318 Shares 116 Views


Jun 05, 2018
318 116





Ref : gsmarena

unicode

Nokia 8810 4G ကို ရောင်းပြီ

ဖေဖော်ဝါရီလမှာ မိတ်ဆက်ခဲ့တဲ့ Nokia 8810 4G ကို အခုတော့ ရောင်းချပေးလိုက်ပါတယ်။ အဲဒီ ဖုန်းကို အစောဆုံး ရရှိမယ့် နိုင်ငံကတော့ စင်ကာပူ ဖြစ်ပါတယ်။ စင်ကာပူမှာ Lazada အရောင်းဆိုင်က စင်ကာပူ ဒေါ်လာ ၉၈ ( အမေရိကန် ဒေါ်လာ ၇၃) ဖြင့် ရောင်းချပေးနေပါတယ်။

အဝါနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ ဥရောပမှာ သူ့ကို ကြိုတင်မှာယူနိုင်ပါပြီ။ Amazon UK က စတာလင်ပေါင် ၇၈.၅၆ ဖြင့် ရောင်းချပေးနေပါတယ်။ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီတို့မှာ ယူရို ၈၉.၇၅ ၊ ၉၁.၂၄ ၊ ၉၀.၅၀ ၊ ၈၈.၉၉ ဖြင့် အသီးသီး ရောင်းချပေးထားပါတယ်။ ဇူလိုင်လ ၄ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

သူဟာ အကွေး ဒီဇိုင်းဖြစ်ပြီး ငှက်ပျောသီးနဲ့ ဆင်တူပါတယ်။ သူ့မှာ KaiOS ကို ထည့်သွင်းထားပါတယ်။ Google Search , Maps , Assistant များ ထည့်သွင်းထားပါတယ်။ သင့် Contacts နဲ့ ကလင်ဒါကိုလည်း Sync လုပ်နိုင်ပါတယ်။ Facebook, Twitter တို့လို လူမှုကွန်ရက်များကိုလည်း သုံးနိုင်ပါတယ်။ Selfie Camera တော့ မပါပါဘူး။ အနောက်ဘက်မှာ 2MP Camera ထည့်သွင်းထားပါတယ်။

Snapdragon 205 Chipset ထည့်သွင်းထားပါတယ်။ ၂.၄ လက်မ မျက်နှာပြင် ပါပါတယ်။ မြွေဂိမ်းကိုလည်း ကစားနိုင်ပါတယ်။ 4G ကွန်ယက်ကို အသုံးပြုနိုင်ပြီး VoLTE , WiFi များကိုလည်း အသုံးပြုနိုင်ပါတယ်။ ဘက်ထရီကတော့ 1500mAh ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category