို user ကိုယ်တိုင် ကောင်းကောင်းစီမံနိုင်မယ့် Screen Time app အသစ်၊ မိဘတွေအနေနဲ့ ကလေးတွေရဲ့ device အသုံးပြုချိန်ကိုကန့်သတ် မသုံးသင့်တဲ့ app တွေကို blacklist တွေလုပ်နိုင်တဲ့ parental control စတဲ့ feature တွေပါဝင်လာပါတယ်။

Animoji တွေအပြင် Samsung ရဲ့ AR Emoji တွေလိုမျိုး user ရဲ့မျက်နှာနဲ့ Emoji လုပ်နိုင်မယ့် Memoji, ဖုန်းရဲ့ app တစ်ချို့ထဲထိဝင်ပြီး user ခိုင်းတာတွေလုပ် အချက်အလက်တွေပြန်ပေးပို့နိုင်လောက်အောင် အသုံးဝင်အဆင့်မြင့်လာတဲ့ “Shortcuts” feature, အများဆုံး လူ ၃၂ယောက်ထိ chat လို့ရလာတဲ့ FaceTime group call အပြင် နောက်ထပ် နောက်ထပ် feature သစ်တွေ ဒီဇိုင်းပြန်ပြင်ထားတဲ့ App တွေလည်း ပါဝင်လာပါတယ်။ (iOS 12 ရဲ့ feature အစုံကို အသေးစိတ်ဖတ်ရန်)

ARKit 2.0 အကြောင်းဖတ်ရှုရန်—>

WWDC 2018 ပြဲမွာ မိတ္ဆက္ခဲ့တဲ့ Apple ARKit 2.0

 

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category