218 Shares 94 Views

ကမာၻ႔ ပထမဆုံး Screen Pad ပါဝင္တဲ့ လက္ပ္ေတာ့ကို Asus မိတ္ဆက္

Jun 05, 2018
218 94

Asus က Screen Pad ပါဝင္တဲ့ လက္ပ္ေတာ့ တစ္လံုးကို Computex 2018 နည္းပညာျပပြဲမွာ ေၾကညာလိုက္ပါတယ္။ Screen Pad ကို Touch Pad ေနရာမွာ အစားထိုး ထည့္သြင္းထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Asus ZenBook Pro UX580 ျဖစ္ၿပီး မ်က္နွာျပင္ အရြယ္အစားမွာ ၁၅ လက္မ ျဖစ္ပါတယ္။ 4K Resolution ျဖစ္ပါတယ္။ Screen Pad ရဲ႕ မ်က္ႏွာျပင္ဟာ ၅.၅ လက္မ ျဖစ္ပါတယ္။ စမတ္ဖုန္းတစ္လံုးရဲ႕ မ်က္နွာျပင္အရြယ္အစားေလာက္ ျဖစ္ပါတယ္။ သူ႔ကို Screen Pad လို႔ အမည္ေပးထားၿပီး Asus က ကမာၻ႕ ပထမဆံုး စမတ္က်တဲ့ Touchpad လို႔ ေျပာပါတယ္။ သူ႔ရဲ႕ အရည္အေသြးမွာ Full HD ျဖစ္ပါတယ္။

မ်က္ႏွာျပင္ႀကီးမွာ ျမင္ရတာကို မ်က္နွာျပင္ငယ္မွာလည္း ျမင္ရပါတယ္။ မ်က္ႏွာျပင္ငယ္ကို Touch Pad လိုလည္း သံုးႏုိင္ပါတယ္။ ၀င္းဒိုးမ်ားကို ေနရာေျပာင္းျခင္းကိုလည္း မ်က္ႏွာျပင္ငယ္ကေန ျပဳလုပ္ႏုိင္ပါတယ္။ ကာဆာကို ေရႊ႕ျခင္း၊ Webpage မ်ားကို Scroll လုပ္ျခင္းမ်ားကိုလည္း အဲဒီကေန ျပဳလုပ္နုိင္ပါတယ္။ မ်က္ႏွာျပင္ငယ္မွာ သာမာန္ Touchpad ရဲ႕ အလုပ္အားလံုးနီးပါးကို ျပဳလုပ္နုိင္ပါတယ္။

Asus က ScreenPad မွာ Office ကို သံုးႏိုင္ေအာင္ Microsoft နဲ႔ ပူးေပါင္း ဖန္တီးထားပါတယ္။ အဲဒီကေန Word, Excel , PowerPoint Shortcuts မ်ားကို အသံုးျပဳႏုိင္ပါတယ္။ သူ႔ကို App Launcher, Calculator , Calendar, Numeric Keypad လိုလည္း သံုးႏုိင္ပါတယ္။

လက္ပ္ေတာ့မွာ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ား ထည့္သြင္းထားပါတယ္။ သူ႔မွာ Intel Core i9 Processor , Nvidia GTX 1050 Ti Graphics မ်ား ပါပါတယ္။ 16GB RAM နဲ႔ 1TB SSD အထိ ေရြးခ်ယ္၀ယ္ယူႏိုင္ပါတယ္။ ဇူလိုင္လလယ္မွာ ေရာင္းခ်မွာ ျဖစ္ၿပီး တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းမွာ ၂၂၉၉ ေဒၚလာ ျဖစ္ပါတယ္။

Ref : techradar, theverge

unicode

ကမ္ဘာ့ ပထမဆုံး ScreenPad ပါဝင်တဲ့ လက်ပ်တော့ကို Asus မိတ်ဆက်

Asus က Screen Pad ပါဝင်တဲ့ လက်ပ်တော့ တစ်လုံးကို Computex 2018 နည်းပညာပြပွဲမှာ ကြေညာလိုက်ပါတယ်။ Screen Pad ကို Touch Pad နေရာမှာ အစားထိုး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အမည်မှာ Asus ZenBook Pro UX580 ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားမှာ ၁၅ လက်မ ဖြစ်ပါတယ်။ 4K Resolution ဖြစ်ပါတယ်။ Screen Pad ရဲ့ မျက်နှာပြင်ဟာ ၅.၅ လက်မ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်အရွယ်အစားလောက် ဖြစ်ပါတယ်။ သူ့ကို Screen Pad လို့ အမည်ပေးထားပြီး Asus က ကမ္ဘာ့ ပထမဆုံး စမတ်ကျတဲ့ Touchpad လို့ ပြောပါတယ်။ သူ့ရဲ့ အရည်အသွေးမှာ Full HD ဖြစ်ပါတယ်။

မျက်နှာပြင်ကြီးမှာ မြင်ရတာကို မျက်နှာပြင်ငယ်မှာလည်း မြင်ရပါတယ်။ မျက်နှာပြင်ငယ်ကို Touch Pad လိုလည်း သုံးနိုင်ပါတယ်။ ဝင်းဒိုးများကို နေရာပြောင်းခြင်းကိုလည်း မျက်နှာပြင်ငယ်ကနေ ပြုလုပ်နိုင်ပါတယ်။ ကာဆာကို ရွှေ့ခြင်း၊ Webpage များကို Scroll လုပ်ခြင်းများကိုလည်း အဲဒီကနေ ပြုလုပ်နိုင်ပါတယ်။ မျက်နှာပြင်ငယ်မှာ သာမာန် Touchpad ရဲ့ အလုပ်အားလုံးနီးပါးကို ပြုလုပ်နိုင်ပါတယ်။

Asus က ScreenPad မှာ Office ကို သုံးနိုင်အောင် Microsoft နဲ့ ပူးပေါင်း ဖန်တီးထားပါတယ်။ အဲဒီကနေ Word, Excel , PowerPoint Shortcuts များကို အသုံးပြုနိုင်ပါတယ်။ သူ့ကို App Launcher, Calculator , Calendar, Numeric Keypad လိုလည်း သုံးနိုင်ပါတယ်။

လက်ပ်တော့မှာ နောက်ဆုံးထုတ် စွမ်းရည်မြင့် အစိတ်အပိုင်းများ ထည့်သွင်းထားပါတယ်။ သူ့မှာ Intel Core i9 Processor , Nvidia GTX 1050 Ti Graphics များ ပါပါတယ်။ 16GB RAM နဲ့ 1TB SSD အထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဇူလိုင်လလယ်မှာ ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းမှာ ၂၂၉၉ ဒေါ်လာ ဖြစ်ပါတယ်။

Ref : techradar, theverge

You may be interested

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ
Mobiles & Tablets, NEWS, Softwares & Application
0 shares0 views

OnePlus 5 နဲ႕ 5T အတြက္ Android 9 Pie Open Beta စတင္ ရရွိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ႕ 5T ကိုင္ေနသူေတြအတြက္ သတင္းေကာင္းပါ။ ဒီဖုန္းႏွစ္လုံးအတြက္ Android 9 Pie Oxygen OS Open Beta ေတြကို ထုတ္ေပးလိုက္ျပီျဖစ္ေၾကာင္း OnePlus ဖိုရမ္မွာ ကုမၸဏီအဖြဲ႕ဝင္တေယာက္က တင္ထားပါတယ္။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
71 shares12 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ျပင္သစ္ အေရာင္းဆိုင္ Boulanger က စာရင္းတင္လိုက္ပါတယ္။ ဟြာေ၀းကေတာ့ တရား၀င္ ေၾကညာျခင္း မရွိေသးပါဘူး။ အခုေတာ့ ၀က္ဘ္စာမ်က္ႏွာကို ဖယ္ရွားလိုက္ေပမယ့္ သူ႔ရဲ႕ Specs မ်ားကို သိလိုက္ရပါတယ္။ သူ႔မွာ ၆.၂…

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ
Google, HUBS, NEWS
0 shares4 views

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာမႈေၾကာင့္ ကုမၸဏီရဲ႕ စီအီးအိုကို လႊတ္ေတာ္က ဆင့္ေခၚ

Ko Thuya - Dec 12, 2018

Google မွာ Idiot လို႔ ရိုက္ရွာလိုက္ရင္ Donald Trump ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ လႊတ္ေတာ္က ဂူဂယ္လ္ရဲ႕ စီအီးအို ျဖစ္သူ Pichai ကို ဆင့္ေခၚ ေမးျမန္းလိုက္ပါတယ္။ Search Engine ရဲ႕…

Leave a Comment

Most from this category